အောက်ပိုင်းသေနေပေမယ့် သီချင်းသံကြားရင် ကလိုက်ရမှကျေနပ်တဲ့ ကျော်ကျော်ဗိုရဲ့ အခွီဗီဒီယို

ဇာတ်မင်းသားကြီး ရွှေမန်းတင်မောင်ရဲ့မြေး၊ ဦးဝင်းဗိုလ်ရဲ့ သားဖြစ်သူ သရုပ်ဆောင် ကျော်ကျော်ဗိုက ဇာတ်သဘင်လောကထက် သရုပ်ဆောင်လောကမှာ ပိုပြီးအောင်မြင်သူ ဖြစ်ပါတယ်။ ဇာတ်ရုပ်မျိုးစုံကို သရုပ်ဆောင်တတ်ပြီး အထူးသဖြင့် ဟာသဇာတ်ရုပ်တွေ ပိုမိုကျွမ်းကျင်တဲ့ ကျော်ကျော်ဗီုလ်ကို ပရိသတ်တွေက ကြိုက်နှစ်သက်အားပေးကြတာ ဖြစ်ပါတယ်။ ကျော်ကျော်ဗိုလ်က သူ့ရဲ့ ပြောင်မြောက်လှတဲ့ အနုပညာစွမ်းရည်ကြောင့် “မုန်းစွဲ”ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကယ်ဒမီဆုကြီးကို ရရှိပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။

ကျော်ကျော်ဗိုရဲ့ ရုပ်ရှင်ဇာတ်ကားသစ်ကြီးကို မျှော်နေကြတဲ့ ပရိသတ်တွေအတွက် သူ့ရဲ့ ဟာသရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ “ဘာလာလာ” ရုပ်ရှင်ဇာတ်ကားကြီးကို မကြာခင်မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။


“ဘာလာလာ” ရုပ်ရှင်ဇာတ်ကားကြီးမှာ မြင့်မြတ်၊ သက်မွန်မြင့်၊ ရဲလေး၊ ကျော်ကျော်ဗိုတို့က ပါဝင်သရုပ်ဆောင်ထားပြီး ပရိသတ်တွေကို ဘဝအမောတွေ ပြေပျောက်စေမယ့် ရုပ်ရှင်ဇာတ်ကားကြီးပဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ပရိသတ်တွေအတွက် “ဘာလာလာ” ရုပ်ရှင်ဇာတ်ကားကြီးမှ ကျော်ကျော်ဗိုရဲ့ ဇာတ်ဝင်ခန်းတစ်ခန်းကို မျှဝေပေးလိုက်ပါတယ်နော်။

အောက်ပိုင်းသေနေပင်မယ့် သီချင်းသံကြားရင်” ထ”ကလိုက်ရမှ 😁

“ဘာလာလာ” ရုပ်ရှင်ဇာတ်ကားကြီးကတော့ ကျော်ကျော်ဗိုရဲ့ ဇာတ်ဝင်ခန်းနဲ့တင် တော်တော်ရယ်ရတတယ်နော်။ “ဘာလာလာ” ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် စက်တင်ဘာလ (၁၉) ရက်နေ့ကစပြီး ရုံတင်ပြသမှာမို့ အားပေးကြဖို့ မမေ့ကြပါနဲ့နော်။

Credit-Momolay

Myanmar News