ဝင်းနှင့်ဇော်အမှုအပေါ် မခံချင်စိတ်နဲ့ ဒေါသထွက်မိတဲ့ ကောင်းပြည့်

လိပ်ကျွန်းလူသတ်မှုနဲ့ ပတ်သက်ပြီး သေဒဏ်အမိန့်ကျခံထားရတဲ့ ၀င်းနဲ့ဇော်အတွက် မြန်မာလူမျိုးတစ်ယောက်အနေနဲ့ မခံချင်စိတ်တွေ ဖြစ်ပြီး ဒေါသထွက်မိတယ်လို့ သရုပ်ဆောင် ကောင်းပြည့်က အကုန်သိသတင်းဌာနကို ပြောပါတယ်။

Related image

လိပ်ကျွန်းအမှုမှာ တာဝန်ရှိသူတွေဘက်က တစ်ဖက်သတ် ဆုံးဖြတ်ချက်ချလိုက်တာဆိုရင်တော့ လုံးဝ မကျေနပ်ဘဲ ၀င်းနဲ့ဇော်တို့နှစ်ယောက်ကို ကူညီကယ်တင်ပေးလိုစိတ်တွေလည်း ဖြစ်နေတယ်လို့ ကောင်းပြည့်က အခုလို ပြောပြခဲ့တာပါ။

“ ၀င်းနဲ့ဇော်အတွက် မြန်မာပြည်သူတစ်ယောက်အနေနဲ့ ဘယ်လိုခံစားရလဲဆိုရင်တော့ မခံချင်စိတ်လည်း ဖြစ်တယ်၊ ဒေါသလည်း ဖြစ်တယ်။ တကယ်အမှန်က မတရားစွပ်စွဲခံ လိုက်ရတယ်ဆိုရင် ပြောတာပေါ့နော် ။ သူတို့စစ်တာကတော့ သူတို့မှန်တယ် ပြောတယ်။ တရားခံတွေအနေနဲ့ကလည်း သူတို့ မသတ်ဘူးလည်း ပြောတယ်။ ဘယ်သူ မှန်မမှန်တော့ ကိုယ် တွေလည်း မသိရဘူး ။ အဲဒီအတွက် ဒါတွေက တမင်သက်သက်ကြီး သူတို့ဘက်ကနေပြီးတော့ သေ ဒဏ်ပေးလိုက်တယ်ဆိုတဲ့ တစ်ဖက်သတ်ကြီးဆိုရင်တော့ လုံးဝမကျေနပ်ဘူးပေါ့။ ကိုယ်တွေက ဘာမှ မလုပ်ပေးနိုင်တဲ့ နေရာတစ်နေရာမှာ ဖြစ်နေလို့ပေါ့။ တကယ်လို့သာ လုပ်ပေးနိုင်တဲ့နေရာမှာ ရှိရင်တော့ သူတို့နှစ်ယောက်ကို ရအောင် ကူညီမယ် ၊ ကယ်မယ် အဲဒီလိုမျိုး စိတ်က ဖြစ်တာပေါ့” လို့ ပြောပါတယ်။

ဒီအမှုမှာ လူသားအချင်းချင်း စာနာစိတ်ထားပြီး အမှန်အတိုင်းပဲ ဖြစ်စေချင်ကြောင်းကိုလည်း ကောင်းပြည့်က ဆက်လက်ပြောပြခဲ့ပါသေးတယ်။

“လူအားလုံးကတော့ အဲဒီလိုမျိုး အပြစ်မရှိတဲ့သူတွေကို အမှန်တိုင်း ဖြစ်စေချင်တယ်။ ခံရသူအနေနဲ့ဆိုရင်တော့ ပိုပြီး အခြေအနေဆိုးတာပေါ့။ သူများပစ္စည်းကို ခိုးသွားတာပဲဖြစ်ဖြစ် မိသားစုထဲက တစ်ယောက်ယောက်ကို သတ်သွားတာပဲဖြစ်ဖြစ် အဲဒီလို ဖြစ်တာတောင် ဘာမှ မပေါ်လာဘူးဆိုတော့ ခံရတဲ့သူဘက်က ဘယ်လောက်တောင် ရင်နာရမလဲ။ ဒါတောင်မှ ပစ္စည်းခိုးတာပေါ့။ လူသတ်မှုဆို ပိုဆိုးပြီလေ။ အဲဒါကြောင့် အပြစ်ပေးမယ့်သူပဲဖြစ်ဖြစ် ခံရမယ့်သူပဲဖြစ်ဖြစ် အမှန်အတိုင်း ဖြစ်စေချင်တယ်။ ကျွန်တော်တို့အနေနဲ့က ဘာလုပ်စေချင်တယ် ဘာဖြစ်စေချင်တယ်ဆိုတာမျိုးတော့ သွားပြီး ပြောပြလို့လည်း မရသလို အမိန့်ပေးလို့လည်း မရဘူး။ လူသားအချင်းချင်း စာနာစိတ်လေးထားပြီး အမှန်တရားအတိုင်းပဲ သွားစေချင်သလို ပြစ်ဒဏ်ချမှတ်ခွင့် နေရာမှာ ရှိနေကြသူတွေအနေနဲ့လည်း အမှန်တရားတစ်ခုကို မျက်ကွယ်မပြုဘဲ တရားသဖြင့် လုပ်ကိုင်စီမံစေချင်တယ်”လို့ ပြောပါတယ်။

လက်ရှိမှာတော့ သရုပ်ဆောင်ကောင်းပြည့်က ချစ်သူ သန္တာဗိုလ်နဲ့အတူ အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်လျက်ရှိပြီး ကြော်ငြာရိုက်ကူးမှုတွေလည်း ရှိနေပါတယ်။

Credit-အကုန်သိ

Myanmar News