အောင်ဘာလေ သိန်းဆု အကြီးကြီးနဲ့ တစ်လုံး ကပ်လွဲသွားတဲ့ နေထူးနိုင်

နေထူးနိုင်ကတော့ မြန်မာနိုင်ငံရုပ်ရှင်နဲ့ ဗီဒီယိုလောကရဲ့ အက်ရှင်မင်းသားတစ်ယောက်လို့ဆိုရလောက်အောင် အက်ရှင်ဇာတ်လမ်းတွေကိုပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်နိုင်ခဲ့တာကြောင့် နာမည်ကြီးပြီးလူကြိုက်များခဲ့တဲ့ မင်းသားတစ်လက်ပဲဖြစ်ပါတယ်။”ကွီးနေထူးနိုင်”လို့ပရိသတ်တွေကချစ်စနိုးနဲ့ ခေါ်ဆိုကြပြီး နေထူးနိုင်ကိုယ်တိုင်ကလည်း ပရိသတ်တွေရဲ့ ခေါ်ဆိုမှုကို သဘောကျနှစ်သက်တာပဲဖြစ်ပါတယ်။

နေထူးနိုင်ကတော့ နှစ်တော်တော်ကြာကြာ ရုပ်ရှင်ရိုက်ကူးမှုတွေကို ရပ်နားခဲ့ပြီး နောက်ပိုင်းမှာတော့ သူ့ရဲ့ ပရိသတ်တွေအတွက် ဇာတ်ကားတွေကို ပြန်လည်ရိုက်ကူးနေပြီဖြစ်တာကြောင့် နေထူးနိုင်ရဲ့ဇာတ်ကားတွေကို စောင့်မျှော်နေတဲ့ ပရိသတ်တွေအတွက်ပျော်စရာသီတင်းလေးတစ်ခုဖြစ်ခဲ့ပါတယ်။ပရိသတ်တွေရဲ့ အချစ်တော်ဖြစ်တဲ့ နေထူးနိုင်ကတော့ ဘာသာတရားကို ကိုင်းရှိုင်းပြီး အလှူအတန်းတွေလည်း ရက်ရောတဲ့ သူတစ်ယောက်လည်းဖြစ်ပါတယ်။

လတ်တလောမှာတော့ နေထူးနိုင်ဟာ အောင်ဘာလေသိန်းဆုထီကြီးထဲက သိန်း (၂၀၀၀)တန်ဆုကြီးနဲ့ ကပ်သီးလေးလွဲသွားခဲ့တဲ့အကြောင်းကို “(၇)ကြိမ်မြောက်သိန်း(၂၀၀၀)ဆုကြီးမှာအက္ခရာလဲတူတယ်ရှေ့ဂဏန်း(၅)လုံးတူတယ်ဆိုရင်ဘယ်လောက်ရမလဲဟင်မသိလို့ပြောပေးကြပါလား”လို့ အရွှမ်းဖောက်ပြီး စနောက်မေးမြန်းထားတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးရေ သိန်း(၂၀၀၀)ဆုကြီးနဲ့ ကပ်လွဲခဲ့တဲ့ နေထူးနိုင်အတွက် အားပေးစကားလေးတွေပြောခဲ့ပါဦး။

Myanmar News