ဗစ်တိုးရီးယား အမှု ကိုစစ်ဆေးနေတဲ့ ခရိုင်တရားသူကြီး ဦးညိုဌေး ကွယ်လွန်

နေပြည်တော် သပြေကုန်းက Wisdom Hill မူကြိုကျောင်းမှာ တက်ရောက်ခဲ့တဲ့ အသက် ၃ နှစ်မပြည့်သေး တဲ့ မိန်းကလေးငယ် အဓမ္မပြုကျင့်ခံရတဲ့ ဗစ်တိုးရီးယားအမှုကို စစ်ဆေးနေတဲ့ ဒုတိယ ခရိုင်တရားသူကြီး ဦးညိုဌေး ကွယ်လွယ် သွားကြောင်း နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးက ဘီဘီစီကို အတည်ပြုပါတယ်။

သူဟာ ကျန်းမာရေးကြောင့် မန္တလေးမှာ ဆေးရုံတက်နေခဲ့ရပြီး ဗစ်တိုးရီးယား အမှုကို ၄ ကြိမ်မြောက် ရုံးချိန်းအထိ တက်ရောက် စစ်ဆေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၅ ကြိမ်မြောက် ဗစ်တိုးရီးယား အမှု တရားရုံးချိန်းမှာတော့ တရားသူကြီး ဒေါ်သီတာနွယ်က ဦးညိုဌေး နေရာမှာ လွှဲပြောင်း ကြားနာခဲ့ပါတယ်။အခု ကွယ်လွန်သွားတဲ့ ဦးညိုဌေးဟာ ဗစ်တိုးရီးယားအမှုကို စီရင်ရာမှာ ဥပဒေ နဲ့ အညီ ပြည်သူအများ လိုလားတဲ့ မှန်ကန်တိကျ တဲ့ တရားရုံး ဆုံးဖြတ်ချက် ဖြစ်စေမယ်လို့ အာမခံ ပြောကြားခဲ့ဖူးသူ ဖြစ်ပါတယ်။

Credit-ဘီဘီစီ

Myanmar News