သူမတက်နေတဲ့ New York ကကျောင်းမှာ “မီ” ရုပ်ရှင်ပြမှာမို့ မြန်မာဝတ်စုံနဲ့ ဂုဏ်ယူစွာတက်ရောက်ခဲ့တဲ့ ပိုင်​ဖြိုးသု

အနုပညာကို အချိန်ယူပြီး ကြိုးစားခဲ့လို့ အောင်မြင်မှုအတိုင်းအတာတစ်ခုအထိ အောင်မြင်မှုတွေ ရရှိနေပြီဖြစ်တဲ့ မင်းသမီးချောလေး ပိုင်ဖြိုးသုကတော့ လက်ရှိမှာ အမေရိကန်မှာရှိတဲ့ “New York Film Academy” မှာ တက်ရောက်ပညာသင်ယူနေတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ပိုင်ဖြိုးသုက သူမတက်နေတဲ့ New York ကကျောင်းမှာ “မီ” ရုပ်ရှင်ပြမှာမို့ မြန်မာဝတ်စုံနဲ့ ဂုဏ်ယူစွာတက်ရောက်ခဲ့တဲ့အကြောင်း လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ ဘယ်နေရာရောက်ရောက် မြန်မာတစ်ဦးအနေနဲ့ အမြဲဂုဏ်ယူရစေတဲ့ သုသုလေးကတော့ တကယ့်ကို အရည်အချင်းပြည့်ဝတဲ့ အမျိုးသမီးတစ်ဦးပါပဲနော်။

ချစ်ပရိသတ်တွေအတွက် သူမကိုယ်တိုင်လည်း တက်ရောက်နေတဲ့ New York က ကျောင်းမှာ သူမရဲ့ရုပ်ရှင်ဖြစ်တဲ့ “မီ” ပြသမှာမို့ မြန်မာဆန်ဆန် ဝတ်စုံလေးနဲ့ တက်ရောက်ခဲ့တဲ့ ပိုင်ဖြိုးသုရဲ့အလှပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ပိုင်ဖြိုးသုကတော့ “သုသုရဲ့ကျောင်း(NYFA)မှာ ‘မီ’ရုပ်ရှင်ပြဖြစ်မယ်ဆိုတော့ မြန်မာအချိတ်လေးဝတ်ချင်တယ်လို့ ပူဆာတာနဲ့သုသုအတွက်ဝတ်စုံလေးရအောင်အြမြန်စီစဉ်ပေးတဲ့အတွက်ကျေးဇူးပါအန်တီပေါက် 🥰😘❤️ဘာပဲလိုလို အမြဲလှစေချင်တဲ့စေတနာနဲ့ဝိုင်းကူပေးတဲ့ Khay ကိုလည်းကျေးဇူးပါလို့ ❤️မနေ့ကပွဲအတွက်အလွမ်းဆုံးကတော့ မမေဦးနဲ့တကွ May Oo Magic Teamတစ်ခုလုံးပဲ 😁သူတို့မရှိတော့ Make up ဆံပင် ကိုယ့်ဖာသာကိုယ်လုပ်တတ်သလိုတွေလျှောက်လုပ်ထားတာ 😂လူမလှပေမယ့် အန်တီပေါက်ချုပ်‌ပေးထားတာ‌လေးကလှ‌နေတာ‌ရောအပင်ပန်းခံပြီး ဓါတ်လိုက်ဖမ်းပေးတဲ့ ကိုKevin ရဲ့ရိုက်ချက်လေးတွေနှမြောတာရောကြောင့် ပုံလေးတွေတင်မယ်နော် ❤️” ဆိုပြီး ဂုဏ်ယူလွန်းစွာ ဝေမျှပေးထားတာပါ။


ဘယ်နေရာက်ရောက် ဂုဏ်ယူရသောပါပဲ သုသုလေးရယ်…။

အနုပညာကို ချစ်မြတ်နိုးတာချင်းတူတဲ့ ပိုင်ဖြိုးသုတို့ဇနီးမောင်နှံကတော့ ဝါသနာပါရာအလုပ်တွေကို အကောင်းဆုံးကြိုးစားပြီး ပျော်ရွှင်စရာကောင်းတဲ့ အချစ်ခရီးလမ်းကို အတူ လျှောက်လှမ်းနေကြတာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေလည်း အရမ်းထူးချွန်တဲ့ မင်းသမီးလေး သုသုကို ဂုဏ်ပြုစကားလေးတွေ ဆိုသွားခဲ့ကြပါဦးနော်။

Credit-Momolay

Myanmar News