ခင်ပွန်းကြိုက်တယ်ဆိုတဲ့ စံပယ်ပန်းတွေ အခန်းအပြည့်ကြဲပြီး မွေးနေ့ Surprise လုပ်ပေးခဲ့တဲ့ ခရစ္စတီးနားခီ

အချစ်တတ်ဆုံး စုံတွဲလို့တောင် ပရိသတ်တွေက တင်စားခေါ်ဝေါ်ကြရတဲ့ ဇဏ်ခီနဲ့ ခရစ္စတီးနားခီတို့ ဇနီးမောင်နှံကတော့ စိတ်တူကိုယ်တူ၊ ဝါသနာတူပြီး ချစ်ရတဲ့ အနုပညာအလုပ်တွေကို နှစ်ကိုယ်တူ အကောင်းဆုံး ပုံဖော်ပြီး လုပ်ကိုင်နေကြတာပါ။ လတ်တလောမှာတော့ ခရစ္စတီးနားခီက ချစ်ရတဲ့ ခင်ပွန်းရဲ့မွေးနေ့မှာ Romantic ဆန်ဆန် မွေးနေ့ Surprise လုပ်ပေးခဲ့တဲ့အကြောင်း လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ ချစ်ခင်ပွန်းအရမ်းကြိုက်တယ်ဆိုတဲ့ စံပယ်ပန်းတွေ အပြည့်ကြဲပြီး Surprise လုပ်ပေးခဲ့တဲ့ ခရစ္စတီးနားခီကတော့ တကယ့်ကို ချစ်တတ်လွန်းတဲ့ စံပြဇနီးကောင်းပါပဲနော်။

ချစ်ပရိသတ်တွေအတွက် ရုပ်ရှင်တွေထဲကလို အဆင်ပြေချောမွေ့တဲ့ surprise မဟုတ်ပေမယ့် ခင်ပွန်းကို ချစ်စရာအကောင်းဆုံး မွေးနေ့ Surprise လေးလုပ်ပေးခဲ့တဲ့ ခရစ္စတီးနားခီရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

ခရစ္စတီးနားခီကတော့ “Happy Birthday my love & my idol!! You are the best thing ever happened in my life. 😘😘😘 ဒါကြောင့်အများကြီးဆက်ချစ်ပေးပါ… 😍😍 သူကြိုက်တဲ့ စံပါယ်ပန်းတွေဝေနေအောင်စီစဉ်ပေးတာကျေးဇူးပါ Ja Seng Nan Wai Yan Oo ရုပ်ရှင်တွေထဲကလို အပြင်မှာမချောမွေ့ပါ…အပင်ပန်းခံပြီး စီစဉ်ပေးတာကျေးဇူးပါ ကော့ကော့နဲ့ဝေယံ…” ဆိုပြီး ချစ်ခင်ပွန်းအတွက် ပြင်ဆင်ပေးဖြစ်ခဲ့တဲ့ Surprise လေးအကြောင်း ဝေမျှပေးထားတာပါ။

အရမ်းကို ချစ်စရာကောင်းတဲ့ သားလေးတစ်ဦးကို ပိုင်ဆိုင်ထားတဲ့ ဇဏ်ခီနဲ့ ခရစ္စတီးနားခီတို့ ဇနီးမောင်နှံကတော့ ချစ်သက်တမ်း ဆယ်စုနှစ်တစ်ခုကျော်ကြာတာတောင် လန်းဆန်းလတ်ဆတ်နေဆဲ နှလုံးသားတွေကို ပိုင်ဆိုင်ထားဆဲပါပဲနော်။ သူတို့ဇနီးမောင်နှံနှစ်ဦး အတူပေါင်းပြီး ပုံဖော်ထားတဲ့ “ထာဝရနှောင်ကြိုး” ဆိုတဲ့ တတိယမြောက် ရုပ်ရှင်ဇာတ်ကားကြီးကလည်း မကြာခင်မှာ ရုံတင်ပြသတော့မှာပါ။ ချစ်ပရိသတ်တွေလည်း အချိန်တွေ ဘယ်လောက်ကြာကြာ မပြောင်းလဲတဲ့ အချစ်တွေနဲ့ ရှေ့ဆက်နေကြတဲ့ ဇဏ်ခီနဲ့ ခရစ္စတီးနားခီတို့ ဇနီးမောင်နှံနှစ်ဦးကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Credit-မိုမိုလေး

Myanmar News