အသဲကွဲပြီးနောက် မိခင်ဖြစ်သူရဲ့နောက်ဆုံးအချိန်လေးမှာ ပြောခဲ့တဲ့စကားကြောင့် ပြောင်းလဲသွားတဲ့ ခြူးလေး

ပရိသတ်အချစ်တော် ခြူးလေးက MRTV-4 ရုပ်သံဇာတ်လမ်းတွဲမှာ ပရိသတ်အားပေးမှုကို တခဲနက်ဆိုသလို ပိုင်ဆိုင်ရရှိထားတဲ့ သူတစ်ယောက်ပါ။ ချစ်စရာကောင်းတဲ့ Tik Tok လေးတွေကို ကစားတဲ့ နေရာမှာ ထူးချွန်ထက်မြတ်ပြီး ပီပြင်လွန်းတဲ့ သူတစ်ယောက်လို့လည်း ဆိုနိုင်ပါတယ်။ယခုနောက်ပိုင်းမှာလည်း ၀ါသနာအရသီချင်းတွေကို သီဆိုနေတာဖြစ်ပြီးတော့ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ကိုင်တာဆိုလည်း မမှားပါဘူး။

ခြူးလေးဟာ တစ်ချိန်ကချစ်သူရဲ့ လမ်းခွဲတာကို ခံခဲ့ရတဲ့ သူတစ်ယောက်ပါ။ ယခုလိုအသဲကွဲပြီးနောက်ပိုင်းမှာ ခြူးလေးအတွက် ဘ၀မှာသင်ခန်းစာကြီးကြီးမားမားရလိုက်တာဖြစ်ပြီးတော့ အရှူံးမပေး သူမကိုယ်သူမ ပြောင်းလဲလိုက်တာဖြစ်ပါတယ်။ ခုဆိုရင် ခြူးလေးက အရင်နဲ့ မတူတော့ဘဲ (၂)ဆပြောင်းလဲသွားတာဖြစ်ပြီး အသဲကွဲပြီးပိုလှလာတဲ့ အွန်စောလိုပဲ ပိုပြီးတော့ လှလာတယ်လို့ ဆိုရမှာ။အသဲကွဲပြီး အမေ့နောက်ဆုံးစကားတစ်ခွန်းကြောင့် အရာရာပြောင်းလဲသွားခဲ့တယ်ဆိုတဲ့ အကြောင်းကို

” အချစ်ကို မယုံကြည်စရာတော့ မရှိပါဘူး ကိုယ်ကိုမချစ်တော့တဲ့လူ ကိုယ့်ကိုတန်ဖိုးမထားတဲ့ လူနဲ့ တွေလို့သာဒီလိုဖြစ်သွားတာပဲ အချစ်ကသူဘာသူနေတာပါပဲ လူတစ်ယောက်ကြောင့်အချစ်ကို မယုံကြည်စရာမှ မရှိတာ။ပြောင်းလဲသွားတာက ဆံပင်အတုနဲ့ သီလရှင်ဝတ်လိုက်တော့တခါတလေ ဂတုံးလေးမြင်ရတယ်။အပြင်သွားရင်လည်း အရင်ကလို မျက်နှာပြောင်မသွားဘူး မိတ်ကပ်တွေသေချာ လူးပြီးမှသွားတယ် အကျီင်္ကိုလည်း သေချာလေးဝတ်ဖြစ်တယ် အဲဒါလေးတွေတော့ ပြောင်းလဲသွားတယ်ထင်တယ်။ခြူးလေးရဲ့ အလုပ်တွေကို ဆုံးရှုံးသွားရတာရှိတယ်။ တခြားမိသားစုစီပွားရေး၊လူမှုရေးအကုန်လုံးကြောင့် ခြူးလေးပစ်ကျသွားတာရှိတယ်။ဒီတစ်ခုတည်းနဲ့တော့ ဒါက အလုပ်သင့်တဲ့အရာတစ်ခုပါလို့အကြံပေးချင်ပါတယ်။ကိုယ့်အမေရဲ့ နောက်ဆုံးအချိန်လေးမှာ မောင်လေးအတွက် စိတ်ချပါဆိုတဲ့ စကားကို ပြန်ပြီးတော့ ကြားယောင်မိတယ် အဲကျမှကိုယ့်အတွက် ခွန်အားတွေပြန်ပြီးရှိလာတယ် အရင်ကထက်လည်း (၂)ဆပိုပြီးတော့ ကြိုစားနိုင်လာတယ်” လို့ ရင်ဖွင့် ပြောပြထားခဲ့တာကို ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်…..။

Image may contain: 1 person, smiling, standing

Credit-ဆယ်လီကမ္ဘာ

Myanmar News