မြန်မာ သူဌေးအချို့ အပ်ထားသည့် ငွေများဖြင့် ပြည်ပတိုင်းပြည်က ပြည်တွင်း၌ ပြန်အမြတ်ထုတ်နေမှုများ ရှိကြောင်း ဒေါက်တာ စိန်ဝင်းပြောကြား

Last modified date

သူဌေးကြီးအချို့ ပြည်ပဘဏ်များတွင် ငွေအမြောက်အများ အပ်နှံထားပြီး အဆိုပါ ငွေများကို ပြည်ပတိုင်းပြည်များမှ စီးပွားရေး ပြန်လုပ်ပြီး အကျိုးအမြတ်များစွာ ပြန်ယူနေကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အစ်ကိုဝမ်းကွဲ တော်စပ်သူ အဝေးရောက်ညွန့်ပေါင်းအစိုးရအဖွဲ့ ၀န်ကြီးချုပ်ဟောင်း ဒေါက်တာစိန်ဝင်းက ပြောသည်။


အကုန်သိသတင်းဌာနမှ သီးသန့်တွေ့ဆုံမေးမြန်းရာတွင် ဒေါက်တာစိန်ဝင်းက ပြောကြားခဲ့ခြင်းဖြစ်သည်။“ ကျွန်တော်တို့ လူတွေက အကုန်ုလုံးတော့ မဟုတ်ဘူး။ တချို့တစ်လေပေါ့။ ရှိတဲ့ငွေကို တခြားတိုင်းပြည်မှာ သွားထားလိုက် တယ်။ ထားလိုက်တော့ အဲဒီတိုင်းပြည်က အိုကေပေါ့ဗျ။ အဲဒီငွေတွေ ယူသုံးလိုက်တာပေါ့။ ဘယ်ကိုပြန်သုံးလဲ။ ဗမာပြည်ကို ပြန်သုံးတာ။ ဗာမပြည်က သူဌေးက သူ့ပိုက်ဆံကို ယူပြီးတော့ တိုင်းပြည်တစ်ပြည်ကို ပို့လိုက်တယ်။ အဲဒီငွေတွေတွေကို အဲဒီ တိုင်းပြည်က ယူပြီးတော့ အရင်းအနှီးလုပ်ပြီး ပစ္စည်းတွေလုပ် ပြီးတော့ ဗမာပြည်ကို ပြန်သွင်းတယ်။ အဲဒီငွေနဲ့ အလုပ်လုပ်တာ။ အများကြီးရှိတယ်” ဟု ဒေါက်တာ စိန်ဝင်းက ပြောသည်။

ဒေါက်တာစိန်ဝင်းသည် အဝေးရောက် ညွန့်ပေါင်းအစိုးရအဖွဲ့၏ ၀န်ကြီးချုပ်ဟောင်းတစ်ဦးဖြစ်ပြီး အာဇာနည်ခေါင်းဆောင် ဗိုလ် ချုပ်အောင်ဆန်း၏ အစ်ကို ဦးဘ၀င်း၏ သားတစ်ဦးလည်းဖြစ်သည်။မြန်မာပြည်တွင် ၀င်ငွေရလမ်း ဖော်ပြရန် ခက်ခဲသော သို့မဟုတ် အခွန်တိမ်းရှောင်၍ ရရှိသော ၀င်ငွေများကို ပြည်ပရှိ လုံခြုံ စိတ်ရသော ဘဏ်များတွင်လည်းကောင်း၊ ကုပ္မဏီများတွင်လည်းကောင်း မြန်မာနိုင်ငံမှ လုပ်ငန်းရှင်ကြီး အချို့က အပ်နှံလေ့ ရှိကြောင်း သိရသည်။

Credit-အကုန်သိ

Myanmar News