ကမ္ဘာကျော်အက်ရှင်မင်းသားကြီး ဂျက်ကီချမ်းကိုယ်တိုင် ပုံတူပန်းချီအတွက် အလုပ်အပ်ခဲ့ပြီး ဟောင်ကောင်ထိပါ ဖိတ်ခေါ်ခြင်း ခံရတဲ့ မြန်မာပန်းချီဆရာတစ်ဦး

ကမ္ဘာကျော် အက်ရှင်မင်းသားတစ်ယောက်ဖြစ်တဲ့ ဂျက်ကီချမ်း( Jackie Chan)ကို မြန်မာပရိသတ်တွေ အတွက် အထူး မိတ်ဆက်ပေးစရာလိုမယ် မထင်ပါဘူး။ အက်ရှင် ဇာတ်လမ်း နှစ်သက်သူတိုင်း ဟောင်ကောင် အကျော်အမော် မင်းသားကြီး ဂျက်ကီချမ်း ရဲ့ ဇာတ်ကားတွေကို ကြည့်ရှူခဲ့ဖူးမှာ ဖြစ်သလို ဂျက်ကီချမ်း ရဲ့ရုပ်ရှင် ဇာတ်လမ်း တော်တော်များများဟာ အက်ရှင်ရသ ပိုင်းကိုသာမက ဟာသ ပိုင်းလေးတွေပါ ပါဝင်သလို ဒရမ်မာဇာတ်အိမ်နဲ့ တကွ ဗဟုသုတများကို ပါ ပေးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။


နိုင်ငံတကာ အဆင့်မီအောင် သူကိုယ်တိုင် ဒါရိုက်တာပြုလုပ်ကာ သူ့ရဲ့ ကိုယ်ပိုင် စတန့်သမား တွေကို အသုံးပြုခဲ့ပြီး ဇာတ်လမ်းတစ်ခုချင်းစီကို အသက်ကို အာမခံမထားပဲ အထိခိုက်ခံ၊ အနာခံကာ ပေးဆပ်ရိုက်ကူးခဲ့သူမို့ ဟောလီဝုဒ် အဆင့်အတန်းမီတဲ့ အပြင် ကမ္ဘာကျော်တဲ့ထိ အောင်မြင်ခဲ့သူပါ။ ဂျက်ကီချမ်းရဲ့ လက်ရှိ ပိုင်ဆိုင်မှုဟာ အမေရိကန်ဒေါ်လာ ($350) မီလီယံ ရှိတယ်လို့ (၂၀၁၆) ခုနှစ်ရဲ့ မှတ်တမ်းများအရ ဖော်ပြခဲ့ပြီး ကမ္ဘာ့ အလှူအတန်း အရက်ရောဆုံး သန်းကြွယ်သူဌေးတစ်ယောက် ဆိုရင်လည်း မမှားပါဘူး။

လက်ရှိမှာတော့ စံပြအနုပညာရှင်တစ်ယောက်လည်း ဖြစ်သလို တကယ့်ကို လေးစားဖွယ်လူသားတစ်ယောက်ဖြစ်တဲ့ ကမ္ဘာကျော် အက်ရှင် မင်းသားကြီး ဂျက်ကီချမ်းရဲ့ ပုံတူကို လူကိုယ်တိုင် သွားရောက်တွေ့ဆုံကာ ပုံတူဆွဲခွင့်ရရှိသွားသူကတော့ ဇွဲရန်နိုင် လို့ အမည်ရတဲ့ မြန်မာနိုင်ငံက ပန်းချီဆရာလေးတစ်ယောက်ဖြစ်ပြီး ဂျက်ကီချမ်းကိုယ်တိုင်က သူ့ရဲ့ ပုံတူကို ရေးဆွဲ ဖို့ အတွက် (၂) ပေ × (၃)ပေ ဆိုဒ် ပုံတူပန်းချီကားတစ်ချပ်ကို အမေရိကန်ဒေါ်လာ (၆၀၀၀) နှုန်း (မြန်မာငွေ- သိန်း (၉၀)ကျော် ကျပ်နှုန်း) နဲ့ လက်ခံလိုက်တာလည်းဖြစ်ပါတယ်။ ပန်းချီကား ရေးဆွဲလို့ ပြီးဆုံးသွားရင်လည်း ပန်းချီဆရာလေး ဇွဲကို ဂျက်ဆီချမ်းက ဟောင်ကောင်နိုင်ငံထိ သူ့ဆီ လာရောက်လည်ပတ်ဖို့ အတွက်ပါ ဖိတ်ခေါ်ထားပြီး မြန်မာပန်းချီဆရာ တစ်ယောက်အနေနဲ့ ခုလိုချီးမြောက်ခြင်းခံရတာဟာ တကယ့်ကို ချီးကျူးစရာလို့ ဆိုနိုင်သလို မြန်မာအနုပညာရှင် ပန်းချီဆရာတွေ မညံ့ဘူးဆိုတာ ခုလို ပြသခွင့် ရရှိလိုက်တာလည်းဖြစ်ပါတယ်။

 

Myanmar News