ဒီနှစ်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲမအောင်ခဲ့ပေမယ့် ၂၀၂၀ မှာအောင်မြင်အောင်ကြိုးစားသွားမယ့် ခင်ပိုးပန်းချီ

တရားတောင်းသီချင်းတွေအပြင် အသံချိုချိုလေးနဲ့ တေးသီချင်းတွေကို သီဆိုခဲ့တဲ့ အဆို​တော်​ခင်​ပိုးပန်းချီ က​ ယခုနှစ်​တက္ကသိုလ်​ဝင်​တန်းစာ​မေးပွဲကို မ​အောင်​ခဲ့ပါဘူး။ သို့သော်လည်း လာမယ့် ၂၀၂၀မှာ ​အောင်​မြင်​​အောင်​ကြိုးစား​ဖြေဆိုသွားပါမယ်​လို့ ကတိ​ပေးခဲ့ပါတယ်​။ ခင်ပိုးပန်းချီကတော့

“မင်္ဂလာပါ ရှင် သမီးကိုချစ်ခင်အားပေးကြတဲ့ သမီးချစ်ရတဲ့ ချစ်ပရိသတ်ကြီးရော သမီးရဲ့we love များရော သမီး အဖိုးနဲ့မွေးစားဒယ်ဒီ အကိုများလုံးကို တောင်းပန်ပါတယ် သမီးစာမေးပွဲကျပါတယ် အခုကျောင်းပြန်တက်ပါ့မယ် သမီးကို စိုးရိမ်ပြီးဖုန်းဆက်မေးမြန်းကြတဲ့ မိတ်ဆွေများအားလုံးကို ကျေးဇူးတင်ပါတယ် ၂၀၂၀ မှာ အောင်ရမည် ခင်ပိုးပန်းချီ ဒီနေ့တော့ ဆက်သမျှဖုန်းကို မကိုင်နိုင်လို့ ထပ်ဆင့်တောင်းပန်ပါတယ် အဖိုး သမီးကို မဆူပါနဲ့နော် အဖိုးလဲ ငိုမနေပါနဲ့ သမီးတောင်းပန်ပါတယ် အဖိုးနေကောင်းအောင်နေပါ နော် သမီးချစ်”

Credit-ပေါ်ပြူလာ

Myanmar News