ရေဘေးသင့်ပြည်သူများအတွက် စောင်နဲ့ခြင်ထောင်တွေ လှူဒါန်းခဲ့တဲ့ မြင့်မြတ်တို့ မိသားစု

Last modified date

သဘာဝမင်းသားလို့ ပရိသတ်တွေက တင်စားခေါ်ဝေါ်ကြတဲ့ မင်းသားချောမြင့်မြတ်က သရုပ်ဆောင်ကောင်းပြီး ကျရာဇာတိရုပ်အတိုင်း စိတ်ရော လူပါ ပြောင်းလဲ သရုပ်ဆောင်နိုင်သူ တစ်ဦးဖြစ်ပါတယ်။ မြင့်မြတ်ရဲ့ သရုပ်ဆောင်ချက်တွေကို ပရိသတ်တွေကလည်း တစ်ခဲနက် ကြိုက်နှစ်သက် အားပေးကြတာကို တွေ့ရပါတယ်။ လက်ရှိမှာတော့ မြင့်မြတ်က အနုပညာအလုပ်တွေ လုပ်ကိုင်ရင်း ချစ်ရတဲ့ မိသားစုလေးကို အချိန်ပေး စောင့်ရှောက်နေတာပဲ ဖြစ်ပါတယ်။

မြင့်မြတ်က ချစ်စရာကောင်းတဲ့ မန္တဘေလးသူလေး မခင်သူအောင်နဲ့ အိမ်ထောင်ကျပြီး အခုဆိုရင် မြတ်သူလို့ အမည်ရတဲ့ သားသားလေး တစ်ယောက်ကိုလည်း မွေးဖွားထားပြီ ဖြစ်ပါတယ်။

အလှူအတန်းဆို လက်မနှေးတဲ့ မြင့်မြတ်နဲ့ မခင်သူအောင်တို့ ဇနီးမောင်နှံက မွန်ပြည်နယ်ရှိ ရေဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေးအတွက် စောင်နဲ့ ခြင်ထောင်များ လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။

မြင့်မြတ်က လက်ရှိမှာတော့ ဒါရိုက်တာ ပြည့်ဟိန်းသီဟ ရိုက်ကူးပုံဖော်တဲ့ “သရွှီး” ရုပ်ရှင်ဇာတ်ကားကြီးမှာ ရွှေအိမ်စည်၊ နန်းခင်ဇေယျာ၊ ဆွန်ဆွန်တို့နဲ့အတူတူ ရိုက်ကူးနေပြီး အခြားသော အနုပညာလုပ်ငန်းတွေကိုလည်း လုပ်ကိုင်နေလျက်ရှိပါတယ်။

မြင့်မြတ်တို့ ဇနီးမောင်နှံကတော့ ရေဘေးသင့် ပြည်သူတွေအတွက် အမှန်တကယ်လိုအပ်နေတဲ့ စောင်နဲ့ ခြင်ထောင်တွေကို လှူဒါန်းပေးခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မြင့်မြတ်တို့ မိသားစုရဲ့ မွန်မြတ်လှတဲ့ အလှူလေးကို သာဓုခေါ်ပေးကြပါဦးနော်။

Credit-Momolay

Myanmar News