ဆေးကျောင်းဝင်ခွင့်ရအောင် ဆယ်တန်းပြန်ဖြေချင်တဲ့ ချစ်သူအကြောင်းပြောလာတဲ့ အေးဝတ်ရည်သောင်း

ပရိသတ်တွေကို မြန်မာဝတ်စုံလှလှလေးတွေဝတ်ပြီး ရိုးရိုးယဉ်ယဉ် ပုံရိပ်ကလေးတွေနဲ့ ဖမ်းစားထားတဲ့ သရုပ်ဆောင် အေးဝတ်ရည်သောင်း ဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးရတဲ့ နိုင်ငံကျော် အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ သူမသရုပ်ဆောင် ရိုက်ကူးထားတဲ့ မုန်းစွဲ ရုပ်ရှင်ဇာတ်ကားကလည်း ပရိသတ်အားပေးမှုတွေ များစွာရရှိထားတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ ပရိသတ်တွေအတွက် သရုပ်ဆောင် အေးဝတ်ရည်သောင်း က သူမချစ်သူ ဆယ်တန်းပြန်ဖြေဖို့ပြောလာတဲ့ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

သရုပ်ဆောင်အေးဝတ်ရည်သောင်းက ခုနောက်ပိုင်းမှာ ရုပ်ရှင်ဇာတ်ကားများစွာကို လည်း ရိုက်ကူးနေတာပါ။ ခုလတ်တလော ပရိသတ်တွေကြား နာမည်ကြီးနေတဲ့ ဝတ်လဲတော် ရွှေပုဆိုး တန်းထိုးလို့ ကြို မယ် ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ပါဝင်မှာ ဖြစ်ပြီး ၂၀၂၀ မှ စတင်ရိုက်ကူးဖြစ်မယ်လို့သိရပါတယ်။

ဒီတစ်ခါမှာတော့ အေးဝတ်ရည်သောင်း က သူမချစ်သူ က ဆယ်တန်းပြန်ဖြေချင်တယ်လို့ သူမကို ပြောတဲ့ အကြောင်းကို ခုလိုဖော်ပြထားပါတယ်။

” 👦🏻 ဆယ်တန်းပြန်ဖြေချင်တယ်👩🏻 ဘာလို့?👦🏻 ဆေးကျောင်းဝင်ခွင့်ရအောင်ပြန်ဖြေမယ်လေ။👩🏻 အမ် ဘာလို့????👦🏻 အခုလိုနေမကောင်းဖြစ်တော့ ကိုယ် ကြည့်ပေးလို့ရတာပါ့။👩🏻 ကြွေ ☺️စူပါဆန်းဒေးပါ။” ဆိုပြီးပြောထားပါတယ်။

ချစ်သူက သူမနေမကောင်းဖြစ်နေတာကြောင့် ဆယ်တန်းကို ဆေးကျောင်းဝင်ခွင့်ရအောင်ပြန်ဖြေချင်တယ်။ ဆရာဝန်ဖြစ်ရင် နေမကောင်းဖြစ်နေတဲ့ သူမကို အနီးကပ်ကြည့်ပေးလို့ရတယ် ဆိုပြီးပြောလာတယ်လို့ ပြောထားတာပါ။

အေးဝတ်ရည်သောင်း ရဲ့ ချစ်သူဆယ်တန်းပြန်ဖြေချင်ရတဲ့ အကြောင်းကို ပရိသတ်တွေ သိရလောက်ပြီ ထင်ပါတယ်။

Credit-မိုမိုလေး

Myanmar News