ကွတ်ခိုင်မြို့နယ်၊ နမ့်ကွတ်ဒေသန္တရကျန်းမာရေးဆေးခန်းနားမှာ တိုက်ပွဲထပ်မံဖြစ်ပွား

မနက် ၉နာရီလောက်အထိ ကွတ်ခိုင်အပါအဝင်၊ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာ တိုက်ပွဲတွေ ဖြစ်ပွားမှု မရှိပေမယ့်လည်း အဲဒီနောက်ပိုင်း ကွတ်ခိုင်မြို့နယ်၊ နမ့်ကွတ်က နမ့်ကွတ်ဒေသန္တရကျန်းမာရေးဆေးခန်းမှာ နေရာချထားတဲ့ တပ်တွေနဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့တို့ ပစ်ခတ်နေကြတယ်လို့ ဗြဟ္မစိုရ်အသင်းကနေသိရ ပါတယ်။

“မနေ့ကတည်းက နမ့်ကွတ်ဒေသန္တရကျန်းမာရေးဆေးခန်းမှာ တပ်ကလာနေရာယူလိုက်တာ၊ အဲဒီနေရာမှာ အခုတိုက်ပွဲဖြစ်နေတာ၊ မြို့ပေါ်ကနေ အသံတွေကြားနေရတယ်။ အထိအခိုက်ရှိတာတော့ မကြားရသေးဘူး” လို့ ဗြဟ္မစိုရ်အသင်း အတွင်းရေးမှူး ဦးတင်ဝင်းက ဘီဘီစီကိုပြောပါတယ်။

နမ့်ကွတ်က ကွတ်ခိုင်နဲ့ နမ့်ဖတ်ကာကြားမှာရှိတာဖြစ်ပြီး ကွတ်ခိုင်မြို့နဲ့ ၁၀မိုင်လောက်အကွာမှာရှိတာဖြစ် ပါတယ်။ မနက်ပိုင်းအထိ ထိတွေ့မှုတွေမရှိပေမယ့်လည်း မနက် ၁၀နာရီလောက်မှာတော့ ကွတ်ခိုင်၊ နမ့်ကွတ်မှာ တပ်နဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့တို့အကြား ပစ်ခတ်မှုတွေဖြစ်နေတာပါ။

Credit-ဘီဘီစီ

Myanmar News