တာဝန်ကျရာကျောင်းက တပ်မိသားစုဝင်ကလေးများရဲ့ ယနေ့ကြုံတွေ့ခဲ့ရသော စိတ်မခိုင်စရာ မြင်ကွင်းလေး

ကျွန်တော်တာဝန်ကျရာကျောင်းသည်တပ်မိသားစုဝင်များ၏ကလေးတွေအများစုတက်သောကျောင်းဖြစ်ပါသည်။ ယနေ့ကြုံတွေခဲ့ရသောမြင်ကွင်းကစိတ်မခိုင်လျှင်မျက်ရည်ကျမိမည်။ ဖခင်များမှာရှေ့တန်းစစ်မြေပြင်ထွက်ခွာမည်ဖြစ်သောကြောင့်ကျောင်းသို့သူတို့၏သားသမီးကလေးများအားလာရောက်နှုတ်ဆက်ကြရာကျွန်တော့်၏G3ကလေး မိဘ ၃ /၄ဦးခန့်လာကြသည်။

Image result for ရှေ့တန်း

“သမီးစာကြိုးစားနော်/သားစာကြိုးစားနော်/လိမ်လိမ်မာမာနေနော်/ဆရာ့စကား/ဆရာမစကားနားထောင်နော်/ဖေကြီးပြန်လာမှာတဲ့”သားဖြစ်သူသမီးဖြစ်သူလေးများမှရှေ့တန်းထွက်စစ်ယူနီဖောင်းအပြည့်အစုံနဲ့သူတို့၏ဖခင်ကိုဖက်၍ငိုကြသည်။ကျွန်တော်G3အတန်းပိုင်ဆရာဒီမြင်ကွင်းကိုကြည့်ရင်းမျက်ရည်ဝဲဆို့နစ်ကြွေကွဲရပါဘီလေ။ဆရာဆိုတော့ဟန်လုပ်ရင်း

Related image

“သားတို့သမီးတို့ရယ်ဆရာတစ်ယောက်လုံးရှိသေးတာ ဘာအားငယ်စရာလိုလဲ။သားတို့သမီးတို့ရဲ့ဖေကြီးပြန်လာရင်းဆရာပါလိုက်ကြိုပေးမှာ။ဆရာတစ်ယောက်လုံးရှိသေးတယ်ဘာမှအားမငယ်နဲ့သမီးလေးသားလေးတို့ရယ်။”လို့အားပေးမိခဲ့ပါတယ်ဗျာ။KG/G1/G2/G3/G-5ကလေးများသည်အသိအမြင်ရှိနေကြဘီလေ။ရှေ့တန်းစစ်မြေပြင်ထွက်ရမယ်ဆိုတော့ ပြန်လာမယ်ပြောပြီးပြန်မလာတော့တဲ့သူတို့သူငယ်ချင်းတွေရဲ့ဖေဖေတွေအကြောင်းကိုလည်းမြင်တွေ့ကြားသိနေရတော့။ကျောင်းပေါက်ဝကနေပြန်ထွက်သွားနေတဲ့သူတို့ဖခင်တွေကိုလှမ်းပြောလိုက်ပုံက

Image result for ရှေ့တန်း

“ဖေဖေရေရှေ့တန်းကမြန်မြန်ပြန်လာခဲ့နော်တဲ့” ကျွန်တော်လဲကလေးတွေဟိုတဖက်အကွယ်ကိုလှည့်ပြီးကျွန်တော့်မျက်ဝန်းကိုကလေးတွေမသိအောင်သုတ်နေမိလေရဲ့😢😢😢ကျွန်တော့်ရဲ့G3ကလေးတွေခံစားချက်ကိုကျွန်တော်ထပ်တူထပ်မျှခံစားရမိပါတယ်။မည်သည့်ကလေးမှသူတို့ရဲ့ဖခင်ရှေ့တန်းထွက်မှာကိုမလိုလားကြတော့။ပြန်မလာမှာကိုမလိုလားကြတော့ပါ။ အင်းးးးးးးး စစ်ပွဲတွေအေးငြိမ်းပါစေ။ မြန်မာပြည်ကြီးငြိမ်းချမ်းပါစေ။ အေးချမ်းသာယာပါစေ။မိသားစုတွေပျော်ရွှင်ချမ်းမြေ့ကြပါစေ။

Image result for ရှေ့တန်းစစ်သား

Image result for ရှေ့တန်းစစ်သား

Credit-W.Y.M.H

Myanmar News