ဟွာဝေးဖုန်းတွေပေါ်မှာ ဖေ့စ်ဘုတ်(Facebook) ပါဝင်လာတော့မည် မဟုတ်

Facebook ဟာ Huawei ဖုန်းတွေပေါ်မှာ Facebook app ကို pre-install ပြုလုပ်မှုကို ပိတ်ပင်လိုက်ပါတယ်။ Huawei ဟာ အမေရိကန်ကုန်သွယ်ရေးဌာနရဲ့ အမည်ပျက်စာရင်း သွင်းခံရပြီးနောက် အမေရိကန်ကုမ္ပဏီတွေရဲ့ ဖိအားပေး အဆက်ဖြတ်တောက်မှုနဲ့ ဆက်လက်ရင်ဆိုင်နေရပါတယ်။

အခုပိတ်ပင်မှုကို Facebook က အတည်ပြုခဲ့ပြီး WhatsApp နဲ့ Instagram ထည့်သွင်းမှုကိုလည်း တိုးချဲ့ ပိတ်ပင်သွားပါတယ်။ အဲဒီဝန်ဆောင်မှု ၂ ခုကို Facebook ကပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ဒါပေမဲ့ Huawei ဖုန်းသုံးစွဲသူတွေအနေနဲ့ Facebook, WhatsApp နဲ့ Instagram တို့ကို Play Store ကနေ install ပြုလုပ်နိုင်သလို update တွေလည်း ရရှိမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ Huawei ဖုန်းတွေဟာ သုံးစွဲသူကို ဆွဲဆောင်မှုမှာ အနည်းငယ်လျော့ကျသွားမှာ ဖြစ်ပါတယ်။

အမေရိကန်ကုန်သွယ်ရေးဌာနက Huawei ကို အမည်စာရင်းသွင်းပြီးနောက်မှာ ကုမ္ပဏီက အမေရိကန်ထုတ်ကုန်အစိတ်အပိုင်းနဲ့ ပါဝင်ပစ္စည်းတွေကို အမေရိကန် အစိုးရထောက်ခံချက်မရဘဲ မဝယ်ယူနိုင်ပါဘူး။ Intel နဲ့ Qualcoom လိုမျိုးကုမ္ပဏီတွေကလည်း Huawei ကို အစိတ်အပိုင်းတွေ မရောင်းဘူးလို့ ပြောကြားထားပါတယ်။

Image result for Huawei & Facebook

Huawei အတွက် အကြီးမားဆုံးထိခိုက်မှုကတော့ Google က Android လိုင်စင်ကို ရုပ်သိမ်းလိုက်တာ ဖြစ်ပါတယ်။ Huawei အနေနဲ့ Android ဖုန်းတွေ ဆက်လက်ထုတ်လုပ်ဖို့ အင်မတန် ခက်ခဲသွားမှာပါ။ ဒါပေမဲ့ Huawei ဟာ ကုန်သွယ်ရေး ကန့်သတ်ချက်ကနေ ရက် ၉၀ ကင်းလွတ်ခွင့် ရရှိနေပါသေးတယ်။ Huawei ဖုန်းတွေဟာ သြဂုတ်လအတွင်း သတ်မှတ်ထားတဲ့ ရက် ၉၀ မပြည့်မချင်း Google ရဲ့ Play Store ကို အသုံးပြုခွင့်ရဦးမှာ ဖြစ်ပါတယ်။

Credit-အင်တာနက်ဂျာနယ်

Myanmar News