ဖူးခက်မှာ ဆောက်လက်စ ကွန်ဒို ငြမ်းစင်ပြိုကျခဲ့မှုအတွင်း မြန်မာ အလုပ်သမား သုံးဦး သေဆုံး

Last modified date

ထိုင်းနိုင်ငံ ဖူးခက်ဒေသမှာ တနင်္ဂနွေနေ့ က ကွန်ဒိုဆောက်လုပ်ရေး လုပ်ငန်းခွင်ရဲ့ ငြမ်းစင်ပြိုကျခဲ့မှုအတွင်း အပျက်အစီးတွေအောက် ပိတ်မိနေခဲ့တဲ့ မြန်မာ အလုပ်သမားနှစ်ဦးကို သေဆုံး လျက်တွေ့ရှိခဲ့တာကြောင့် ယင်း မတော်တဆမှုအတွင်း သေဆုံးခဲ့ရတဲ့ မြန်မာလုပ်သား သုံးဦးရှိခဲ့ကာ ၈ ဦး ဒဏ်ရာရခဲ့ကြောင်း ဘန်ကောက်ပို့ စ်သတင်းမှာ ဖော်ပြပါတယ်။


အပျက်အစီးတွေအောက် ပိမိနေခဲ့တဲ့ နောက်ဆုံးကျန်ရှိ အလုပ်သမားရဲ့အလောင်းကို ဒီနေ့(သြဂုတ် ၁၂) မနက် ၉ နာရီဝန်းကျင်လောက်မှာ ပြန်လည်ဆွဲထုတ်ယူနိုင်ခဲ့တယ်လို့  ဒေသတွင်းမီဒီယာက ဖော်ပြပါတယ်။မြောင်ခရိုင် Rawai မြို့ရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင် ငြမ်းစင် တနင်္ဂနွေနေ့က ပြိုကျသွားခဲ့ချိန်မှာ တစ်ဦးသေဆုံးကာ ၈ ဦး ဒဏ်ရာရခဲ့တာပါ။ အလုပ်သမားတွေဟာ မြန်မာနိုင်ငံသားတွေဖြစ်ကြောင်းနဲ့  အပျက်အစီး ပုံတွေအောက်မှာ အလုပ်သမားနှစ်ဦး ပိမိနေခဲ့ကြောင်း ထိုင်းရဲက ပြောဆိုခဲ့ပါတယ်။ ငြမ်းစင်ဟာ တနင်္ဂနွေနေ့  ညနေ ၂ နာရီလောက်က ပြိုကျခဲ့တာဖြစ်တယ်လို့ ဖူးခက်ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး သန်ညာဝပ် ချန်ပီနစ်က ယင်း ညပိုင်းမှာ ပြောဆိုခဲ့ပါတယ်။

ပိတ်မိနေခဲ့တဲ့ အလုပ်သမားနှစ်ဦးကို မြေတူးစက်၊ ဘက်ဟိုးတွေသုံးကာ ကယ်ဆယ်ရေးသမားတွေက ရှာဖွေကယ်ဆယ်ခဲ့ကြောင်း သိရပါတယ်။ ၄င်းတို့ ထဲက တစ်ဦးကို ညနှောင်းပိုင်းမှာ တွေ့ရှိခဲ့ပြီး ဗာချီရာဖူးခက် ဆေးရုံကို ပို့ ဆောင်ပေးခဲ့ပေမယ့် ဆရာဝန်တွေက သေဆုံးနေပြီလို့  အတည်ပြုခဲ့ကြောင်း ဒု အုပ်ချုပ်ရေးမှူးက ပြောဆိုပါတယ်။ဒဏ်ရာရခဲ့သူ ၈ ဦးအနက် ၅ ဦးကတော့ ဆေးရုံက ဆင်းသွားနိုင်ခဲ့ပြီဖြစ်ကာ ကျန်သုံးဦးက ဆက်လက် ကုသမှုခံယူနေဆဲလို့  သိရပါတယ်။

ပြိုကျခဲ့တဲ့ ငြမ်းစင်ဟာ VIP Rawai ကွန်ဒိုဆောက်လုပ်ရေးလုပ်ငန်းခွင်က ငြမ်းစင်ဖြစ်ကြောင်း သတင်းမှာ ဖော်ပြပါတယ်။

Credit-အကုန်သိ

Myanmar News