လူနာကြည့် မလာပါနဲ့ မြန်မာလူမျိုးများ ဆေးရုံမှာ လူနာကြည့်သွားတဲ့အခါ သိထားစရာအချက်များ

Last modified date

နောက်ဆုံးထွက်သက်ကို ပင်ပမ်းကြီးစွာ ဖြတ်ကျော်ရမယ့်နေရက်တွေ၊အချိန်တွေ ရောက်လာတဲ့အခါ ကျေးဇူးပြုပြီး လူနာကြည့်၊လူနာအားပေး မလာပါနဲ့တော့(၁)-စကားပြောဖို့ကိုပင် မနည်းအားယူနေရမယ့်အချိန်မှာ နေကောင်းလား၊သက်သာလားဆိုတဲ့ သင့်မေးခွန်းတွေ မဖြေချင်တော့ပါ(၂)-ရေမွှေးဆွတ်ပြီး ငါ့အနား လာမရပ်ပါနဲ့ (အမွှေးနံ့၊ချွေးနံ့၊ဟင်းနံ့တွေကိုတောင် မခံနိုင်တော့တာကို သတိပြုမိပါစေ)။(၃)-ဝတ္တရားအရ လူနာမေးလာရင်း ဆယ်လ်ဖီလာမဆွဲပါနှင့် ( ထွက်ခွာရတော့မယ့် ငါ့ကိုဘေးနားထားပြီး သင်ပျော်ပြမနေပါနှင့်၊ငါ့ကိုချစ်ရင် အားနာပါ၊ သံဝေဂလိုလိုဘာလိုလိုနှင့် ငါချစ်တဲ့သူတွေကို ငါ့ရုပ်သွင်အား မပြပါနှင့်)။(၄)-လူနာမေးလာတဲ့အခါ ငါလေလည်ချင်တာတွေ ကျင်ငယ်စွန့်ချင်တာတွေ ကျင်ကြီးစွန့်ချင်တာတွေကို အောင့်ထားရတဲ့အခါ ငါ့အတွက် တကယ်ပင်ပမ်းလွန်းလို့ပါ။(၅)-ငါ မတတ်နိုင်လို့ ဆေးဖိုးဝါးခတွေ ပေးတဲ့အခါ ငါမသိအောင်ပေးပေးပါ။ နောက်ဆုံးထွက်သက်မှာ ကျေးဇူးတရားတွေက ငါ့ကိုအင်အားထက် ဖိအားတွေဖြစ်ချင် ဖြစ်သွားစေနိုင်ပါတယ်။(၆)-ကျေးဇူးပြုပြီး သူများအကြောင်းတွေ ငါ့ကို လာမပြောပါနဲ့ နောက်ပိုင်းသံယောဇဉ်တွေ ဖြတ်ဖို့ကြိုးစားနေရသူအတွက် စိတ်အနှောက်အယှက်ကြီးစွာ ဖြစ်ရပါတယ် သိလည်း မသိချင်တော့ပါလေ။(၇)-ကလေးတွေ ခေါ်မလာပါနှင့် ကလေးငိုသံ၊ကလေးဆူသံ၊ပြေးလွှားဆော့ကစားသံတွေက ငါ့အာရုံကိုအနှောက်အယှက်ကြီးစွာဖြစ်ရပါတယ်။(၈)-ခြေစမ်းလိုက်၊လက်စမ်းလိုက်၊ကြွက်သားစမ်းလိုက်၊အင်္ဂါကြည့်လိုက်၊ဝမ်းကြည့်လိုက်တွေ လာမလုပ်ကြပါနှင့်တော့ ဝေဒနာခွာနေတဲ့ ငါ့အတွက် ဒေါသကိုဖြစ်သွားစေနိုင်ပါတယ်။(၉)-တစ်ယောက်တစ်မျိုး ဆေးနည်းတွေ လာမပေးကြပါနှင့် အကြံတွေလာမပေးကြပါနှင့်၊ မျှော်လင့်ချက်တွေ လာမပေးပါနဲ့တော့ သက်တောင့်သက်သာ သွားနိုင်ရင်ပဲ ကျေနပ်လှပါပြီ။(၁၀)-ကိုယ့်နှလုံးခုန်သံ၊နာရီချက်ချက်မြည်သံတွေကပဲ ကျယ်လောက်စွာ ကြားနေရတာမို့ စကားတွေအကျယ်ကြီး လာမပြောကြပါနှင့်၊တရားတွေအကျယ်ကြီး ဖွင့်မပေးကြပါနှင့်။ ( ဆေးမကူဘဲ အိပ်ပျော်ဖို့တေါင် မနည်းကြိုးစားနေရတဲ့အခါ၊နှုတ်ကလိုက်ရွတ်နေမိတဲ့အခါ ပိုပင်ပမ်းရပါတယ်)။(၁၁)-အကျင့်မရှိတဲ့ ငါ ၊အားမကောင်းတဲ့ငါ တခြားတရားတွေ ငါမနာနိုင်တော့၊အာရုံမပြုနိုင်တော့တာမို့ ပရိတ်၊ပဠာန်းလောက်ပဲ ခပ်ဝေးဝေးကနေ တိုးတိုးလေး သာဖွင့်ပေးထားပါ။(၁၂)-အနားလာပြီး ယပ်တွေမခတ်ပေးကြပါနှင့် ခေါင်းလေတိုးသံက ဆံပင်ကိုဖြတ်ပြီး မွေးညှင်းပေါက်လေးများစီ သွားနေတာကပဲ အတော်ခံစားရလို့ပါ။(၁၃)-အနားမှာစုပြုံပြီး လာမတိုးကြပါနှင့် အောက်ဆီဂျင်ကို မနည်းလုရှူနေရတာမို့ နောက်ဆုံးထွက်သက်မှာ အသက်ဝဝရှူသွားပါရစေ။(၁၄)-သားတွေချွေးမတွေ စကားပြောသံ၊ဆူပူသံ၊မြေးတွေဆူညံသံတွေ၊ဇွန်းသံခွက်သံတွေ မလုပ်ကြပါနှင့်၊ တိတ်ဆိတ်စွာနေပေးခြင်းဖြင့် ငါ့အားကူညီကြပါ။
(၁၅)-ဟိုဟာပေးမလား ဒီဟာပေးမလား လာမစနောက်ကြပါနှင့် ငါ့အားကိုယ်ချင်းစာပေးကြပါလော့ပစ္စည်းစွဲအောင် အစမဖော်ပေးကြပါနှင့်။
(၁၆)-သတိလည်အောင် နာမည်တရရခေါ်တာ၊နာမည်နဲ့လူတွဲပြောခိုင်းတာတွေ ရှောင်ပါ။ လူနာမည် မှတ်မိဖို့ထက် ဘုရားမမေ့သွားဖို့က ပိုအဓိက၊ (၁၇)-ငိုသံ၊ရှိုက်သံတွေ မထွက်မိအောင် ထိန်းပေးကြပါ။ အနှောင်အတွယ်မဲ့စွာ ထွက်ချင်လို့ပါ။
အရိပ်အကဲနားလည်တဲ့သူတစ်ယောက် ဘေးနားရှိနေပေးရင်ကိုပဲ အဆင်ပြေပါပြီ။
(အာခေါင်ခြောက်တတ်တာမို့ နှုတ်ခမ်းလေးတော့ ရေမကြာမကြာဂွမ်းစလေးနဲ့ ဆွတ်ဆွတ်ပေး)

Myanmar News