နေပြည်တော် ဗစ်တိုးရီးယား အမှု သံသယ တရားခံ အောင်ကြီး၏ ပထမဆုံး ရုံးထုတ်

နေပြည်တော်ရှိ ပုဂ္ဂလိက မူကြိုကျောင်းတခုတွင် အသက် ၃ နှစ် မပြည့်သေးသည့် မိန်းကလေးငယ် တဦး မတရားပြုကျင့်ခံခဲ့ရမှုအတွက် သံသယ တရားခံအဖြစ် အောင်ကြီးဆိုသူကို ရဲတပ်ဖွဲ့က မုဒိမ်းမှုဖြင့် တရားစွဲဆိုထားရာ ယနေ့ နေပြည်တော်ရှိ ဒက္ခိဏခရိုင်တရားရုံးတွင် ပထမဆုံး ရုံးထုတ် စစ်ဆေးတော့ မည် ဖြစ်သည်။

ယနေ့ ရုံးချိန်းသို့ တရားရင်ဆိုင်နိုင်ရန် ၂ ဖက် ရှေ့နေများ၊ ကလေးငယ် ဗစ်တိုးရီးယားအတွက် လာရောက်ဝန်းရံကြသူများ၊ မီဒီယာများဖြင့် တရားရုံးရှေ့ တွင် စည်းကားလျက်ရှိသည် တရားရုံးကလည်း လုံခြုံရေး တိုးမြင့်ထားသည်ကို တွေ့ရသည်။

Credit- 7 Day

Myanmar News