သက္ကမိုးညိုကို အမှုဖွင့်လှစ်ခြင်းထက် ခေါ်ယူဆွေးနွေးခြင်းက ရဲတပ်ဖွဲ့ပုံရိပ်ပိုမိုကောင်းမွန်စေမည်ဟု ဦးရဲထွဋ် ဆို

သက္ကမိုးညိုအကောင့်ပိုင်ရှင်ကိုအမှုဖွင့်လှစ်ခြင်းထက် ခေါ်ယူဆွေးနွေးခြင်းက မြန်မာနိုင်ငံရဲတပ်ဖွဲ့ပုံရိပ် ပိုမိုကောင်းမွန်စေမည်ဟု ပြန်ကြားရေးဝန်ကြီးဟောင်းဦးရဲထွဋ်ထံမှ သိရသည်။ ဇူလိုင်လ ၁၀ ရက်တွင် သက္ကမိုးညိုအကောင့်ပိုင်ရှင်ဖြစ်သူ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးဒေါက်တာဝင်းကိုကိုသိန်းအား ပျဉ်မနားမြို့နယ်ရဲစခန်းမှ အီထရောနစ်ဥပဒေပုဒ်မ ၃၄(ဃ)ဖြင့်အမှုဖွင့်လှစ်စစ်ဆေးခဲ့ခြင်းနှင့်ပတ်သက်ပြီး ဦးရဲထွဋ်က ၎င်းအသုံးပြုနေသည့် facebook စာမျက်နှာတွင် သုံးသပ်ထားခြင်းဖြစ်သည်။

“တကယ်လို့သူရေးတာတွေက ရဲတပ်ဖွဲ့ရဲ့လုပ်ဆောင်ချက်၊ ရဲတပ်ဖွဲ့ရဲ့ ပုံရိပ်ကိုထိခိုက်စေတယ်ဆိုရင်တောင် သူ့ကိုတွေ့ဆုံဆွေးနွေးအကျိုးအကြောင်းရှင်းပြတာက အမှုဖွင့်ဖမ်းတာထက် ပိုပြီးအကျိုးရှိမယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ ပုံရိပ်ကိုလည်းကောင်းမွန်စေလိမ့်မယ်လို့ထင်ပါတယ်။” ဟု ဦးရဲထွဋ်က ရေးသားထားသည်။

Image may contain: 1 person, outdoor

လက်ရှိတွင် ဗစ်တိုးရီးယားအမှုနှင့် ပတ်သက်ပြီးကျောင်းကြီးကြပ်ရေးမှူး၏ ယာဉ်မောင်းဖြစ်သူ အောင်ကျော်မျိုး (ခ)အောင်ကြီးကိုပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်လှစ်ထားသည်။သက်သေခိုင်လုံသည့်အတွက် အောင်ကြီးကိုဖမ်းဆီးအမှုဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီးကလေးငယ်ပြောဆိုထားသည့် ဗီဒီယိုဖိုင်ကိုတရားရုံးသို့ သက်သေအဖြစ်တင်ထားကြောင်း နိုင်ငံတော်သမ္မတအိမ်တော် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားထားသည်။

Image may contain: 1 person, standing and indoor

အောင်ကြီး၏ မိဘနှစ်ပါးကလည်း ၎င်းတို့၏သားမှာ ပြစ်မှုကျုးလွန်မည်မဟုတ်ဟု သတင်းမီဒီယာများနှင့် အင်တာဗျူးများတွင်ဖြေကြားထားသည်။အဆိုပါအမှုနှင့် ပတ်သက်ပြီး လာမည့်ဇူလိုင်လ ၁၅ ရက်၌ နေပြည်တော်ဒက္ခိဏခရိုင်တရားရုံးတွင် စတင် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

Image may contain: 1 person, sitting

Credit-အကုန်သိ

Myanmar News