သက္ကမိုးညို ဖေ့ဘုတ်အကောင့်ပိုင်ရှင် ဒေါက်တာဝင်းကိုကိုသိန်း ငွေကျပ် သိန်း (၁၀၀) နှင့်အာမခံရ

ပုဒ်မ ၃၄(ဃ) နဲ့အမှုဖွင့်ခံထားရတဲ့ သက္ကမိုးညိုဟာ လူမှုကွန်ယက်ပေါ်မှာ သမီးလေးဗစ်တိုးရီးယားနဲ့ပတ်သက်တဲ့သတင်းတွေကို စဉ်ဆက်မပြတ်ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ်။

သက္ကမိုးညိုကို ယနေ့မနက်ပိုင်းမှာပဲ ရဲတပ်ဖွဲ့က ခေါ်ဆောင်သွားပြီး စစ်ဆေးမေးမြန်းမှုတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ သမီးလေး ဗစ်တိုးရီးယားနဲ့ပတ်သက်ပြီး တင်ထားခဲ့တဲ့ ၄၊ ၅၊ ၆ ရက်နေ့တွေကဖော်ပြချက်ပို့စ်တွေမှာ အချို့ကောက်နှုတ်ချက်တွေဟာ ရဲတပ်ဖွဲ့ရဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေတဲ့အတွက်ကြောင့် အမှုဖွင့်ထားခြင်းဖြစ်သည်။

Image may contain: 1 person, outdoor

အီလက်ထရောနစ်ဥပဒေပုဒ်မ ၃၄(ဃ) ဟာ အာမခံပေးလို့ရတဲ့ပုဒ်မဖြစ်ပြီးတော့ ငွေဒဏ် သိန်း ၅၀ သို့မဟုတ် ထောင်ဒဏ် ၁နှစ်ကနေ ၃နှစ်အထိ ကျခံနိုင်တယ်လို့ ပြဌာန်းထားပါတယ်။ သက္ကမိုးညိုဟာ ငွေကျပ်သိန်း (၁၀၀) နဲ့ အာမခံရရှိခဲ့တာဖြစ်ပါတယ်။

Image may contain: 1 person

 

Myanmar News