Wisdom Hill ကျောင်းမှာ တိုက်ကွမ်ဒိုနည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးဇော်မင်းထွန်းရေးတဲ့စာ

ကျွန်တော်ပြောချင်ပါတယ် ဆရာဦးပညာ မပြောသင့်ဘူးလို့ထင်ပြီးနေခဲ့တာ အခုတော့ ဆရာနဲ့ အတူ တခြား ဆရာ/ဆရာမတွေ ကျောင်းသိက္ခာတွေ လုံးပါးပါးတော့မယ် WISDOM HILLဆိုတာ ဒီကိစ္စမတိုင်ခင်က အရမ်းအောင်မြင်ခဲ့တဲ့ကျောင်းပါ ။WISDOM HILLမှာ တိုက်ကွမ်ဒိုနည်းပြအဖြစ် ဧပြီလကုန်ထိ သင်ကြားပေးခဲ့ပါတယ်။ဆရာကိုယ်တိုင် ကျွန်တော့် ကိုနည်းပြအဖြစ် ယုံကြည်စွာ တာဝန်ပေးအပ်ခဲ့လို့ ကျောင်း သိက္ခာနဲ့ ဆရာတို့ရဲ့ သိက္ခ္ဒာအတွက် ကျွန်တော်ဝင်ပြောမှဖြစ်မယ်ထင်တယ်။

နေ့လည်က ဆရာ့ အင်တာဗျူး ကြည့်လိုက်ရတယ် ။ကားသမားအောင်ကြီးမဖြစ်နိုင်ဘူးဆို တာ ကျွန်တော် သိလိုက်တယ်။ တကယ့်တရားခံအစစ်ကို ဆရာဖြေဖို့ခက်ခဲနေတယ်ဆိုတာ ရိပ်မိလိုက်တယ်။တရားခံအစစ်မိသားစုနဲ့ ဆရာတို့ အချိန်ကုန်ငွေကုန် လူပင်ပန်းခံတည်ဆောက်ထားတဲ့ ကျောင်းနဲ့ မိသားစုများစွာအတွက် အလုပ်လုပ်နေတဲ့ ဆရာ/ဆရာမတွေ သိက္ခာ ကျောင်းကိုယုံကြည်စွာအပ်နှံထားတဲ့ ကလေးမိဘတွေရဲ့ သိက္ခာ ကိုငဲ့ညှာသောအားဖြင့် တရားခံအစစ်ကိုဖော်ထုတ်ပေးပါ ကျေးဇူးပြု၍။

တကယ်ဆို မူကြိုကျောင်းအုပ်ကိုအစစအရာရာ တာဝန်အပြည့်ယူခိုင်းပါ ဆရာဦးပညာတို့ဘက်က အမှန်တရားအတွက် ဖြေဖို့မခက်ခဲပါနဲ့လို့ အကြံပေးပါရစေ ။ ခံလိုက်ရတဲ့ ကလေးမိဘနေရာမှာ ဝင်ပြီးခနလောက် ခံစားပေးပါ။ စွပ်စွဲခံရသူရဲ့ မိသားစုနေရာမှာ ဝင်ပြီးစာနာပေးပါ။

လေးစားစွာဖြင့် ဦးဇော်မင်းထွန်း

Myanmar News