ဦးသောဝိဏအဖြစ် သာသနာ့ဘောင်ကို ဝင်ရောက်သွားတဲ့ အဆိုတော် ဟိန်းမင်းသူ

ဟိန်းမင်းသူကတော့ နှုတ်ခမ်းနီမလေးတွေရဲ့ အားပေးမှုကို အခိုင်အမာ အပြည့်အ၀ရရှိထားတဲ့ အဆိုတော် တစ်ဦးပဲဖြစ်ပါတယ်။ ယောက်ျားပီသတဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့ ဆွဲဆောင်မှုရှိတဲပမျက်နှာလေးကိုပိုင်ဆိုင်ထားတာကြောင့် ယောက်ျားလေးပရိသတ်တွေရဲ့ အားကျမှုကို ရရှိထားတဲ့ သူဆိုရင်လည်းမမှားပါဘူးနော်။

နှုတ်ခမ်းနီမလေးတွေရဲ့ သည်းသည်းလှုပ်အားပေးမှုကိုရရှိတာကြောင့် ယောက်ျားလေးပရိသတ်တွေရဲ့ Trollခြင်း၊စနောက်ခြင်းကို ခံနေရတဲ့ အောင်မြင်တဲ့အမျိုးသားအနုပညာရှင်တွေထဲမှာလည်း ဟိန်းမင်းသူက တစ်ယောက်အပါအ၀င်ဖြစ်နေပါတယ်။ဟိန်မင်းသူရဲ့ “တိုးတိုးတိတ်တိတ်”သီချင်းဟာဆိုရင်လည်း ထွက်ရှိလာချိန်မှာ လူငယ်တွေရဲ့ ပါးစပ်ဖျားမှာ စွဲနေအောင် ရေဗန်းစားပြီးအောင်မြင်ခဲ့တာလည်းအမှန်ပါ။

လတ်တလောမှာတော့ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲဖြစ်တဲ့ အဆိုတော်ဟိန်းမင်းသူက “ဦးသောဝိဏ” အဖြစ်နဲ့ သာသနာ့ဘောင်ကို ခဏတာဝင်ရောက်သွားတာပဲဖြစ်ပါတယ်။သူရဲ့လူမှုကွန်ရက်စာမျက်နှာကနေ “လူနတ်ဗြဟ္မာသတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေ”ဆိုပြီး ရဟန်းဝတ်နဲ့ ရွှေတိဂုံဘုရားသွားရောက်ဖူးမြော်နေတဲ့ ပုံတွေကိုဖော်ပြထားတာပဲဖြစ်ပါတယ်။ပရိသတ်ကြီးရေ သာသနာ့ဘောင်ကို ဝင်ရောက်နေတဲ့ ဟိန်းမင်းသူအတွက် သာဓုခေါ်သွားပေးပါဦးနော်..

Source : Hein Min Thu

Myanmar News