၆၃ နှစ်အရွယ် သန်းကြွယ်သူဌေးကြီးက ၂၅ နှစ်အရွယ်မိန်းကလေးအား လက်ထပ်ခွင့်တောင်း

ပြင်သစ်နိုင်ငံတွင် ပြုလုပ်သွားသည့် ကိန်းစ်ရုပ်ရှင်ပွဲတော်တွင် အသက် ၆၃ နှစ်အရွယ် အမျိုးသားကြီးက အသက် ၂၅ နှစ်အရွယ် မိန်းမချောကို လက်ထပ်ခွင့် တောင်းခဲ့ရာ ယင်းအဖြစ်အပျက်သည် လူ အများ သတိထားမိစရာဖြစ်သွားသည်။ အဆိုပါအမျိုးသားမှာ မီလို့စ်ကန့်ဖြစ်ပြီး ၎င်းသည် ဂရိကလပ်ပိုင်ရှင် သန်းကြွယ်သူ ဌေးကြီးဖြစ်သည်။ မိန်းကလေးမှာ နာမည် ရခါစမော်ဒယ်ဖြစ်သည်။ လက်ထပ်ခွင့် တောင်းခံရသည်ကို မိန်းကလေးက ဝမ်း ပန်းတသာ လက်ခံလိုက်ရသည်။ ၎င်းတို့ သည် ဧပြီလ ၁၅ ရက်ကမှ စတွဲခဲ့ကြခြင်း ဖြစ်သည်။

မီလို့စ်ကန့် ပူးတွဲပိုင်ဆိုင်သည့်နိုက်ကလပ်တစ်ခုတွင် မစ္စအရန်ဟာက ဝတ်လစ်စားလစ်အကဖြင့် ဖျော်ဖြေခဲ့ရာယင်းကိုတွေ့ပြီး သူဌေးကြီးက ၎င်းကို အ ရူးအမူးစွဲလမ်းသွားခြင်းဖြစ်မည်ဟု ယူဆ ရသည်။ မစ္စ အရန်ဟာသည် ပေါ်တူဂီနာ မည်ကျော် ရုပ်သံအစီအစဉ်တစ်ခုတွင် ပါဝင်ခဲ့ပြီး ဆုရခဲ့သူဖြစ်သည်။ ထို့နောက် ၎င်းက မော်ဒယ်အဖြစ် အလုပ်လုပ်ပြီး ခင်ပွန်းလောင်းဖြစ်လာမည့် သူဌေးကြီး ပူးတွဲပိုင်သည့် နိုက်ကလပ်တွင် အချိန်ပိုင်း ဝင်အလုပ်လုပ်ခဲ့ရာ သူဌေးကြီးနှင့် ငြိသွား ခြင်းဖြစ်သည်။

၎င်းတို့နှစ်ဦးချစ်သူဖြစ်နေပြီဟု လူမှုကွန်ရက်စာမျက်နှာတွင် တရား ဝင်ကြေညာလိုက်ရာ ယင်းကြေညာချက် သည် အွန်လိုင်းသုံးစွဲသူများကြား ပွက် လောညံသွားခဲ့သည်။ အကြောင်းမှာ အ ဆိုပါချစ်သူနှစ်ဦးသည် အသက် ၄၀ နီးပါး အသက်ကွာနေ၍ပင်။ ဝေဖန်ချက်များကို မစ္စအရန်ဟာက လက်မခံဘဲ ပယ်ချလေ့ရှိ သည်။ မစ္စတာ ကန့်သည်မိန်းကလေး၏ အဖေထက်ပင် အသက်ကြီးလိမ့်ဦးမည် ဆိုသည့် ဝေဖန်ချက်ကို အသက် ၆၃ နှစ် အရွယ်သန်းကြွယ်သူဌေးကြီး မစ္စတာ ကန့်က ဒေါသတကြီးတုံ့ပြန်ခဲ့သည်။

Credit-ပြည်မြန်မာ

Myanmar News