သွပ်မိုး၊သွပ်ကာ အိမ်လေးကို မေတ္တာတွေနဲ့ နေချင်စဖွယ်ဖန်တီးလိုက်တဲ့ ကောင်းကျော်တို့ ဇနီးမောင်နှံ

ဟာသသရုပ်ဆောင် လူရွှင်တော်ကြီး ကောင်းကျော် ဟာဆိုရင် ရွှေညီအစ်ကို ဆိုတဲ့ လူရွှင်တော်အဖွဲ့နဲ့ ပရိသတ်တွေ ရဲ့ အားပေးမှု များစွာရရှိထားတာပဲ ဖြစ်ပါတယ်။သူ့ရဲ့ ပြောင်မြောက်တဲ့ ဟာသ ပညာတွေနဲ့ ပရိသတ်တွေကို အမြဲပျော်ရွှင်စေခဲ့တာပါ။ ဒီတစ်ခါမှာတော့ ချစ်ပရိသတ်တွေအတွက် ဦးကောင်းကျော် ရဲ့ အိမ်လေး အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

ဦးကောင်းကျော် က ချစ်ရတဲ့ ဇနီးနဲ့ အတူ အနုပညာအလုပ်တွေကြိုစားလုပ်ရင်း ဘဝကို အေးချမ်းပျော်ရွှင်စွာ ဖြတ်သန်းနေသူပါ။ ဦးကောင်းကျော် က သူ့ရဲ့ ယခင် သွပ်မိုးသွပ်ကာ အိမ်လေးကို နေချင်စရာအိမ်လေး ဖြစ်အောင် ဖန်တီးထားတာပဲ ဖြစ်ပါတယ်။

ဦးကောင်းကျော်က သူ့ရဲ့ သွပ်မိုးသွပ်ကာ အိမ်လေးကို အပူဒဏ် သက်သာအောင် စပြီး ပြင်ဆင်ရာက နေ ခုလိုအစောင်အသွေးစုံလင်ပြီး နွေးထွေးတဲ့ အိမ်ကလေး အဖြစ်ဇနီးမောင်နှံ နှစ်ယောက် ကြိုးကြိုးစားစား ဖန်တီးဖြစ်ခဲ့တယ်လို့ ပြောပြထားပါတယ်။

အိမ်လေးဆောက်ရင်း အကြွေးအနည်းငယ် တင်သွားပေမယ့် ခုလို လှလှပပ ပြင်ဆင်ခွင့်ရလို့ ကျေနပ်နေတယ်လို့လည်း ပြောထားပါတယ်။

ဦးကောင်းကျော် တို့ဇနီးမောင်နှံ ရဲ့ အိမ်လေးကို ဆက်လက်ကြည့်ရူပေးကြပါဦးနော်။

လူရွှင်တော် ဦးကောင်းကျော် ရဲ့ လှပတဲ့ အိမ်လေး ပြင်ဆင်ဖြစ်တဲ့ အကြောင်းကို ပရိသတ်ကြီး သိလောက်ပြီထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ ပရိသတ်ကြီး ကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Credit-မိုမိုလေး

Myanmar News