ကိုယ်ပိုင်သံစဉ် “အမလေး ချစ်တယ်” သီချင်းနဲ့ အဆိုတော်ကြီးတစ်ယောက်လို ဟန်အပြည့်နဲ့ သီချင်းဆိုနေတဲ့ သမီးလေးရဲ့ ဗီဒီယိုကို မျှဝေလာတဲ့ အေသင်ချိုဆွေ

နိုင်ငံကျော် အဆိုတော်တစ်ယောက်ဖြစ်တဲ့ အေသင်ချိုဆွေက သူမရဲ့ ပထမဦးဆုံးအယ်လ်ဘမ်ဖြစ်တဲ့ “ပေါက်တဲ့အိုး” အခွေနဲ့ အောင်မြင်မှုရရှိလာသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ အေသင်ချိုဆွေက လက်ရှိမှာတော့ သမီးလေး Ivy ကို Single Mother တစ်ယောက်အနေနဲ့ ပြုစုပျိုးထောင်နေရင်း အနုပညာလုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း အေသင်ချိုဆွေအပြင် သူမရဲ့ သမီးလေး Ivy ကိုပါ ချစ်ခင်အားပေးကြလျက်ရှိတာကို တွေ့ရပါတယ်။

အေသင်ချိုဆွေကလည်း ပရိသတ်တွေချစ်ကြတဲ့ သူမရဲ့သမီး Ivy ရဲ့ ချစ်စဖွယ် အမူအယာလေးတွေကို မျှဝေပေးလေ့ရှိသူတစ်ယောက်ပဲ ဖြစ်ပါတယ်။

Image may contain: one or more people, people sitting and indoor

ဒီကနေ့မှာလည်း အေသင်ချိုဆွေက တကယ့်အဆိုတော်ကြီးတစ်ယောက်လို ဟန်ပန်အပြည့်နဲ့ သီချင်းဆိုနေတဲ့ သမီးလေး Ivy ရဲ့ ပုံရိပ်လေးကို ဗီဒီယိုလေးရိုက်ပြီး မျှဝေပေးလာပါတယ်။ ပရိသတ်ကြီးအတွက် အေသင်ချိုဆွေရဲ့ သမီးလေး Ivy ရဲ့ ချစ်စဖွယ် ဗီဒီယိုလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

အေသင်ချိုဆွေရဲ့ သမီးလေး Ivy ကတော့ ကိုယ်ပိုင်သံစဉ် “အမလေး ချစ်တယ်” သီချင်းနဲ့ အဆိုတော်ကြီးတစ်ယောက်လို ဟန်အပြည့်နဲ့ သီချင်းဆိုနေတာ အရမ်းချစ်စရာကောင်းတာပဲနော်။ ပရိသတ်ကြီးလည်း Ivy ရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး အသည်းယားနေကြမယ် ထင်ပါတယ်။

Image may contain: 1 person, sitting and child

ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Athen Cho Swe’s fb

Myanmar News