ခင်ပွန်းဖြစ်သူအတွက် ရင်ထဲက စကားတွေနဲ့ မွေးနေ့ဆုတောင်းလာတဲ့ ခရစ္စတီးနားခီ

သူ့ရင်ထဲက စကားတွေနဲ့ ဆုတောင်းပေးခဲ့တာပါ။ ဇဏ်ခီကတော့ ထိပ်စီးပြောင်းသွားတဲ့ မွေးနေ့လေးမှာ ချစ်ဇနီးလေးရဲ့ မွေးနေ့ဆုတောင်းနဲ့ ပရိသတ်တွေရဲ့ မွေးနေ့ဆုတောင်းတွေကြောင့် ဝမ်းသာပီတိဖြစ်လို့နေပါတယ်။

သရုပ်ဆောင် ဇဏ်ခီရဲ့ မွေးနေ့မှာ ချစ်ရတဲ့ ဇနီးချောလေး ခရစ္စတီးနားခီက အခုလို မွေးနေ့ဆုတောင်း စကားတွေ ပြောပြလာပါတယ်။ သြဂုတ်လ(၂၅) ရက်နေ့ကတော့ ဇဏ်ခီရဲ့ မွေးနေ့လေးဖြစ်ပါတယ်။

Image may contain: 2 people, people standing, shoes, sky and outdoor

” Happy Birthday,My Love!! ပညာနဲ့ယှဉ်တွဲပြီးမှ လုပ်ရသောအနုပညာ၊ သစ္စာတရားနဲ့ယှဉ်တွဲပြီးမှ ရပ်တည်ရသော ခံယူချက်၊ မေတ္တာနဲ့ယှဉ်တွဲပြီးမှ ဝေမျှရသော ဒါနကုသိုလ် တို့ဖြင့်သာ ဘဝကို အနှောင့်အယှက်ကင်းကင်းဆက်လက်လျှောက်လှမ်းနိုင်ပါစေလို့ဆုတောင်းပေးပါတယ်နော်…Love you so much!!” ဆိုပြီးတော့ သြဂုတ်လ(၂၅) ရက်နေ့ ညနေ ၅ နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။

သရုပ်ဆောင် ဇဏ်ခီကလည်း ၂၀၂၀ ခုနှစ် သြဂုတ်လ(၂၅) ရက်နေ့ မွေးနေ့ကတော့ သူ့ရဲ့ အသက်(၄၀) ပြည့်မွေးနေ့ဖြစ်တယ်လို့ အလှဓာတ်ပုံလေးတွေကနေတဆင့် ပရိသတ်ကို အသိပေးလိုက်တာ ဖြစ်ပါတယ်။

” ထိပ်စီးနံပါတ်ပြောင်းတဲ့နေ့.. (feeling Oops! 😄) မွေးနေ့ဆုတောင်းပေးသူတစ်ဦးတယောက်ချင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်။ မွေးနေ့တူသူများအားလုံးကိုလည်း Happy Birthday! ပါနော။ အားလုံးလဲ လိုအင်ဆန္ဒတွေပြည့်စုံကြပါစေ.. ” ဆိုပြီးတော့လည်း ဇဏ်ခီက သြဂုတ်လ(၂၅) ရက်နေ့ ညနေ (၆) နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါသေးတယ်။

သရုပ်ဆောင် ဇဏ်ခီနဲ့ ခရစ္စတီးနားခီတို့ ဇနီးမောင်နှံကိုတော့ “ဥပါယ်တံမျဉ်” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကနေတဆင့် ပရိသတ်တွေ အားပေးလာခဲ့ကြတာဖြစ်ပါတယ်။ အဲဒီနောက် ဒုတိယမြောက် ရုပ်ရှင်ဖြစ်တဲ့”မုဒြာရဲ့ ခေါ်သံ” ရုပ်ရှင်ကားကြီးရိုက်ကူးခဲ့ကြပါတယ်။ တတိယမြောက်ရုပ်ရှင်ကားကြီးဖြစ်တဲ့ ” ထာဝရနှောင်ကြိုး” ဆိုတဲ့ ရုပ်ရှင်ကားကြီးမှာလည်း ပရိသတ်တွေရဲ့ အားပေးမှုကို ပိုမို ရရှိလာခဲ့ကြတာ တွေ့ရပါတယ်။

ဆယ်လီရပ်ကွက်

Myanmar News