ကားသစ်ကို မကွေးမြသလွန်ဘုရားလာပြရာကအပြန် ကားတစ်စီးမြစ်ထဲထိုးကျ

ကားသစ်ကို ဘုရားလာပြရာက အပြန် မြစ်ထဲထိုးကျသွားတာ ဖြစ်ပါတယ်။ မကွေးမြသလွန်ဘုရားကအပြန် ကားတစင်းမြစ်ထဲထိုးကျ၊ခဲ့ပေမယ့် လူထိခိုက်ဒဏ်ရာ ရရှိမှုမရှိခဲ့ဘူးလို့ သိရပါတယ်။ အဆိုပါ ကားဟာ လတ်တလောကမှဝယ်ယူထားတဲ့ ကားအသစ်တစ်စီးဖြစ်တာကြောင့် ကားကို မကွေးမြသလွန်ဘုရား လာရောက်ပြသရာကနေ အပြန်မှာ မြစ်ထဲကိုထိုးကျသွားခဲ့တာဖြစ်တယ်လို့ တိုင်းမီးသတ်ဌာနကနေ သိရပါတယ်။

”ကားအသစ်ကို ဘုရားပြတာပေါ့ မောင်ရင်လောင်းနတ်ပြသလိုပေါ့ ပြပြီးအပြန် သေးဆင်းပေါက်တာ ဂီယာကဖရီးဆိုတော့ ဟမ်းဘရိတ်မဆွဲထားတော့ တဖြည်းဖြည်းခြင်းလိမ့်ပြီးကျသွားတာ အနက်က ၁၀ပေလောက်ရှိမယ် ရေထဲမှာကားကဘေးစောင်း ၊အဲဒီအပေါ်လူတက်ရပ်တော့ ရင်စို့လောက်ရှိတယ် မနက်၎နာရီခွဲလောက်ကျတယ်ပြောတယ်။ ဒီကိုအကြောင်းကြားတာက၅နာရီ၄၅လောက်မှာပါ”လို့မကွေးတိုင်း မီးသတ်ဦးစီးဌာနမှညွှန် ကြားရေးမှူး ဦးအောင်ဝင်းစိန်ကပြောပါတယ်။

ယနေ့ သြဂုတ်လ ၁ရက်နေ့ မနက် ၄နာရီခွဲလောက်က မကွေးမြို့နယ်၊နကပ်ကျွန်းကျေးရွာအုပ်စု၊ကျွန်းစုကျေးရွာအနီး မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ယာဉ်ကို ကို​ကျော်သူမြင့်ဆိုသူက မောင်းနှင်ပြီး FORD အမျိုး အစား အဖြူရောင်ကားဖြစ်တယ်လို့သိရပါတယ်။ လက်ရှိမှာတော့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို တိုင်းမီးသတ်တပ်ဖွဲ့ ညွှန်ကြားရေးမှူးကိုယ်တိုင်ဦးစီးလုပ်ဆောင်ခဲ့ကြပြီး ကယ်ဆယ်မှုအားလုံးဟာ မနက်ပိုင်းမှာ အားလုံးပြီးစီးခဲ့တယ်လို့သိရပါတယ်။

ဓူဝံ

Myanmar News