မြိတ် မြို့ကျက်သရေဆောင်အဖြစ်ပြုလုပ်ထားသော ခရုပုံရုပ်တုကြီးသို့ လာရောက်အပန်းဖြေသူများနေဟုဆို

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့အ၀င်တံတားအနီးတွင် မြို့ကျက်သရေဆောင်အဖြစ်ပြုလုပ်ထားသော ခရုပုံရုပ်တုကြီးသို့ လာရောက်ကြည့်ရှူ အပန်းဖြေသူများနေကြောင်း မြိတ်မြို့တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဝင်းထွန်းက သြဂုတ်လ ၁ ရက်တွင်ပြောသည်။

အဆိုပါ ခရုပုံရုပ်တုကို အများပြည်သူအပန်းဖြေနိုင်ရန် မြိတ်မြို့အဝင် ကျောက်ဖျာကျေးရွာထိပ် Welcome to Myeik စာတန်းအနီး တွင် မြိတ်မြို့စည်ပင်သာယာရေးကော်မတီမှ အလှပန်းခြံ ပြုလုပ်ကာ ဇူလိုင်လ လယ်ခန့်က ဆောင်ရွက်ပေးထားခြင်းဖြစ်ကြောင်းသိရသည်။

Image may contain: cloud, sky and outdoor

“မြိတ်မြို့က ပင်လယ်ဆိပ်ကမ်းမြို့လည်းဖြစ်တယ်။ရေလုပ်ငန်းနဲ့ အသက်မွေးကြတော့ ပင်လယ်ထွက်ပစ္စည်းဖြစ်တဲ့ ခရုတို့ ၊ဂဏန်းတို့ ဆိုတာက အမှတ်တရပစ္စည်းတွေဖြစ်တော့ အထိန်းအမှတ်တစ်ခုအဖြစ် ထားရှိတာပါ။လောလောဆယ်တော့ ဒေသခံတွေရော၊ခရီးသွားတွေအတွက်ပါ အပန်းဖြေတဲ့နေရာတစ်ခုဖြစ်နေတယ်။နေ့စဉ် လူဦးရေ ရာကျော် လာရောက်ကြတယ်။ရုံးပိတ်ရက်တွေဆို ပိုများနေတယ်”ဟု ၄င်းကပြောသည်။

No photo description available.

ပြည်မြန်မာ

Myanmar News