ကျပ်တစ်သောင်းတန်အုပ်တွေမှာ တစ်ထောင်တန်တွေ အစားထိုးထည့်ပြီး သိန်း ၅၀၀၀ နီးပါး အလွဲသုံးစားလုပ်ခဲ့တဲ့ ဘဏ်ဝန်ထမ်းကို ဖမ်းဆီး

Last modified date

ကျပ်တစ်သောင်းတန်အုပ်တွေမှာ တစ်ထောင်တန်တွေ အစားထိုးထည့်ပြီး သိန်း ၅၀၀၀ နီးပါး အလွဲသုံးစားလုပ်ခဲ့တဲ့ ဘဏ်ဝန်ထမ်းကို ဖမ်းဆီးအရေးယူထားတယ်လို့ ရွှေဘိုမြို့မရဲစခန်းထံမှ သိရပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့ရှိ KBZ ဘဏ်ခွဲ ၁ မှဝန်ထမ်းတစ်ဦးဟာ ငွေကျပ်သိန်းပေါင်း (၄၈၅၁) သိန်းကို အခုလို အလွဲသုံးစားလုပ်လို့ သက်ဆိုင်ရာပုဒ်မ အသီးသီးနဲ့ ဖမ်းဆီးခဲ့ရတယ် လို့ ရွှေဘိုမြို့မရဲစခန်းတာဝန်ရှိသူတစ်ဦးကပြောပါတယ်။

Image may contain: outdoor

ဖြစ်စဉ်ကတော့ မေ ၁၉ ရက် ညနေ ၃နာရီခန့်က ဘဏ်ကို ငွေလာထုတ်ယူသူတစ်ဦးက ငွေရေတွက်စစ်ဆေးတဲ့အချိန် ကျပ်တစ်သောင်းအုပ်တစ်အုပ်မှာ တစ်သောင်းကျပ်တန်နှစ်ရွက်ကို အပေါ်နဲ့ အောက် တစ်ရွက်စီ ညှပ်ထားပြီး ကျန်တဲ့(၉၈)ရွက်ကို တစ်ထောင်ကျပ်တန်တွေနဲ့ အစားထိုးထည့်ထားတာတွေ့ရှိရကြောင်း ဘဏ်တာဝန်ရှိသူတွေအား အကြောင်းကြားခဲ့လို့ သိရှိခဲ့ရတာပါ။

Image may contain: outdoor

ဘဏ်တာဝန်ရှိသူတွေက ငွေထုတ်ကောင်တာနဲ့ ငွေသိုလှောင်ခန်းအတွင်း ဝင်ရောက်စစ်ဆေးခဲ့ရာ ငွေထုတ်ကောင်တာမှာ အစားထိုးလဲလှယ်ထားတဲ့ တစ်သောင်းတန်အုပ် သိန်း (၁၀၀) စည်း (၁၅) ထုပ် နဲ့ ငွေသိုလှောင်ခန်းမှာ အစားထိုးလဲလှယ်ထားတဲ့ တစ်သောင်းတန်အုပ် သိန်း (၁၀၀) စည်း (၄၀)ထုပ်ကို တွေ့ရှိခဲ့ရပါတယ်။

Image may contain: 1 person, sky, motorcycle and outdoor

အဲဒီ တစ်သောင်းတန်အုပ်တွေဟာ စုစုပေါင်း ငွေသိန်း (၅၅၀၀)ကျပ်ရှိရမှာ ဖြစ်ပေမယ့် ငွေ (၆၄၉) သိန်းကျပ်သာရှိပြီး စုစုပေါင်းငွေသိန်းပေါင်း (၄၈၅၁) ကွာဟနေတာကို တွေ့ရှိရလို့ ဘဏ်တာဝန်ရှိသူက ရွှေဘိုမြို့မရဲစခန်းမှာ မေ ၂၀ ရက် ညပိုင်းက အမှုဖွင့်တိုင်ကြားခဲ့တာပါ။ ပြစ်မူကျူးလွန်သူကို ဖော်ထုတ်ဖမ်းဆီးရမိတဲ့ အခါမှာ လောင်းကစားလုပ်မိခဲ့တာလို့ ဖြောင့်ချက်ပေးကြောင်း ရွှေဘိုမြို့မရဲစခန်းထံမှ သိရပါတယ်။

Image may contain: 1 person, sky, motorcycle and outdoor

ရွှေဘိုမြို့မရဲစခန်းက အဲဒီဘဏ်ဝန်ထမ်းကို (ပ)၃၁၈/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ-၄၀၈ နဲ့ (ပ)၃၁၉/၂၀၂၀၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ- ၃၀၉ တို့နဲ့ အမှုဖွင့်ထားပြီး တရားရုံးချုပ်မိန့် ရယူကာ ရွှေဘိုအကျဉ်းထောင်သို့ ပို့ဆောင်ခဲ့ပါတယ်။

ဝမ်းနယူးစ်မြန်မာ

Myanmar News