တာမွေမြို့နယ် အရိုးကုန်းရပ်ကွက်အတွင်းရှိ တိုက်တစ်လုံးပြိုကျ

ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊အရိုးကုန်းရပ် ကွက်၊ အရိုးကုန်းလမ်း နှင့် ဦးလွန်းလမ်းထောင့် ရှိ အ မှတ်(၅ A) (၄)လွှာ တိုက်တလုံး ပြိုကျမှု (ယနေ့) မေလ ၂၁ ရက် နံနက် ၂ နာရီခန့် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါတိုက်ပြိုကျမှုမှာ တိုက်၏အနောက်ဘက်အခြမ်း ပြိုကျခဲ့ခြင်း ဖြစ်ပြီး တိုက်အတွင်း ပိတ်မိနေသော အမျိုး သားတဦး ဒဏ်ရာရရှိခဲ့ကြောင်း လူမှုကူညီကယ် ဆယ်ရေးအဖွဲ့ (ရန်ကုန်)YRO မှသိရသည်။

Image may contain: one or more people and outdoor

ထိုဖြစ်စဉ်ကြောင့် အရေးပေါ်လူနာတင်ယာဉ် (၁၄)စီး၊ ရှာဖွေကယ်ဆယ်ရေး အထောက်အကူပြုယာဉ် (၁)စီး၊ စေတနာ့ ဝန်ထမ်းအင်အား (၅၃) ဦးတို့ဖြင့် ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်ခဲ့ကြောင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ (ရန်ကုန်)YRO ဒုဥက္ကဌဦးဝင်းသူက ပြောသည်။

Image may contain: one or more people

“အဲဒီတိုက်က အန္တရာယ်ရှိ အဆောက်အအုံဆိုပြီး စာရေးထားတာကြာပြီ။ လေရော၊မိုးရော တပြိုင်တည်း ဖြစ်ပြီးတော့ တိုက်ပြိုကျတယ်လို့ သိရတယ်”ဟု ၎င်းကပြော သည်။ တိုက်ပြုကျမှုကြောင့် ဒဏ်ရာရရှိသွားသောအမျိုးသားအား သင်္ကန်းကျွန်း စံပြ ဆေးရုံတွင် ဆေးကုသမှုမှု ခံယူရန် ပို့ ဆောင်ထားပြီး အသက်အန္တရာယ် စိုးရိမ်ဖွယ် မရှိကြောင်း YRO အသင်းမှ ဦးစိန်သောင်းက ပြောသည်။

Image may contain: one or more people

“လူနာက အသက်အန္တရာယ် မစိုးရိမ်ရတော့ပါဘူး။ပိတ်မိတဲ့ တိုက်ကြားထဲကနေ ချက်ချင်း အပြင်သယ်ထုတ်ပြီး မြေပြင်ကုသပေးတယ်။ပြီးတော့ ဆေးရုံကို ချက်ချင်းပို့ပေးလိုက်တယ်”ဟု ၄င်းက ဆိုသည်။ တိုက်ပြိုကျမှုကြောင့် အဆိုပါတိုက်နှင့်အနီးအဝိုက်အား အသွားအလာကန့်ထားကာကြောင်း သိရသည်။

Image may contain: 3 people, outdoor

Myanmar News