တကယ်လိုအပ်နေသူတွေဆီကို မရောက်ရောက်အောင် လှူဒါန်းနိုင်ခဲ့တဲ့ နေတိုး

ခန့်ညားချောမောတဲ့ မင်းသားချောနေတိုးကတော့ မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသားအနေနဲ့ ရပ်တည်နေတဲ့ မင်းသားတစ်လက်ပါ။ အနုပညာပိုင်းမှာအစွမ်းကုန်ကြိုးစားလေ့ရှိတာကြောင့် ပရိသတ်တွေရဲ့အချစ်တွေသာမက အနုပညာနဲ့ပတ်သက်ပြီးအသိအမှတ်ပြုမှုကို ရရှိထားတယ်လို့လည်း ဆိုရမှာပါ။

အောင်မြင်မှုများစွာရရှိထားတဲ့နေတိုးကတော့ Covid-19 ကြောင့် အကြပ်အတည်းဖြစ်နေရတဲ့ကာလမှာလည်း လှူဒါန်းမှုတွေပြုသွားဖို့ ဝန်မလေးသူတစ်ယောက်ပါ။ အခုလည်း သူလှူဒါန်းခဲ့တဲ့အလှူလေးထိရောက်ခဲ့တဲ့အပေါ် လွန်ခဲ့သော 8 .5 .2020 က (FCPN) program မှာ အလှူငွေသိန်း(၃၀)ဆယ် (စာအိတ်၃၀၀)စာ ပါဝင်လှူဒါန်းဖြစ်ပါတယ်။ဒီပုံလေးတွေမြင်ရတော့စိတ်ထဲမှာခံစားမှုများစွာနဲ့အတူပီတိလဲဖြစ်မိပါတယ်။

အခုလိုတကယ်လိုအပ်နေတဲ့သူတွေဆီကိုမရောက်ရောက်အောင်ပို့ပေးနေကြတဲ့ Clean Yangon အဖွဲ့နဲ့အတူ( FCPN )မှတာဝန်ရှိသူများအားလုံးကိုကျေးဇူးအထူးတင်ပါတယ်။ အလှူငွေတွေလဲအများကြီးရပြီးလူမှုအကျိုးများကိုဆထက်တပိုးဆောင်ရွက်နိုင်ကြပါစေခင်ဗျာ ပရိသတ်များလဲကုသိုလ် အမျှရကြပါစေ အားလုံးလဲ ကပ်ရောဂါဆိုးမှကင်းဝေးပြီး စိတ်ချမ်းသာကိုကျန်းမာကြပါစေဆိုပြီးတော့ ရေးသားထားတာပါ။

နေတိုးကတော့ လိုအပ်တဲ့သူတွေကိုအကူအညီရစေဖို့အတွက် သိန်း(၃၀)လှူဒါန်းခဲ့တာပါ။ ဒီငွေတွေဟာလည်း အမှန်တကယ်လိုအပ်တဲ့သူတွေလက်ထဲကိုရောက်ရှိသွားခဲ့ပါပြီ။ နောက်ထပ်လည်း အခုလိုမျိုးအကျိုးရှိတဲ့အလှူတွေအများကြီးပြုလုပ်နိုင်ပါစေနော်

Myanmar News