COVID ကာလမှာ လီလီပန်းပင် ရှစ်သောင်းကျော် ဆုံးရှုံးသွားတဲ့ လွင်မိုး

COVID-19 ကာလ တွင် ဈေးကွက်အတွင်းဖြန့်ချိရန်အဆင်မပြေသဖြင့် လီလီပန်း အပင် ရှစ်သောင်းကျော် ဆုံးရှုံးခဲ့ ကြောင်း သရုပ်ဆောင်လွင်မိုးက ပြောသည်။‘‘မတ်၊ ဧပြီ၊ မေက တရုတ် ကနေ လီလီပန်း အဝင်နည်းတဲ့ အတွက် တိုင်ပင်ကိုက်ပြီး စိုက် ထားတာ။ COVID ဖြစ်တဲ့ အ တွက် နယ်တွေကို ဖြန့်လို့မရဘူး။ ရန်ကုန်ကိုပဲ ပို့လို့ရတယ်။ ရန် ကုန်မှာလည်း ရပ်ကွက်တွေက Lockdown ချထားတာနဲ့ Deli-very အတွက် ကားတွေမလုံ လောက်တာနဲ့ ပန်းတွေက မထိန်း နိုင်ဘဲပွင့်သွားတာ’’ ဟု ၎င်းက ပြောသည်။

ထို့ကြောင့်စိုက်ခင်းအနီးအ နားရှိ ဘုန်းကြီးကျောင်းများသို့ လှူဒါန်းဖြစ်သလို လိုချင်သူများ ကိုလည်း ပေးဖြစ်ကြောင်း လွင်မိုး ကဆိုသည်။ လီလီပန်း တစ်ပင် လျှင် အိမ်အရောက်ပို့စနစ်ဖြင့် ကျပ် ၁,၅၀၀ သတ်မှတ်ကာ ရောင်းချခြင်းဖြစ်ပြီး ကိုယ်စား လှယ်များကိုလည်း ကျပ် ၈၀၀၊ ကျပ် ၁,၀၀၀ ဖြင့် ဖြန့်ချိပေးဖြစ် ကြောင်း လွင်မိုးကပြောသည်။လီလီပန်းသည် ရက်ပေါင်း ၇၀ မှ ၉၀ ကြားတွင် ပွင့်သော ကြောင့် COVID-19 အခြေအနေ ပေါ်တွင် မူတည်ကာ ထပ်မံစိုက် ပျိုးသွားမည်ဟု ၎င်းကဆိုသည်။

အစိမ်းရောင်လမ်း - လီလီပန်း ...

ပြီးခဲ့သည့်ရက်က အမေများ အဖွဲ့ကို လှူဖြစ်သည့်အကြောင်း နှင့်ပတ်သက်၍လည်း လွင်မိုးက ‘‘ပါရာဒီဆို ရုပ်ရှင်ရုံဖွင့်ပွဲတွေမှာ အထိမ်းအမှတ်အနေနဲ့ မမများ အဖွဲ့တို့၊ ကိုလူချောအဖွဲ့တို့ကို ပိုက်ဆံ လှူတာတွေရှိတယ်။

လီလီပန်းတွေအထားခံအောင် ဘယ်လိုစနစ် ...

အမေများအဖွဲ့ကို လှူလည်းမလှူ ရသေးဘူး။ COVID လည်းဖြစ် တော့ သူတို့လည်း အခက်အခဲဖြစ် တယ်။ အမေများနေ့နဲ့လည်း တိုက်ဆိုင်လို့ သွားလှူဖြစ်တာပါ’’ ဟု လွင်မိုးကပြောသည်။လွင်မိုးက မေလ ၁၀ ရက် တွင် အမေများအဖွဲ့ဝင်တစ်ဦး လျှင် ကျပ်ငါးသောင်းစီနှင့် အ စားအသောက်များ လှူဒါန်းခဲ့ ခြင်းဖြစ်သည်။

Myanmar News