ဒဏ်ငွေရိုက်ခံရမှာ စိုးရိမ်လို့ ပရိသတ်တွေကို Mask တပ်ဖို့သတိပေးလာတဲ့ ယွန်းယွန်း

မြန်မာတပြည်လုံးသာမက တစ်ကမ္ဘာလုံးမှာ ပြန့်နှံ့နေတဲ့ Covid 19 ကြောင့် အားလုံးအိမ်ထဲမှာနေကြဖို့ နဲ့ မဖြစ်မနေ အပြင်ထွက်ရမယ်ဆိုရင် လည်း Mask တပ်ဖို့ လက်ဆေးဖို့တွေကို အနုပညာရှင်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေက သတိပေးချက်တွေ ထုတ်ပြန်ထားတာဖြစ်ပါတယ် ။ Stay Home ဆိုတဲ့ ဆောင်ပုဒ်နဲ့အတူ ပရိသတ်တွေရော အနုပညာရှင်တော်တော်များများပါ အိမ်မှာနေပြီး Covid 19 ကိုကာကွယ်နေကြတာပဲဖြစ်ပါတယ် ။

ပရိသတ်ချစ်တဲ့ မင်းသမီးချောလေး ယွန်းယွန်းကလည်း အိမ်မှာနေရင်း ပရိသတ်တွေ အဆက်မပြတ်အောင် သူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေ သတင်းလေးတွေကို မျှဝေပေးနေတာပဲဖြစ်ပါတယ် ။ လတ်တလောမှာတော့ ယွန်းယွန်းက မေလ (၁၃) ရက်နေ့ကစပြီး mask မတပ်ရင် ဒဏ်ငွေ (၅) ထောင် ပါတဲ့ အပြင်သွားရင် Mask တပ်ကြပါနော် ဆိုတဲ့စာသားလေးနဲ့အတူ ပရိသတ်တွေကို ဒဏ်ငွေရိုက်ခံရမှာစိုးရိမ်လို့ သူမရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ သတိပေးစကားဆိုခဲ့တာဖြစ်ပါတယ် ။

ယွန်းကိုယ်တိုင်လည်း Mask တပ်ပြီး ရိုက်ကူးထားတဲ့ သူမရဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။ ယွန်းကို ချစ်တဲ့ ပရိသတ်ကြီးလည်း ဒဏ်ငွေရိုက်မခံရစေဖို့ Mask တပ်ကြပါလို့ သတိပေးလိုက်ပါရစေနော်။

Myanmar News