COVID-19 လူနာ စီးနင်းခဲ့တဲ့ မီနီအိုးဝေယာဉ်မောင်း ကိုယ်တိုင်လာရောက်အစစ်ဆေးခံ

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက မတ်လ ၂၇ ရက်နေ့ နံနက်အစောပိုင်းက COVID 19 ပိုးတွေ့ရှိထားတဲ့ လူနာ အသစ် (၂) ယောက်ကိုထုတ်ပြန်ကြေငြာခဲ့တာဖြစ်ပါတယ်။

Image may contain: one or more people, people standing, car and outdoor

Image may contain: one or more people, car and outdoor

အဆိုပါ လူနာဟာ အမေရိကန်နိုင်ငံသားခံယူထားသူဖြစ်ပြီးတော့ Qatar Airline နဲ့ ရန်ကုန်မြို့သို့ပြန်လည်ရောက်ရှိလာခဲ့တာပါ။ ဇာတိဖြစ်တဲ့ မန္တလေးမြို့သို့ ခိုင်မန္တလေး အလုံပိတ်ယာဉ်နဲ့ စီးနင်းလာခဲ့တာဖြစ်ပြီးတော့ ကားဝင်းမှ သူနေထိုင်ရာ မြရည်နန္ဒာတိုက်ခန်းသို့ မီနီအိုးဝေနဲ့ ပြန်ခဲ့တာဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဖော်ပြချက်ထဲမှာ ပါရှိခဲ့တာဖြစ်ပါတယ်။

Image may contain: car and outdoor

Image may contain: car and outdoor

ကားဝင်းမှ မြရည်နန္ဒာတိုက်ခန်းသို့ ပို့ဆောင်ပေးခဲ့တဲ့ မီနီအိုးဝေ ယာဉ်မောင်းဟာ ကိုယ်တိုင်လာရောက်အစစ်ဆေးခံခဲ့တယ်လို့ သိရပါတယ်။ လူနာ စီးနင်းခဲ့တဲ့အိုးဝေယာဉ်ကိုလည်း ပိုးသတ်ဆေးဖျန်းလုပ်ငန်းစဉ်တွေ ဆောင်ရွက်နေတာဖြစ်ပါတယ်။

Image may contain: people sitting and outdoor

From Thet Mg’s FB

 

Myanmar News