ရိုက်ကူးရေးကအပြန် ပိုင်ဖြိုးသုတို့ ဇနီးမောင်နှံစီးနင်းလာခဲ့တဲ့ ယာဉ် မတော်တဆမှုဖြစ်ပွား

ဒါရိုက်တာဏကြီးရိုက်ကူးနေတဲ့ ချစ်ခင်စမှော်ရုံ ရုပ်ရှင်ကားကြီးကို COVID 19 ကြောင့် ရပ်နားပြီး အပြန်မှာပဲ ပိုင်ဖြိုးသုတို့ ဇနီးမောင်နှံစီးနင်းလာတဲ့ကားဟာ ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့တာပါ။

Image may contain: 1 person, sitting, standing and outdoor

ပိုင်ဖြိုးသုက သူမကိုစိတ်ပူပြီးမေးမြန်းနေကြသူတွေကို ယခုလိုပဲ စိတ်မပူကြဖို့ ရေးသားလိုက်တာ တွေ့ရပါတယ်။

Image may contain: car

သုသုတို့ကိုသတင်းကြားလို့စိတ်ပူပြီးဖုန်းဆက်မေးကြသူများရှိသလို တချို့ကလည်းပျောက်နေတာကြာလို့ မေးနေကြသူမိတ်ဆွေများလည်းရှိတာမို့ စိတ်မပူကြဖို့အတွက် အခုfacebook ကနေအသိပေးလိုက်ပါတယ်ရှင့်….အခုဖြစ်နေတဲ့ COVID 19 ကြောင့် ကိုဏကြီးရိုက်ကူးလက်စဖြစ်တဲ့ “ချစ်ခင်စမှော်ရုံ” ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးမှုကိုရပ်နားပြီးပြန်လာတဲ့ လမ်းမှာသုသုတို့ယာဉ်မတော်တဆမှုဖြစ်ပါတယ်….

Image may contain: 2 people, people smiling

ကံကောင်းထောက်မစွာနဲ့ အရှေ့ခန်းမှာထိုင်တဲ့သုသုမန်နေဂျာနဲ့ ကားဆရာတို့ Air bagပွင့်သွားတာကြောင့်ဘာမှမဖြစ်ပါဘူး….အနောက်ခန်းမှာထိုင်တဲ့ ကိုဏကြီးနဲ့သုသုကတော့ အနည်းငယ်ထိခိုက်ဒဏ်ရာရကြပါတယ်( စိုးရိမ်စရာမရှိပါ) မျက်နှာဖူးယောင်ပွန်းပဲ့ရုံ ခြေလက်အနည်းငယ်ထိခိုက်မိရုံပါ(အရိုးကျိုးတဲ့အထိမဖြစ်ပါ)….

Image may contain: 2 people, people smiling, people sitting

ပြဿနာဖြစ်ချိန်မှာ ဒဏ်ရာတွေနဲ့‌သုသုတို့နှစ်ယောက်ကို ဆေးရုံပို့စစ်ဆေးပေးကြတဲ့ မသီတာနဲ့ မမီး ကားကိစ္စတွေ ရဲစခန်းမှာလိုက်ရှင်းပေးကြရုံသာမက အိမ်အထိလင်မယားနှစ်ယောက်ကိုလိုက်ပို့ပေးတဲ့ ဒေါင်းနဲ့ ကိုသားညီတို့ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်…ကျိုးပဲ့ခြင်းမရှိတဲ့အတွက် အခုလိုအချိန်မှာဆေးရုံမတက်ဖို့ဆုံးဖြတ်ပြီးအိမ်မှာသာ ဆေးသောက်အနားယူနေကြပါတယ်….ချစ်သောမိတ်ဆွေများနဲ့ ခုနစ်ရက်သားသမီးများလည်းဘေးကင်းကျန်းမာကြပါစေ….တတ်နိုင်သမျှ အိမ်မှာနေကြပါ….မတတ်သာလို့ အပြင်ထွက်အလုပ်လုပ်နေရသူများလည်း မကြာခဏလက်ကိုစနစ်တကျဆေးကြောသန့်စင်ပေးကြပါ….နှာခေါင်းစည်း(mask)ဝတ်ကြပါနော်…ကိုယ်ခံစွမ်းအားမြှင့်တင်ပေးမဲ့ Vitamin C သောက်ပါ….
အစာအာဟာရမျှတအောင်စားပါနော်….အားလုံးပဲ ကျန်းမာကြပါ‌စေ 🙏🙏🙏

Image may contain: 2 people, people smiling

Myanmar News