Covid 19 ကြိုတင်​ကာကွယ်​မှုအ​နေနဲ့ ကိုယ့်​ကိုယ်​ကိုယ်​ Lock Down ချလိုက်​ပြီးဖြစ်​တဲ့ ​ဝေဠုကျော်

သရုပ်​​ဆောင်​ ​​ဝေဠုကျော်ဟာ အရေးကြီးစောင့်ကြည့်လူနာများကို ထိတွေ့ကိုင်တွယ်ရတော့မှာဖြစ်တဲ့အတွက် အိမ်ပြန်ခွင့်မရှိတော့ တာကြောင့် ကိုယ်တိုင်လည်း lockdown ချလိုက်ပြီလို့သိရပါတယ်​။အခြားအလုပ်ကိစ္စတွေနဲ့ အရေးကြီးတွေ့ချင်တယ်ဆိုရင်တော့ ဝေဘာဂီ ​ဆေးရုံမှာ သူ ​နေ့​ရော ညပါ ရှိနေပါမယ်လို့လည်း အသိပေးထားပါတယ်။

Image may contain: 1 person, sunglasses

ကျေးဇူးပါ ချစ်သူ ရေ💙💙💙 25 . 3 . 2020 COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှု နှင့် အရေးပေါ် လိုအပ်သည့်နေရာများတွင် ရန်ကုန်တိုင်းကျမ်းမာရေး ရဲ့ ဦးစီး ကွပ်ကဲမှု့ဖြင့် ပူးပေါင်း ပါဝင်ကူညီနိုင်ရန်အတွက် နားလည် ပေးတဲ့ မိသားစု နှင့် ခွင့်ပြုပေးတဲ့ ချစ်သူကိုပါ ကျေးဇူးတင်ပါတယ်
ဒီနေ့ကစပြီး အရေးကြီးလူနာနှင့် စောင့်ကြည့်လူနာများကို ထိတွေ့ကိုင်တွယ်ရတော့မှာဖြစ်တဲ့အတွက် ဗိုင်းရပ်များ ကပ်တွယ်နေနိုင်သည့်အတွက် အိမ်ပြန်ခွင့်မရှိတော့သလို ကိုယ်တိုင် lockdown ချလိုက်ရ ပြီဖြစ်ပါတယ် ဒီရက်တွေမှာ အလုပ်နှင့် အခြားကိစ္စများတွက် မလုပ်နိုင်သေးတာကိုတောင်းပန်ပါတယ်

Image may contain: 1 person, smiling, sunglasses

အရေးတကြီးတွေ့လိုပါက ဝေဘာဂီဆေးရုံမှာ နေ ည ရှိနေမှာပါ… လိုအပ်လို့ အကူညီလိုလျှင် ဆက်သွယ်ပါ …ကျွန်တော်တို့ လိုအပ်ချက်များရှိလှင်လည်း ‌ပြောပါ ဆိုပါ ရိုင်းပင်ပါ ကျွန်တော် နှင့် အတူအောင်သော် ၊ ဟန်ဇာမိုးဝင်း ၊ မေတ္တာမြင့်မြတ်ဟိန်း ၊ မောင်မောင်သန့် တို့ အပါအဝင် အားလုံး နှစ်ကျိတ် 20 ယောက်ပါ …

Image may contain: 3 people, people sitting and people standing

သူနဲ့အတူ အောင်သော်၊ ဟန်ဇာမိုးဝင်းတို့အပါအ၀င် အယောက် ၂၀ ရှိနေမယ်လို့ပြောထားတာဖြစ်ပါတယ်။

အကုန်သိ

Myanmar News