စိုင်းစိုင်းခမ်းလှိုင်က လှိုင်သာယာပြည်သူ့ဆေးရုံအတွက် နှာခေါင်းစည်း ၁၀၀၀၀ လှူဒါန်း

နိုင်ငံကျော် ရုပ်ရှင်နှင့်ဗီဒီယို သရုပ်ဆောင်၊အဆိုတော် စိုင်းစိုင်းခမ်းလှိုင်မှ ပြည်သူ့ဆေးရုံကြီးလှိုင်သာယာ၏ Covid-19 ထိန်းချုပ်မှုဆိုင်ရာလုပ်ငန်းများတွင်အသုံးပြုနိုင်ရန်အတွက် ၃လွှာပါ mask အခုရေ (၁၀၀၀၀) လှူဒါန်းလိုက်တဲ့အကြောင်းကို “ရုပ်ရှင်နှင့်ဗွီဒီယို သရုပ်ဆောင်၊အဆိုတော် စိုင်းစိုင်းခမ်းလှိုင်မှ ပြည်သူ့ဆေးရုံကြီးလှိုင်သာယာ၏ Covid-19 ထိန်းချုပ်မှုဆိုင်ရာလုပ်ငန်းများတွင်အသုံးပြုနိုင်ရန်အတွက် လှိုင်သာယာအခမဲ့ ဆေးဝါးဖောင်းဒေးရှင်းမှတဆင့်

90228209_2325672514398015_1328357067378917376_n

89966965_2325672661064667_6406580944806871040_n

၃လွှာပါ surgical face mask အခုရေ ၁၀၀၀၀(တစ်သောင်း)အား စေတနာသဒ္ဒါတရားထက်သန်စွာ လာရောက်လှူဒါန်းခဲ့သည့်အတွက် ပြည်သူ့ဆေးရုံကြီး၊လှိုင်သာယာမိသားစုမှ လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါကြောင်း ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။ အလှူရှင်များလှူဒါန်းထားသော ငွေကြေးများနှင့် ပစ္စည်းများကိုလည်း ကျွန်မတို့ လှိုင်သာယာဆေးရုံကြီးရှိ ဆေးဝန်ထမ်းမိသားစုများမှ စနစ်တကျ အလေအလွင့်မရှိ သုံးစွဲသွားပါမယ်ရှင့်။ ၂၃.၃.၂၀၂၀ ၊လှိုင်သာယာအခမဲ့ဆေးဝါးဖောင်ဒေးရှင်းရုံးခန်း” လို့ လှိုင်သာယာအထွေထွေရောဂါကုဆေးရုံ၏ လက်ထောက်ကျန်းမာရေးကြီးကြပ်ရေးမှူးရဲ့ လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။ စိုင်းစိုင်းကတော့ ကမ္ဘာတစ်လွားမှာကြုံတွေ့ရင်ဆိုင်နေရတဲ့ Covid-19 ထိန်ချုပ်မှုဆိုင်ရာလုပ်ငန်းတွေမှာ အဓိကလိုအပ်တဲ့ ၃လွှာပါ surgical face mask အခုရေ (၁၀၀၀၀) ကို လှိုင်သာယာအခမဲ့ ဆေးဝါးဖောင်းဒေးရှင်းမှ တဆင့်လှူဒါန်းခဲ့တာလည်းဖြစ်ပါတယ်။

90356612_2325672554398011_6682475741092773888_n

ပရိသတ်ကြီးရေ နိုင်ငံကျော်အဆိုတော်ရုပ်ရှင်သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်ကတော့ ကိုရိုနာဗိုင်းရပ်စ် ကို ထိန်းချုပ်ကာကွယ်ရာမှာ အမှန်တကယ်လိုအပ်တဲ့ ၃လွှာပါတဲ့ Mask အခု (၁၀၀၀၀) ကို လှိုင်သာယာပြည်သူ့ဆေးရုံကြီးကို သွားရောက်လှူဒါန်းခဲ့ပါတယ်တဲ့နော်။ စိုင်းစိုင်းရဲ့ အမှန်တကယ်လိုအပ်နေတာကို လက်မနှေးဘဲလှူဒါန်းတဲ့ စိတ်ဓာတ်လေးကတော့ လေးစားစရာပါပဲ။

90828793_2325672601064673_3599442224821043200_o

Myanmar News