ချွေးနဲစာလေးနဲ့ လူအယောက်(၁၀၀၀)ကျော်ကိုဆန်လှူဒါန်းပေးသွားမယ့် ခင်လှိုင်တို့မိသားစု

ပရိသတ်ရဲ့အချစ်တော်အနုပညာရှင်ခင်လှိုင်ကတော့ ဇာတ်ပို့ဇာတ်ရံတစ်ယောက်အနေနဲ့ ပရိသတ်ရဲ့အချစ်ကိုသိမ်းပိုက်ထားသူတစ်ယောက်ပါ။နှစ်ပေါင်းများစွာ ကြာအောင် အနုပညာခရီးလမ်းမှာ မှေးမှိန်မပျောက်ကွယ်သွားတဲ့အပြင် လက်ရှိအချိန်မှာ ဒါရိုက်တာတစ်ယောက်အနေနဲ့လည်း ရပ်တည်နေပြီဖြစ်ပါတယ်။သူ့ရဲ့ ပွဲဦးထွက်ဇာတ်ကားတွေဖြစ်တဲ့ ချိုးရုပ်နဲ့ တောက်ချလိုက်မယ် ဇာတ်ကားတွေနဲ့လည်း ပရိသတ်အသိမှတ်ပြုအားပေးခြင်းကို ရရှိထားပြီး နောက်ထပ်တစ်ကားအနေနဲ့ အထိန်းတော်ဇာတ်ကားကြီးကို ဒါရိုက်တာအဖြစ်ရိုက်ကူးနေပါသေးတယ်။

ဒါ့အပြင်သားဖြစ်သူ နေရဲနဲ့ သမီးဖြစ်သူ သဇင်ထူးမြင့်တို့ကလည်း ဖခင်လိုပဲ အနုပညာသွေးအပြည့်အဝပါကာ အနုပညာခရီးလမ်းကို လျှောက်လှမ်းနေကြပြီဖြစ်ပါတယ်။တစ်မိသားစုလုံးရှာသမျှငွေကြေးတွေကို မိခင်ဖြစ်သူကိုပဲ အပ်လေ့ရှိတဲ့ခင်လှိုင်တို့မိသားစုလေးကတော့ မနက်ဖြန်မှာ သူတို့ရဲ့ချွေးနဲစာလေးနဲ့ ငွေကြေးမတတ်နိုင်သူတွေအတွက် ဆန်လှူဒါန်းပေးသွားမှာဖြစ်ပါတယ်။ဆန်အိတ်(၄၀)ကို လူတစ်ယောက်ကို ဆန်နို့ဆီဘူး(၄)လုံးစီ လှူဒါန်းပေးသွားမှာဖြစ်ပြီး ဘုန်းကြီး၊သီလရှင်တွေနဲ့ ခင်လှိုင်အဖွဲ့သားတွေကိုလည်း လှူဒါန်းပေးသွားမှာပါ။ဆန်၊ဆီ၊ကြက်သွန်နဲ့ အချိုမှုန့်တွေကို အဆင်ပြေသလိုလှူဒါန်းပေးသွားမှာဖြစ်ပါတယ်။

သူ့ရဲ့အလှူလေးနဲ့ပတ်သက်ပြီးတော့ “လေးစားချစ်ခင်ရတဲ့ ချစ်မိတ်ဆွေအပေါင်းတို့ခင်ဗျာ.. ကျွန်တော်တို့မိသားစုချွေးနဲစာလေးရဲ့ တစ်နိုင်တစ်ပိုင်အလှူလေးပါ… ကျွန်တော်ရဲ့ခင်လှိုင်တို့အဖွဲ့သူအဖွဲ့သားများနဲ့ အနီးအနားပတ်ဝန်းကျင်ပရိသတ်များကို ဆန်များဝေငှလှူဒါန်းမည်ဖြစ်ပါသဖြင့် (၂၃.၃.၂၀၂၀)နေ့တွင် ကျွန်တော်နေအိမ်အရှေ့ အမှတ်(၁၃/၆) ပေါ်ဆန်းမွှေး(၁)လမ်း၊ သုဝဏ္ဏတွင် မနက်(၉)နာရီ စတင်လှူဒါန်းပါမည်” ဆိုပြီးရေးသားဖော်ပြခဲ့ပါတယ် ပရိသတ်ကြီးရေ..လတ်တလောဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် စက်ရုံအချို့ပိတ်လိုက်ကြပြီး အခြေခံလူတန်းစားအချို့ကတော့ စားဝတ်နေရေး အခက်အခဲတွေကြုံတွေ့နေရပါတယ်။ဒီအခက်အခဲတွေကို နိုင်သလောက်လေးဖြေရှင်းပေးချင်တဲ့စိတ်နဲ့ ခင်လှိုင်ကတော့ ချွေးနဲစာထဲကဖဲ့ပြီး လှူဒါန်းပေးသွားမှာဖြစ်ကြောင်း မျှဝေပေးလိုက်ပါတယ်နော်။

Myanmar News