သီတင်းကျွတ်မှာ အမေစုကို လက်ဆောင်မပါပဲ လာကန်တော့တဲ့ ဝန်ကြီးချုပ်

မန္တလေးတိုင်းရဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ဟာ မန္တလေးတိုင်း ဖွံ့ဖြိုးဖို့အတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ရုံသာမက NLD ပါတီမှာလည်း ဒုတိယဥက္ကဌ ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ အလွန်ရင်းနှီးသူ တဦး လည်း ဖြစ်ပါတယ်။ ဒေါက်တာဇော်မြင့်မောင်ဟာ ဝါလကင်းလွတ် သီတင်းကျွတ် အချိန်အခါမှာ ကြီးသူကို ဂါရဝပြုရတဲ့ မြန်မာလူမျိုးတို့ရဲ့ ထုံးစံအတိုင်း ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက် ဂါရဝ ပြုခဲ့ပါတယ်။

မန္တလးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို နောင်နှစ်လာ ကန်တော့ရင် ကန်တော့လက်ဆောင်ပစ္စည်း ဘာမှယူမလာနဲ့ဆိုလို့ ဘာတခုမှကိုယူမလာခဲ့ရှာပါဘူး။

ဒါပေမယ့် အမေ တောင်းထားတဲ့ ကန်တော့လက်ဆောင်ဖြစ်တဲ့… “ပြည်သူတွေကို အလုပ်အကျွေးပြုပြီးတာဝန်ကျေဖို့ အစွမ်းကုန်ကြိုးစားနေပါတယ်” ဆိုတဲ့ လက်ဆောင်လေးကို တာဝန်ကျေအောင် ထမ်းဆောင်နေတဲ့ ဝန်ကြီးချုပ်တစ်ယောက် ဆိုလည်း မမှားပါဘူး။

Credit –  Baganthar

Myanmar News