Monthly Archive: November, 2019

အမေစုကို ရှိခိုး ကန်တော့ခဲ့တဲ့ ခီမောင်နှံတို့ရဲ့ ကြည်နူးစရာ ဗီဒီယို ဖိုင်လေး

“မုဒြာခေါ်သံ” .. “ဥပါယ်တံမျဉ်” စတဲ့ ရုပ်ရှင်ကားတွေနဲ့ မြန်မာပြည်က ရုပ်ရှင်ကြည့် ပရိသတ်တွေရဲ့ အသည်းနှလုံးကို သိမ်းပိုက်ရယူနိုင်ခဲ့တဲ့ ခီမောင်နှံဖြစ်တဲ့ ဇာဏ်ခီနဲ့ ခရစ်စတီးနားခီတို့ဟာ လက်ရှိမှာလည်း “Now and Ever-ထာဝရနှောင်ကြိုး” ရုပ်ရှင်ကားကြီးနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို ထပ်မံရယူထားတာပါ….. ဇနီးဖြစ်သူက ဒါရိုက်တာ…ခင်ပွန်းဖြစ်သူက မင်းသား ဒီလိုအတွဲညီပြီး ဇာတ်ကားကောင်းတွေ ဖန်တီးနေတဲ့ သူတို့စုံတွဲဟာ အနုပညာအရရော လူမှုရေးအရပါ ပရိသတ်တွေက ချစ်ခင်ကြတဲ့ ဇနီးမောင်နှံ အနုပညာရှင်တွေပဲ ဖြစ်ပါတယ်….သူတို့ ဇနီးမောင်နှံဟာ ယနေ့မှာတော့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရရှိခဲ့ပါတယ်… အဲဒီလိုတွေ့ဆုံရာမှာ ခီမောင်နှံဟာ ဒေါ်အောင်ဆန်းစုကြည်ထံ “ထာဝရနှောင်ကြိုး” ဇာတ်ဝင်တေးသီချင်းခွေနဲ့ ဇာဏ်ခီရေးထားတဲ့ “ကိုယ်တိုင်သိရှိသွားမှု” ဆိုတဲ့ အက်ဆေးစာအုပ်လေးကို လက်ဆောင်ပေးခဲ့ပါတယ်…..ဒါ့အပြင် ခီမောင်နှံဟာ ဒေါ်အောင်ဆန်းစုကြည်ကို တလေးတစားနဲ့ မိခင်ရင်းသဖွယ် ရှိခိုးကန်တော့ခဲ့ကြပါတယ်… ခုလို တွေ့ဆုံခွင့်ရသလို ကန်တော့ခွင့်လည်းရ...

ပရိသတ်ကို မနှိပ်စက်ချင်တော့တဲ့အတွက် နောက်ပိုင်းမှာ ရုပ်ရှင်ရိုက်ကူးမှု လျှော့ချသွားမယ်ဆိုတဲ့ အိန္ဒြာကျော်ဇင်

နိုင်ငံကျော် မင်းသမီးချောလေး အိန္ဒြာကျော်ဇင်က အနုပညာနယ်ပယ်မှာ အောင်မြင်မှုတွေများစွာ ရရှိပိုင်ဆိုင်ထားတဲ့ မင်းသမီးတစ်လက် ဖြစ်ပါတယ်။ အိန္ဒြာကျော်ဇင်က အသက်လေးဆယ်အရွယ် ကလေးနှစ်ယောက်မိခင်တစ်ဦးဖြစ်နေပေမယ့် သူမရဲ့ လှပတဲ့ ရုပ်ရည်ကတော့ ပြောင်းလဲသွားခြင်း မရှိပါဘူး။ ပရိသတ်တွေကလည်း အိန္ဒြာကျော်ဇင်ရဲ့ အနုပညာလှုပ်ရှားမှုတိုင်းကို စိတ်ဝင်တစား စောင့်ကြည့်အားပေးကြတာ ဖြစ်ပါတယ်။ အသက်အရွယ်တစ်ခု ရရှိလာပြီး အိမ်ထောင်ရှင်မတစ်ယောက်အနေနဲ့ မိသားစုကို ဂရုစိုက်နေရတဲ့ မင်းသမီးချော အိန္ဒြာကျော်ဇင်က နောက်ပိုင်းမှာတော့ ရုပ်ရှင်ရိုက်ကူးမှုတွေကို တော်တော်ကြီး လျှော့ချသွားမယ်လို့ ထုတ်ပြောလာပါတယ်။ အိန္ဒြာကျော်ဇင်က ” အဓိကကတော့ နှစ်ပေါင်းများစွာ ပရိသတ်ကို နှိပ်စက်နေတာ ကြာပြီလေ။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ဟာကိုယ်တောင် ဒီမျက်နှာကြီးကိုပဲ မြင်နေရတာ တော်တော်လေး ငြီးငွေ့နေပြီလေနော်။” ” ဒီမျက်နှာနဲ့ ဒီလက်နှစ်ဖက်နဲ့ ဒီမျက်လုံးနဲ့ ဒီပါးစပ်နဲ့ ဒီထက် ဆန်းအောင် လုပ်ပြလို့ မရတော့ဘူးလေ။ ဒီထက် ကွဲလွဲအောင် အိုက်တင်တွေ လုပ်ပြဖို့လည်း...