Monthly Archive: October, 2019

မူးယစ်ဆေးမဟုတ်လို့ ပြန်လွှတ်လိုက်တာလို့ ဗဟန်းရဲစခန်းမှ စခန်းမှူးပြော

အောက်တိုဘာလ ၉ ရက်နေ့ ညနေက ဖြိုးပြည့်စုံပြန်လည်လွတ်မြောက်လာပါပြီ။ ဖြိုးပြည့်စုံနဲ့ အတူ လက်ဝယ်တွေ့ရှိထားတဲ့ ဆေးဝါးတွေဟာ မူးယစ်ဆေးဝါး မဟုတ်လို့ ပြန်လည်လွှတ်ပေးလိုက်ခြင်းဖြစ်တယ်လို့ ဗဟန်းမြို့နယ် ရဲစခန်းမှ ရဲမှူးဦးသိန်းဝင်းကပြောပါတယ်။ အဆိုတော်ဖြိုးပြည့်စုံကတော့ မီဒီယာတွေနဲ့ တွေ့ဆုံပွဲလုပ်သွားမယ်လို့ သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက် နှာကနေတဆင့် ကြေညာလိုက်ပြီဖြစ်ပါတယ်။ သူ့အတွက် စိုးရိမ်နေကြတဲ့ ပရိသတ်တွေကလည်း ဝမ်းသာပီတိဖြစ်လို့နေကြပါတယ်။ ‘’ကျွန်တော် ၊ ရော်နီ နဲ့ ငြိမ်းချမ်းကိုတို့ရဲ့ မှန်ကန်မှုကို ယုံကြည်ပေးတဲ့ တစ်ယောက်ချင်းစီ ကို ကျေးဇူးအထူးတင်ပါတယ်။ မကြာခင်မှာ media conference လေးတခု လုပ်နိုင်ဖို့ ကျွန်တော် စီစဉ်ပါ့မယ်’’ ဆိုပြီးတော့ အောက်တိုဘာလ ၉ ရက်နေ့ ညနေ ၆နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ ဖြိုးပြည့်စုံကို လွှတ်ပေးလိုက်ရတဲ့ အကြောင်းအရင်းကိုလည်း ဗဟန်းမြို့နယ် ရဲစခန်းမှ ရဲမှူးဦးသိန်းဝင်းက အောက်တိုဘာလ ၉...

မူးယစ်ဆေးမှုနဲ့ မှားယွင်းစွပ်စွဲ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အဆိုတော်ဖြိုးပြည့်စုံ လွတ်မြောက်ပြီ

အဆိုတော် ဖြိုးပြည့်စုံနဲ့ တေးရေးဆရာ နှစ်ဦးတို့ကို သတင်းပေးမှုအရ မူးယစ်အဖွဲ့တပ်ဖွဲ့က အောက်တိုဘာလ (၇) ရက်နေ့ ညနေပိုင်းမှာ ရန်ကုန်မြို့ မြန်မာပလာဇာ ရှော့ပင်းမောလ်တွင် ဖမ်းဆီးခဲ့တဲ့ သတင်းက တော်တော်လေး ဟိုးလေးတကြော်ကြော် ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ ဖြိုးပြည့်စုံအတွက် ပရိသတ်တွေက စိတ်မကောင်းခြင်းများစွာ ဖြစ်နေကြသလို မယုံကြည်နိုင်ဖြစ်နေကြတာကိုလည်း တွေ့ရပါတယ်။ ဖြိုးပြည့်စုံနဲ့ တေးရေး ငြိမ်းချမ်းကို၊ ရော်နီဆန်းလွင် တို့က လက်ရှိမှာတော့ ဗဟန်းမြို့မစခန်းမှာ ထိန်းသိမ်းခံထားရတာ ဖြစ်ပါတယ်။ ဒီနေ့နေ့လယ်ပိုင်းမှာတော့ ဖြိုးပြည့်စုံတို့ သုံးယောက်ကပြန်လည်လွတ်မြောက်လာပြီပဲဖြစ်ပါတယ်။ ဒီနေ့မှာတော့ “ကိုဖြိုးပြည့်စုံ အပါအဝင်ြ ငိမ်းချမ်းကို ၊ ရော်နီစန်းလွင် (၃) ဦးလုံး ဒီနေ့ခင်းဘဲ မှားယွင်းစွပ်စွဲမှုမှ လွတ်မြောက်ပြီး အိမ်ပြန်ရောက်ခဲ့ကြပါပြီ” ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလဲ ဖြိုးပြည့်စုံတို့အတွက် ဝမ်းသာစကားလေးပြောပေးခဲ့ကြပါဦးနော်။ Source : တေးချစ်သူ

နှစ်ပေါင်း (၃၀) ကျော် ခွင့်မယူသည့် ဆရာမများအား ဆုချီးမြှင့် 😱

မြန်မာနိုင်ငံပညာရေးလောကတွင် ၁၀ နှစ်အထက် ခွင့်ရက်မပျက်ဘဲ သင်ကြားရေးတာဝန်များကို ထမ်းဆောင်နေသည့် ဆရာ ဆရာမများစွာရှိနေပြီး နှစ်ပေါင်း ၃၀ ကျော် ခွင့်ရက်မပျက်ခဲ့သူ ရန်ကုန် တိုင်းဒေသကြီးမှ အလယ်တန်းပြဆရာမ ငါးဦးအား ပညာရေးဝန်ကြီးဌာနက မှတ်တမ်းတင်ဂုဏ်ပြုလွှာ နှင့် ဆုငွေများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။ ‌ နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၂၁) အစည်းအဝေးခန်းမ၌ အောက်တိုဘာ ၅ ရက်က ကျင်းပသည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနား၌ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ဆရာမတစ်ဦးလျှင် ငွေကျပ် ၅၀၀၀၀၀ စီနှင့် ဂုဏ်ပြုလွှာများပေးအပ်ခဲ့ခြင်းဖြစ်သည်။ ပညာရေးဝန်ကြီးဌာနက ရန်ကုန်တိုင်းဒေသကြီး အထက (၁) ကမာရွတ်မှ ဆရာမဒေါ်စောနန်းမိုမို (ခွင့်ရက်မပျက် ၃၅ နှစ်)၊ အမက(၁၇) မြောက်ဥက္ကလာ ပမှ ဆရာမဒေါ်ခင်သန်းဌေး (ခွင့်ရက်မပျက် ၃၃ နှစ် )၊...

သီတင်းကျွတ်မှာ အမေစုကို လက်ဆောင်မပါပဲ လာကန်တော့တဲ့ ဝန်ကြီးချုပ်

မန္တလေးတိုင်းရဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ဟာ မန္တလေးတိုင်း ဖွံ့ဖြိုးဖို့အတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ရုံသာမက NLD ပါတီမှာလည်း ဒုတိယဥက္ကဌ ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ အလွန်ရင်းနှီးသူ တဦး လည်း ဖြစ်ပါတယ်။ ဒေါက်တာဇော်မြင့်မောင်ဟာ ဝါလကင်းလွတ် သီတင်းကျွတ် အချိန်အခါမှာ ကြီးသူကို ဂါရဝပြုရတဲ့ မြန်မာလူမျိုးတို့ရဲ့ ထုံးစံအတိုင်း ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက် ဂါရဝ ပြုခဲ့ပါတယ်။ မန္တလးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို နောင်နှစ်လာ ကန်တော့ရင် ကန်တော့လက်ဆောင်ပစ္စည်း ဘာမှယူမလာနဲ့ဆိုလို့ ဘာတခုမှကိုယူမလာခဲ့ရှာပါဘူး။ ဒါပေမယ့် အမေ တောင်းထားတဲ့ ကန်တော့လက်ဆောင်ဖြစ်တဲ့… “ပြည်သူတွေကို အလုပ်အကျွေးပြုပြီးတာဝန်ကျေဖို့ အစွမ်းကုန်ကြိုးစားနေပါတယ်” ဆိုတဲ့ လက်ဆောင်လေးကို တာဝန်ကျေအောင် ထမ်းဆောင်နေတဲ့ ဝန်ကြီးချုပ်တစ်ယောက် ဆိုလည်း မမှားပါဘူး။ Credit –  Baganthar

သီတင်းကျွတ် ရုံးပိတ်ရက်ကာလ ခရီးသွား ကားလက်မှတ် ဈေးတင်ရောင်းချသူများကို အရေးယူမည်

မန္တလေးမြို့တွင် သီတင်းကျွတ် ရုံးပိတ်ရက်ကာလ ခရီးသွားများ ကားလက်မှတ် အခက်အခဲမရှိစေရေးနှင့် ကားလက်မှတ် ဈေးတင်ရောင်းခြင်းများမရှိစေရေးအတွက် ယာဉ်လုပ်ငန်းများကြီးကြပ်မှုကော်မတီ (အဝေးပြေး) က သတိပေးထုတ်ပြန်ထားကြောင်း သိရသည် ။ သီတင်းကျွတ် ရုံးပိတ်ရက်ကာလတွင် နေရပ်ပြန်သူများ နှင့် ခရီးသွားသူများ များပြားပြီး လက်မှတ်အခက်အခဲများရှိတက်ပြီး ကားဂိတ်များတွင် လက်မှတ်များချန်ထားပေးရန် အသိပေးထားကြောင်း သိရသည် ။“သတင်းကျွတ်ရုံးပိတ်ရက် ကာလမှာ ခရီးသွားတွေ အခက်အခဲမရှိဖို့ ကြေငြာချက်တစ်ခု ထုတ်ထားတယ်။ ကားလက်မှတ်တွေကို ဈေးတင်မရောင်းဖို့ နဲ့ ထိုင်ခုံတွေ ချန်ထားပေးဖို့ တောင်းဆိုထားတယ်။ ကျွန်တော့ လက်ထက်မှာတော့ လက်မှတ်ကို ဈေးတင်ရောင်းတာမတွေ့ဖူးဘူး။” ဟု မန္တလေးတိုင်းဒေသကြီး ယာဉ်လုပ်ငန်းများကြီးကြပ်မှုကော်မတီ (အဝေးပြေး) ဥက္ကဋ္ဌ ဦး​အောင်​​ကျော်​လင်း က ပြောသည် ။ လက်မှတ်ဈေးတင်ရောင်းခြင်းများကို စစ်ဆေးတွေ့ရှိပါက ငါးသောင်းကျပ် မှ တစ်သိန်းကျပ်အထိ ဒဏ်ငွေရိုက်အရေးယူသွားမည်ဖြစ်သည် ။ထို့အပြင် ခရီးသွားပြည်သူများ အနေဖြင့် လက်မှတ်မရခဲ့ပါက...

အရင်ဘဝက ဝဋ်ကြွေးရှိလို့ ကျွန်တော်တို့ခံရတာပါ ဆိုပြီး အမှန်တရားကို ပြောပြလာတဲ့ ဖြိုးပြည့်စုံ

မနက်က မောင်လေးဖြိုးပြည့်စုံကို ဗဟန်းရဲစခန်းမှာ သွားပြီး အားပေးဖြစ်တယ်။တကယ့်ကို မယုံနိုင်စရာကောင်းလောက်အောင် အေးအေးဆေးဆေးတည်တည်ငြိမ်ငြိမ်ပါ။ သူနဲ့အတူ အဖမ်းခံရတဲ့မောင်လေး ၂ ယောက်ကလည်း တကယ့်ကို အေးအေးဆေးဆေးသမားတွေ။ ဘယ်သူ့ကိုမှလည်း အပြစ်မပြောကြရှာဘူး။ အစပိုင်းကတော့ ဘာမှန်းမသိတော့ လန့်ပြီးစိတ်ပူမိတယ် အစ်မရယ်တဲ့… အခုတော့ ကျွန်တော်တို့ ကိုယ့်ကိုယ်ကို ယုံတယ်… မဟုတ်တာ မလုပ်ထားတာမို့… အမှန်တရား ပေါ်လာမှာပါတဲ့… 😢😢😢 ဘယ်သူ့ကိုမှလည်း အပြစ်မပြောကြရှာဘူး ဖမ်းတဲ့သူတွေကလည်း သတင်းပေးလို့ ဖမ်းရတာပါလေတဲ့  အရင်ဘဝက ဝဋ်ကြွေးရှိလို့ ကျွန်တော်တို့ခံရတာပါတဲ့  အခုကံနိမ့်နေတဲ့အချိန်မို့ထင်တယ်  အခုလို မထင်ထားတာတွေ ဖြစ်တာတဲ့… 😢😢😢 ဖြစ်တာက သတင်းပေးသူက အဲ့ဒီဆိုင်မှာ ၂ ယောက်ထိုင်နေတဲ့ ဝိုင်းဆိုပြီး ဝိုင်းနေရာကို ပြောသွားတော့ လာဖမ်းတဲ့အချိန်မှာ ဖြိုးပြည့်စုံက တခြားမှာစကားသွားပြောနေတဲ့အချိန် ပိုက်ဆံအိတ်နဲ့ ကားသော့ပဲ ကျန်ခဲ့တော့ ၂ ယောက်ထဲရှိနေတဲ့ သူ့မိတ်ဆွေတွေ ဆွမ်းခံရင်းငှက်သင့်တာလည်း ဖြစ်နိုင်ပါတယ်လေ...

ဗစ်တိုးရီးယားအမှု – အောင်ကြီးရဲ့ အာမခံကို ပလပ်ပေးဖို့ ဥပဒေအရာရှိ လျှောက်လဲ

နေပြည်တော် Wisdom Hill ပုဂ္ဂလိက မူကြိုကျောင်းက အသက် ၃ နှစ် အရွယ် ကလေးတစ်ဦး လိင်အဓမ္မပြုကျင့်ခံခဲ့ရတယ် ဆိုတဲ့ ဗစ်တိုးရီးယားအမှုရဲ့ ၈ ကြိမ်မြောက် ရုံးချိန်းကို အောက်တိုဘာ လ ၉ ရက်နေ့ ဒီနေ့ မနက်ပိုင်းမှာ နေပြည်တော် ဒက္ခိဏ ခရိုင်တရားရုံးမှာ ဆက်လက် စစ်ဆေးရာမှာ သံသယ တရားခံ အဖြစ် ရုံးတင် စစ်ဆေးခံနေရတဲ့ ကိုအောင်ကြီးကို အာမခံပေးဖို့ ပြီးခဲ့တဲ့ ရုံးချိန်းက သူ့ရဲ့ ရှေ့နေဘက်က တင်ပြထားတာကို ပလပ်ပေးဖို့ ဒီနေ့ တရားခွင်မှာ ဥပဒေအရာရှိက လျှောက်လဲခဲ့ပါတယ်။ အမှုကို စစ်ဆေးနေတာ မပြီးတဲ့ အချိန် သံသယ တရားခံကို အာမခံပေးဖို့ စောနေသေးတယ်လို့ ဥပဒေ အရာရှိက မှတ်ချက်ပြုပြီး တရားခံ တင်တဲ့ အာမခံကို ပလပ်ဖို့ တင်ပြခဲ့တာလို့...

ကိုအောင်ကြီး မောင်းတဲ့Wisdom Hill မူကြိုကျောင်းကားမှာ လူစီးအဖြစ် အသုံးပြုခွင့်မရှိတဲ့ လုပ်ငန်းသုံးယာဉ် (Delivery Van)အမျိုးအစားဖြစ်နေ

Wisdom Hill ကျောင်းကြီးကြပ်ရေးမှူးဒေါ်ဥမ္မာလှိုင်ရဲ့ ခင်ပွန်းဖြစ်သူက ကိုအောင်ကြီးကို တစ်လကို လစာ တစ်သိန်းသုံးသောင်းနဲ့ Suzuki Every Weagon ယာဉ်မောင်းအဖြစ် ကျောင်းကြိုပို့ရန် ခေါ်ယူခဲ့တယ်လို့ ဒီကနေ့ (၈)ကြိမ်မြောက်ရုံးချိန်းမှာ သက်သေထွက်ဆိုခဲ့ပါတယ်။ သံသယတရားခံကိုအောင်ကြီးကို ယာဉ်မောင်းအဖြစ် မောင်းနှင်ခိုင်းခဲ့တဲ့ Suzuki Every မော်တော်ယာဉ်ဟာ လူစီးအဖြစ်အသုံးပြုခွင့်မရှိတဲ့ Delivery Van အမျိုးအစားဖြစ်နေတယ်လို့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန အချက်အလက်တွေအရသိရပါတယ်။ ဒေါ်ဥမ္မာလှိုင်ရဲ့ ခင်ပွန်း ဦးရန်နောင်စိုးရဲ့ထွက်ဆိုချက်အရ သူတို့ အနေနဲ့ အခုနှစ် ငါးလပိုင်းမှာ Suzuki Every Weagon ကားကိုကျောင်းကားအဖြစ်အသုံးပြုဖို့ဝယ်ယူခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။Delivery Van အမျိုးအစား မော်တော်ယာဉ်တွေအနေနဲ့ စတင်တင်သွင်းစဉ်ကထဲက လုပ်ငန်းသုံးယာဉ်Delivery Van အမျိုးအစားဖြစ်နေတာကြောင့် ယာဉ်ကို နောက်ခုံ တပ်ခွင့်မရှိသလို အနောက်ဖက်ဘေးတံခါးတွေကိုလည်း သံပြားအသေပိတ်ပြီး ကုန်ပစ္စည်းများတင်ဆောင်ရန်အတွက်သာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ လက်ရှိမှာတော့ Wisdom Hill ကျောင်းကြီးကြပ်ရေးမှူးဒေါ်ဥမ္မာလှိုင်ရဲ့ခင်ပွန်း တရားရုံးတော်မှာ ထွက်ဆိုချက်အရ...

ဝင်းနှင့်ဇော်တို့အတွက် အသနားခံစာ အောက်တိုဘာ ၂၁ ရက်နေ့ ထိုင်းဘုရင်ထံ တင်သွင်းမည်

ထိုင်းနိုင်ငံမှာ သေဒဏ်ကျနေတဲ့ မြန်မာနိုင်ငံသား အကျဉ်းသား ဇော်လင်းနဲ့ ဝင်းဇော်ထွန်းတို့အတွက် အသနားခံစာကို အောက်တိုဘာ ၂၁ ရက်နေ့မှာ ထိုင်းဘုရင်ဆီ တင်သွင်းမှာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်းဟာ မနေ့က ထိုင်းရှေ့နေများကောင်စီရဲ့ လုပ်ငန်းအဖွဲ့အကြီးအကဲ Mr. Nakhon Comphuchat ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ ဘန်ကောက်မှာ တွေ့ဆုံခဲ့ပြီး သေဒဏ်ချခံထားရတဲ့ မြန်မာနိုင်ငံသား ဇော်လင်းနဲ့ ဝင်းဇော်ထွန်း (ခေါ်) ဝေဖြိုး တို့အပေါ် ချမှတ်ထားတဲ့ ပြစ်ဒဏ်လျှော့ပေါ့ရေးအတွက် အသနားခံစာတင်ရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့တယ်လို့ မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ထိုင်းရှေ့နေများကောင်စီက ပြင်ဆင်ထားသည့် အသနားခံစာ(မူကြမ်း)ကို အောက်တိုဘာ ၁၀ ရက်၊ မနက်ဖြန်မှာ မြန်မာသံရုံးကို ပေးပို့တင်ပြမှာဖြစ်ပြီး အဲဒါကို မြန်မာနိုင်ငံ ဥပဒေအကြံပြုအဖွဲ့က အတည်ပြုပြီးရင် ထိုင်းဘုရင်ဆီကို အောက်တိုဘာ ၂၁ ရက်မှာ တင်သွင်းမှာ...

တရားစွဲခံရသော်လည်း တွန့်ဆုတ်မည်မဟုတ်ကြောင်း ဗစ်တိုးရီးယားအမှုမှ အောင်ကြီး၏ ရှေ့နေ ပြော

တရားစွဲဆိုခံထားရသော်လည်း တွန့်ဆုတ်ခြင်းရှိမည်မဟုတ်ကြောင်း ဗစ်တိုးရီးယားအမှုတွင် အောင်ကြီး၏ ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောသည်။ နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးတွင် အောက်တိုဘာ ၉ ရက်က ထပ်မံစစ်ဆေးခဲ့သည့်ဗစ်တိုးရီးယားအမှုရုံးချိန်း၌ အောင်ကြီး၏ရှေ့နေ ဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ “ အခုဆိုရင် တရားစွဲမခံရတာ ဥပဒေအရာရှိပဲ ကျန်တော့တယ်။ ဥပဒေအရတော့ နှစ်ဖက်စလုံးမှာ တွန့်ဆုတ်ခြင်းရှိမှာ မဟုတ်ပါဘူး။ တရားစွဲခံရတဲ့ ရှေ့နေရော၊ အစွဲမခံရတဲ့ရှေ့နေရော။ကျွန်တော်တို့ အမှန်တရားကို ရှာဖွေတဲ့အခါမှာ တစ်ခါတစ်ခါမှာတော့ ထူးခြားဆန်းပြားတဲ့ ကိစ္စလေးတွေ ရှိတာပေါ့ဗျာ။ ထူးခြားလေ၊ နောက်ဆုံးကျ ပွင့်လင်းလာလေပေါ့ ’’ ဟု ၄င်းက ပြောသည်။ အောက်တိုဘာ ၉ ရက်က တရားရုံးချိန်းတွင် တရားလိုပြသက်သေအဖြစ် ရဲအုပ်ရန်နောင်စိုးနှင့် ကားသမား ၃ ဦးတို့အား စစ်ဆေးခင်းဖြစ်ပြီး စီစီတီဗီကင်မရာကိုင်သည့် ကိုရန်နောင်ဌေးကိုပါ အချိန်ရပါက ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း...