Monthly Archive: September, 2019

အမေရိကန်သံရုံး ထုတ်ပြန်ချက် NLD အစိုးရအခက်တွေ့ဟု မန်းဝန်ကြီးချုပ်ဆို

ပြီးခဲ့သည့် ရက်ပိုင်းက ရန်ကုန် ၊နေပြည်တော် နှင့် မန္တလေးမြို့ကြီးများတွင် အကြမ်းဖက် တိုက်ခိုက်ခံရနိုင်မှုများ ရှိနိုင်သည့်အတွက် လုံခြုံရေးအသိဖြင့် နေထိုင်ကြရန် အမေရိကန် သံရုံးက အသိပေးချက်ထုတ်ပြန်လိုက်ခြင်းသည် NLD အစိုးရကို အခက်တွေ့စေသည်ဟု မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောသည်။ “ဒါတင်လိုက်တော့ ကျွန်တော့်အမြင်။ကျွန်တော့်အမြင်ပဲ ပြောတာနော်။ဒါတင်လိုက်တော့ လှုပ်လှုပ်ရှားရှားတွေ ဖြစ်ကုန်တာပေါ့။ဒီလိုဟာမျိုးက ကျွန်တော်လုပ်လို့ မရဘူးလေဗျာ။သံရုံးတွေကလည်း ဒီဟာကို ဘာကြောင့်ထုတ်ရတာလည်း ထုတ်လိုက်တာကိုက ကျွန်တော်ထင်တယ်။ရည်ရွယ်ချက်ရှိပုံရသလားမသိဘူးနော်။ဘာဖြစ်လို့လည်းဆိုတော့ ခရီးစဉ်ဖျက်တာတွေရော နောက်ဆက်တွဲ အများယကီးနော်။ကျွန်တော်တို့ နည်းနည်းတော့ အခက်တွေ့တာပေါ့။အမှန်က ဒီလျှို့ဝှက်ချက်က ပေါ်ကိုမပေါ်ရဘူး။ပို့ထားတဲ့ စာမှာကိုက အထူးလျှို့ဝှက်ချက်။ကျွန်တော်တို့ပဲသိတယ်။ကျွန်တော်တို့ဆီရောက်နေတာ ကြာပြီ။ ဘာစာထွက်မလည်း ကိုယ်ဟာကိုယ် လုံခြုံရေးလုပ်ပေါ့။ဒါပေမယ့် ဒါကြီးကို ဖော်ထုတ်ရေးလိုက်တဲ့ အခါ မကောင်းဘူးပေါ့။ကျွန်တော့်အမြင်တော့ ဒီလောက်ပါပဲ။”ဟု ဒေါက်တာဇော်မြင့်မောင်ကပြောသည်။ လုံခြုံရေးအရ အရေးကြီးသည့် နေရာများကို သိကြောင်းနှင့် လျှိဝှက်စာ အွန်လိုင်းပေါ် ရောက်လာသည်မှာ မဖြစ်သင့်ကြောင်း...

တတိယမြောက် အိပ်မက်လေး ပြည့်မြောက်သွားပြီဆိုတဲ့ အေသင်

ပရိသတ်အချစ်တော် အဆိုတော် သရုပ်ဆောင် အေသင်ချိုဆွေကတော့ လတ်တလောမှာ သူရဲ့လူမှုကွန်ရက်စာမျက်နှာကနေ အေသင် ဖြစ်ချင်တဲ့ အိပ်မက်လေး (၃)ခုထဲက တတိယမြောက်အိပ်မက်လေးပြည့်မြောက်သွားပြီလို့ ဖော်ပြလာတာပဲဖြစ်ပါတယ်။အေသင်ဟာ အသက်(၃၀)မပြည့်ခင်မှာ အိပ်မက်လေး (၃)ခုကို အကောင်း အထည်ဖော်နိုင်ရမယ်လို့ ကိုယ့်ကိုကိုယ် စိန်ခေါ်ထားတာလို့လည်း ပြောပြထားပါသေးတယ်။အေသင့်ရဲ့အိပ်မက်လေး (၃)ခုထဲက တတိယမြောက်အိပ်မက်လေးဖြစ်တဲ့ ကိုယ်ပိုင်အိမ်လေးတစ်လုံးပိုင်ဆိုင်ချင်တဲ့ အိပ်မက်လေးကတော့ ပြည့်မြောက်သွားတဲ့ အကြောင်းကိုတော့ “နည်းနည်းကြွားမယ်နော် (အယ့်လယ်) ကျွန်မမှာအိပ်မက် (၃)ခုရှိတယ်။ အဲ့ဒီ(၃)ခုကို ကျွန်မ အသက် (၃၀) မပြည့်ခင်မှာ အကောင်အထည်ဖော်နိုင်ရမယ်လို့ ကိုယ့်ကိုကိုယ် စိန်ခေါ်ထားတယ်။ အဲ့ထဲက တတိယမြောက်အိပ်မက် ဖြစ်တဲ့ ကျွန်မမက်တာက ပြီးပြည့်စုံတဲ့အိမ်တလုံးပဲ”လို့ သူမရဲ့ အိပ်မက်လေးနဲ့ပတ်သက်ပြီး ပြောပြထားတာပဲဖြစ်ပါတယ်။အေသင်က သူဆိုလိုတဲ့ ပြီးပြည့်စုံတဲ့ အိမ်တစ်လုံးဆိုတာဟာလည်း “ကြီးကျယ်ခမ်းနားစရာမလိုဘူး။ အိမ်ထဲဝင်လိုက်တာနဲ့ နွေးထွေးမှုအပြည့်နဲ့ ကိုယ့်ကို စောင့်ကြိုနေတဲ့ နေချင်စရာအိမ်လေးဖြစ်ရင်ရပြီ။”လို့လည်းဖော်ပြထားပါသေးတယ်။ လက်ရှိမှာတော့ အေသင်ဟာ Single Motherတစ်ယောက်အနေနဲ့ ရပ်တည်နေပြီး...

ကလောနှီးဘုရားကြီးအား လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူ လှူဒါန်းခဲ့တဲ့ အိမ့်ချစ်

အိမ့်ချစ်ကတော့ စိတ်သဘောထားဖြူစင်ပြီး အလှူအတန်းတွေမှာ စိတ်အားထက်သန်သူတစ်ယောက်ပါ။ လက်ရှိမှလည်း အလှူအတန်းတွေမှာ ဝါသနာပါတဲ့ အိမ့်ချစ်က ကလောနှီးဘုရားကြီးအား လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူ လှူဒါန်းခဲ့တယ်လို့သူရဲ့ လူမှုကွန်ရက်မှာ ရေးသားဖော်ပြထားပါတယ်။ ဒါ့အပြင် အလှူတွေအတွက် ရေးစက်ချအလှူကိုပြုလုပ်ခဲ့ပြီး နောင်လည်းခုလိုအလှူတွေ အမြဲလှူဒါန်းနိုင်တဲ့သူဖြစ်ခွင့်ရအောင်လည်း အိမ့်ချစ်က ဆုတောင်းခဲ့တယ်လို့ သိရပါတယ်။ အိမ့်ချစ်ဟာ ပွင့်ပွင့်လင်းလင်းနဲ့ ပြောဆိုဆက်ဆံတတ်သူတစ်ယောက်ဖြစ်ပြီး စိတ်သဘောထားဖြူစင်သူ တစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ပိုင်ဆိုင်ရရှိထားသူတစ်ယောက်ပါ။ ဒါ့ကြောင့်လည်းအိမ့်ချစ်ဟာ”ကိုယ်တိုင်ရေးပုံတူ”၊”အချစ်ရေး”၊”အောင်မြင်မှုရဲ့နောက်ကွယ်”စသဖြင့်တေးစီးရီးအယ်ဘမ်တော်တော်များများကို ထွက်ရှိအောင်မြင်ထားတာဖြစ်ပါတယ်။ အိမ့်ချစ်ကတော့ ကိုယ်ပိုင်ခံစားချက်နဲ့ သီချင်းတွေကို ရေးစပ်ပြီး ကိုယ်တိုင်သီဆိုတတ်သူတစ်ယောက်ဆိုလည်းမမှားပါဘူး။ အဲဒါကြောင့် အိမ့်ချစ်ဟာ ဗီယက်နမ်နိုင်ငံ Quang Ninh မြို့မှာ ကျင်းပခဲ့တဲ့ ASEAN+3 SONG CONTEST 2019 အဆိုပြိုင်ပွဲမှာ ကိုယ်တိုင်ရေးထားတဲ့ သီချင်းလေးကို သီဆိုဖျော်ဖြေပြီးတော့ Second Runner-Up ဆုကို ရရှိခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ အိမ့်ချစ်က ချစ်ရတဲ့ ပရိသတ်တွေအတွက် အနုပညာအလုပ်တွေကို...

ဦးနေဝင်းသာ အာဏာမသိမ်းခဲ့ရင် မြန်မာနိုင်ငံရဲ့ စတုတ္တမြောက် သမ္မတ ဖြစ်လာမဲ့သူက ကချင်ခေါင်း ဆောင် ဆမား ဒူးဝါဆင်ဝါး နောင်

စာဘယ်လောက် ဖတ်လဲဆိုတော့ ရန်ကုန်ဆင်းပြီး စာအုပ်သွားဝယ်တာ ကချင်ပြည်ကို ရထားဆိုက်တော့ သူဝယ်လာတဲ့ စာအုပ်တွေက လှည်းနှစ်စီး တိုက်ရတယ်ဆိုပဲ ဒါပေမယ့် အတန်းပညာ မရှိဘူး လွတ်လပ်ရေးရပြီးတော့ သူ့ကို ပြည်နယ် ဥက္ကဌရာထူးအတွက် ဖောင်ဖြည့်ခိုင်းတယ် ပညာအရည်ချင်း ဆိုတဲ့နေရာမှာ ဖြည့်လိုက်တယ်” ခေသူမဟုတ် ” တဲ့ ဟုတ်တယ်လေ သူက ဘုန်းကြီးကျောင်းထွက် ဒါပေမယ့် ခေတဲ့ သူမဟုတ်ဘူး သူကစက်မှုနိုင်ငံ အိပ်မက်ကို မက်တဲ့သူ စက်မှု နိုင်ငံ ထူထောင်နိုင်မှ မြန်မာပြည် ချမ်းသာမယ် ဒါက သူ့ခံယူချက် ဒါကြောင့် မြစ်ကြီးနားမှာ ကားတစ်စင်းကို သူဦးဆောင်ပြီး လုပ်တယ် အဲတုန်းက ကချင်ပြည်နယ် ဥက္ကဌဆိုတော့ အခုခေတ်လို ဆိုဝန်ကြီးချုပ်ပေါ့ သတင်းစာတွေမှာ ဆမားကြီးကား ဆိုပြီး ဂုဏ်ပြုရေးကြတယ် ဒါပေမယ့် လူတိုင်းက အကောင်းရေးတာ မဟုတ်ပါဘူး တစ်ချို့က ပျက်ချော်ချော်နဲ့...

ဝန်ထမ်းတွေကို ဘောက်ဆူးပေးပြီး ပျော်ရွှင်စေခဲ့တဲ့ ခိုင်နှင်းဝေ

လွန်ခဲ့တဲ့ နှစ်တွေကတည်းက ဆံနွယ်ရှည်ရှည်ရယ်၊ ချိုသာလွန်းတဲ့ အပြုံးလေးတွေရယ်နဲ့ ပရိသတ်တွေကို အချစ်ပိုစေခဲ့တဲ့ မင်းသမီးချောလေး ခိုင်နှင်းဝေကတော့ လက်ရှိမှာ အနုပညာအလုပ်တွေလုပ်ရင်း ပရဟိတ အလုပ်တွေလည်း အင်တိုက်အားတိုက် ပြုလုပ်နေသူတစ်ဦးပဲ ဖြစ်ပါတယ်။ ခိုင်နှင်းဝေပရဟိတလူငယ်များအသင်း ကိုလည်း တည်ထောင်ထားတဲ့ ခိုင်နှင်းဝေကတော့ မိဘမဲ့ကလေးတွေကိုလည်း သူမရဲ့သားသမီးအရင်းတွေလို မွေးထားသူလေးပါ။ လတ်တလောမှာတော့ ခိုင်နှင်းဝေက သူမရဲ့ ပရဟိတအသင်းမှာ အလုပ်လုပ်နေကြတဲ့ ဝန်ထမ်းတွေကို ဘောက်ဆူးပေးပြီး ပျော်စေခဲ့တဲ့အကြောင်း လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ ချစ်ပရိသတ်တွေအတွက် အရမ်းကို ကြည်နူးဖို့ကောင်းတဲ့ ခိုင်နှင်းဝေရဲ့အလှူလေးအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။ ခိုင်နှင်းဝေကတော့ “တလတခါ လစာထုတ်ပေးတိုင်း ဝန်ထမ်းတွေအတွက် အပိုဘောက်ဆူးများပေးတဲ့ထုံးစံအတိုင်း ဒီလမှာတော့ပြီးခဲ့တဲ့လကလိုတယောက်ထဲကိုမရစေပဲ. ဗလာမပါကံစမ်းမဲများလုပ်ပြီး မဲဖောက်ပေးခဲ့ပါတယ်…ဒီလဝန်ထမ်းဘောက်ဆူးမှန်ပုံးစုစုပေါင်း — ၁၂၅,၆၀၀ရရှိပါတယ်…နည်းသည်များသည်မဟုတ်ပဲ ကျမဂေဟာရောက်တိုင်းလည်း ဝန်ထမ်းဘောက်ဆူးမှန်ပုံးလေးထဲကိုထည့်ပေးတယ်. ဂေဟာကိုလာတဲ့အလှူရှင်တွေကလည်းထည့်ပေးကြတဲ့အတွက်အခုလို ကျမရဲ့ဝန်ထမ်းတွေကိုပျော်ရွှင်အောင်လုပ်ပေးနိုင်တာပါ…ကျမရဲ့သားသမီးတွေအပေါ်စေတနာမေတ္တာတရားအပြည့်ဖြင့်ပြုစုစောင့်ရှောက်ပေးတဲ့အတွက် ဝန်ထမ်းများအားလုံးကိုချစ်ပါတယ်လို့ပြောချင်ပါတယ်…ကလေးတို့ရဲ့မေမေ ခိုင်နှင်းဝေ” ဆိုပြီး သူမတတ်နိုင်တာလေးတွေနဲ့ ကလေးတွေကို ပျော်ရွှင်စေခဲ့တဲ့ အကြောင်းဖော်ပြပေးထားတာပါ။...

သက်ကြီး လူရွှင်တော်တွေကို ပကာသနမပါပဲ သိန်းဆယ်ချီ လှူဒါန်းခဲ့တဲ့ မြင့်မြတ်

ဂျင်းကောင်ဆိုရင် ပရိတ်သတ်ကြီးချစ်တဲ့ အနုပညာရှင် မြင့်မြတ်ကို မြင်ကြမှာပါနော်။ သူ့ရဲ့အနုပညာဟာ အံသြဖို့ကောင်းလောက်အောင်ကို စွမ်းဆောင်နိုင်တဲ့ သရုပ်ဆောင် တစ်ဦးပါပဲ။ ဇတ်ရုပ်ကို ပီပြင်အောင် ကျရာနေရာကနေ တာဝန်ကျေတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ အကယ်ဒမီဆုကိုလည်း ရရှိထားပြီး ပရိတ်သတ်တွေရဲ့ ရင်ထဲက ထာဝရအနုပညာရှင်တစ်ဦးပါပဲ။ သူ့ရဲ့ဘဝမှာ ချစ်ဖို့ကောင်းတဲ့ ဇနီးချောလေးကို ပိုင်ဆိုင်ထားပြီး သားချောလေးပါ ပိုင်ဆိုင်ထားပါသေးတယ်။ ဒီလိုအောင်မြင်ပြီး ပရိတ်သတ်အချစ်တော်ဖြစ်နေတဲ့ သရုပ်ဆောင် မြင့်မြတ်ဟာ အလှူအတန်းမှာလည်း စံပြတစ်ဦးလိုပါပဲ။ မိသားစုလိုက် အလှူအတန်းတွေများစွာလုပ်လေ့ရှိပါတယ်။ အမြဲတမ်းလိုလို လှူတန်းဖြစ်နေတဲ့ မြင့်မြတ်တို့ မိသားစုဟာ အခုတစ်ခါလည်း သက်ကြီးလူရွှင်တော်တွေကို အလှူငွေတွေ လှူဒါန်းခဲ့ပါတယ်။ သူတို့ မိသားစုလေးဟာ ဘယ်လောက်ပဲ လှူတန်းနေပါစေ ဘယ်တော့မှာ ကြွားဝါတာမျိုးမရှိဘဲ ရိုးသားစွာ ကူညီထောက်ပံ့တာကြောင့် လူချစ်လူခင်လည်း ပေါများပါတယ်။ အခုလို သက်ကြီးလူရွှင်တော်အဖွဲ့ကိုလှူဒါန်းချိန်မှာလည်း မည်သူမျှ မသိအောင် ဒီအတိုင်း ရိုးရိုးလေးပဲ လှူဒါန်းခဲ့တာပါ။ ဒီလို...

ဗစ်တိုးရီးယားအမှုတွင် ရှေ့နေများ အမှုဖွင့်ခံရခြင်းမှာ မြန်မာနိုင်ငံ ရှေ့နေထု တစ်ရပ်လုံးကို ထိခိုက်နစ်နာစေကြောင်း ထုတ်ပြန်

လူအများစိတ်ဝင်စားနေသည့် ဗစ်တိုးရီးယားအမှုတွင် နှစ်ဖက်ရှေ့နေများကို Wisdom Hill မူကြိုကျောင်းမှ ကျောင်းကြီးကြပ်ရေး ဒေါ်ဥမ္မာလှိုင်က တရားလိုပြု အမှုဖွင့်တိုင်ကြားနေခြင်းမှာ မြန်မာနိုင်ငံ၏ ရှေ့နေထု တစ်ရပ်လုံးကိုပါ ထိခိုက်နစ်နာစေကြောင်း မြန်မာနိုင်ငံရှေ့နေအသင်းများ၏ အဖွဲ့ချုပ်က ထုတ်ပြန်ကြေညာလိုက်သည်။ နေပြည်တော် ဒက္ခိဏခရိုင်တရားရုံး၌ ကြားနာစစ်ဆေးလျက်ရှိသော ဗစ်တိုးရီးယားအမှုမှ တရားလို၏ ရှေ့နေ ဒေါ်ရွက်နုအောင်နှင့် တရားစွဲဆိုခံရသူဘက်မှ ရှေ့နေ ဦးခင်မောင်ဇော်၊ ဒေါ်စုဒါလီအောင်တို့ကို Wisdom Hill မူကြိုကျောင်းကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်က ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေဖြင့် တရားစွဲဆိုတိုင်တန်းထားသည်။ ဗစ်တိုးရီးယားအမှုဖြစ်စဉ်တွင် အမှုသည်၏ တာဝန်ပေးချက်အရ ဥပဒေဘောင်အတွင်းမှ ကိုယ်စားဆောင်ရွက်ရသည့် ရှေ့နေများကို ထည့်သွင်း တရားစွဲဆိုပါက အမှုတိုင်း၌ ရှေ့နေများ တရားစွဲဆို ခံရတော့မည်ဖြစ်ပြီး ယင်းအမှုရှေ့နေများမှာ အမှန်တရား ပေါ်ပေါက်ရေးအတွက် တရားခွင်တွင် ကြိုးပမ်းသကဲ့သို့ အများပြည်သူအဖြစ်မှန် သိရှိစေရန်အတွက် ပြန်ကြားခြင်းသာဖြစ်သည်ဟု မြန်မာနိုင်ငံရှေ့နေအသင်းများ၏ အဖွဲ့ချုပ်မှ သဘောထားထုတ်ပြန်ကြေညာခဲ့သည်။ နှစ်ဖက်ရှေ့နေများကို...

မွေးနေ့မှာ မိသားစုနဲ့အတူ ကုသိုလ်ကောင်းမှုတွေ ပြုလုပ်ခဲ့တဲ့ ချောရတနာ

စက်တင်ဘာ(၂၉) ရက်နေ့မှာ ကျရောက်တဲ့ သူမရဲ့ မွေးနေ့ကို အလှူအတန်းတွေ များစွာ ပြုလုပ်ရင်း ဖြတ်သန်းခဲ့တာ တွေ့ရပါတယ်။ ညပိုင်းမှာတော့ မိသားစုလေးနဲ့ Birthday Party လေးပြုလုပ်ခဲ့ပါသေးတယ်။ သရုပ်ဆောင် ချောရတနာကတော့ မွေးနေ့မှာ သူမလှူချင်တဲ့ နေရာတွေမှာ လှူဒါန်းခွင့်ရလို့ ပျော်လို့နေပါတယ်။သူမလှူချင်တဲ့ နေရာတွေကိုလည်း မွေးနေ့မတိုင်ခင်ကတည်းက ဆက်တိုက်ဆိုသလို လှူဒါန်းခွင့်ရအောင် စီစဉ်ပေးတဲ့ ခင်ပွန်းကြောင့်လည်း ချောရတနာတစ်ယောက် ပီတိဖြစ်လို့နေပါတယ်။“မွေးနေ့မတိုင်ခင်ကိုတောက်လျှောက် ကိုယ်လှူချင်တာတွေသွားချင်တာတွေ အကုန်စီစဉ်ပေးခဲ့တယ် စပရိုက်မတိုက်တတ်တာမရိုတတ်တာလေးတစ်ခုပဲ ကျေးကျေးပါကျားကျား” ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ စက်တင်ဘာ(၂၉) ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။ သူမမွေးနေ့မှာ လိုအပ်တွေနေရာတွေမှာ သွားရောက်လှူဒါန်းခဲ့သလို ရန်ကင်းကလေးဆေးရုံမှာလည်း သွားရောက်လှူဒါန်းခဲ့ပါသေးတယ်။ချောရတနာကတော့ လက်ရှိမှာ မိသားစုကို အချိန်ပေးဖြစ်နေပြီး သူမရဲ့ ခန္ဓာကိုယ်အတွက် gym ဆော့နေတယ်လို့ သိရပါတယ်။ သူမရဲ့ ခန္ဓာကိုယ်ကိုအတွက်လည်း သိသိသာသာ ဝိတ်ချနိုင်ခဲ့ပြီဖြစ်သလို သူမရဲ့ အခုလိုဝိတ်ချဖြစ်တဲ့ ရည်ရွယ်ချက်ကိုလည်း...

ရခိုင် -မြောက်ဦးကိုယူနက်စကိုအသိအမှတ်ပြုဖို့ အဆိုပြုလွှာ တင်

ရခိုင်ပြည်နယ်က ရှေးဟောင်းသမိုင်းဝင် အဆောက်အုံတွေ အများအပြားရှိနေတဲ့ မြောက်ဦးမြို့ကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်လာဖို့ ယူနက်စ်ကိုအသိအမှတ်ပြုရေး အဆိုပြုလွှာမူကြမ်းကို စက်တင်ဘာလ ၂၄ ရက်နေ့က တင်သွင်းလိုက်ပြီလို့ မြောက်ဦးရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ထိန်းသိမ်းရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်သန်းကပြောပါတယ်။ အဲ့ဒီအဆိုပြုလွှာမူကြမ်းမှာ သမိုင်းဝင်ရှေးဟောင်းအမွေအနှစ် အမျိုးအစားပေါင်း ၂၇ မျိုးကိုထည့်သွင်းရေးဆွဲထားတာဖြစ်ပြီး နန်းတော်ကုန်း၊ တံတိုင်း၊ ကျုံး၊ ပိဋကတ်တိုက်၊ စဥ့်ထည်၊ စဥ့်ဖို၊ ညီလာခံသဘင်ကျင်းပခဲ့တဲ့နေရာတွေနဲ့ စပါးကျီတွေ စတဲ့အမွေအနှစ်တွေပါဝင်တယ်လို့ သူကပြောပါတယ်။ဒီအဆိုပြုလွှာကို ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်ကနေ စတင်ပြုစုခဲ့တာဖြစ်ပြီး နှစ်နှစ်တာကာလအတွင်းပြုစုခဲ့ရတဲ့အချိန်မှာ ဒေသမတည်ငြိမ်မှုတွေကြောင့် အခက်အခဲတွေလည်းရှိခဲ့တယ်လို့ မြောက်ဦးယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌ ဒေါ်ခင်သန်းကပြောပါတယ်။” ယူနက်စကိုက လည်းဇန်နဝါရီလောက် နောက်ဆုံးထားပြီး မေးမှာတွေရှိတယ် သူတို့လိုအပ်တာတွေကိုအချိန်နဲတပြေးညီ ပြန်ဖြေရမှာပါ”လို့ ဒေါ်ခင်သန်းကပြောပါတယ်။ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ဟာ ရှေးဟောင်းမြို့တစ်မြို့ဖြစ်ပြီး သမိုင်းဝင်အမွေအနှစ်တွေ အများပြားစုစည်းတည်ရှိနေတဲ့ ဒေသတစ်ခုလည်းဖြစ်ပါတယ်။ လက်ရှိမှာ အဲ့ဒီသမိုင်းဝင်အမွေအနှစ်တွေဟာ ထိန်းသိမ်းမှုအားနည်းပြီး၊ သဘာဝဘေး ဒဏ်တွေကြောင့်...

စားဝတ်နေရေးအတွက် ကျောက်ဆည်ကနေ မန္တလေးထိတတ်ပြီး ထီလာရောင်းတဲ့ အဖိုးအို

ဒီအဘကိုတွေ့ရင် ထီဝါသနာပါပါမပါပါ အားပေးကြပါ အသက်က ၈၅နှစ် ထီဖွင့်ဖို့ ၁၀ရက်အလိုကြမှ ကျောက်ဆည်ကနေ မန်းလေးထိ ထီလာရောင်းတာပါ လမ်း၈၀အနီးတဝိုက်မာပဲ များသောအားဖြင့်ရောင်းတာပါတဲ့။ ခုလည်း လမ်းမာမောမောနဲ့ရေသောက်နေတာနဲ့ သနားလို့ဝင်ပေးခဲ့တယ် မနေ့ညကလည်းအိမ်နားမာ တွေ့လို့ထီအားဆပးခဲ့ပါသေးတယ် တွေ့ရင် ကျော်မသွားပါနဲ့ လမ်းဘေးမာထီထိုးရတာကိုမရှက်ကြပါနဲ့ Credit-စွယ်စုံ