Monthly Archive: August, 2019

“အသက်မရှင်ချင်လောက်အောင် စိတ်ညစ်နေရတဲ့လို့ ရင်ဖွင့်လာတဲ့ ချမ်းချမ်း”

အသံပါဝါကောင်းကောင်းနဲ့ သီချင်းတွေကို ခံစားချက်အပြည့်နဲ့ သီဆိုတတ်တဲ့ အဆိုတော်မလေး ချမ်းချမ်းကတော့ သူမရဲ့အနုပညာကြောင့်ရော သူမရဲ့ပြတ်သားတဲ့ စိတ်ထားလေးကြောင့်ပါ ပရိသတ်တွေရဲ့ချစ်ခင်အားပေးခြင်းကို အပြည့်အဝရရှိထားသူတစ်ဦးပါ။ အိမ်ထောင်ရေးနဲ့ပတ်သတ်ပြီး ကံမကောင်းတဲ့ ချမ်းချမ်းကတော့ လက်ရှိမှာ သူမရဲ့ဘဝဖြစ်တဲ့ သမီးလေးရယ်၊ သူမကို တကယ်ချစ်တဲ့သူရယ်နဲ့အတူ ဘဝအသစ်လေးကို ပြန်လည်စတင်နေတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ချမ်းချမ်းက မနာလိုမှုတွေနဲ့ ထိုးနှက်လာတွေကြောင့် အသက်မရှင်ချင်လောက်အောင် စိတ်ညစ်နေရတဲ့အကြောင်းကို “သူများဘဝ​တွေ..သူများဖြစ်​တည်​မှု​တွေ..သူများစိတ်​ခံစားမှု​တွေ..သူများ​အောင်​မြင်​မှု​တွေ..သူများ​ပျော်​ရွှင်​မှု​တွေ..ပြည့်​စုံမှု​တွေကိုကြည့်​ပြီး အားကျ​နေတာကိုယ်​တ​ယောက်​တည်းလား​နော်​။ လူတိုင်းကဒုက္ခကိုယ်​စီဆို​ပေမဲ့ သူတို့​လေး​တွေက ကိုယ့်​ထက်​ စစအရာရာ​ပျော်​ရွှင်​ပြည့်​စုံ​နေကြသလိုပဲ ကံ​ကောင်းလိုက်​တာ၊အားလဲကျပါတယ်။ဘာလုပ်​လုပ်​ ဘာကိုင်​ကိုင်​ ဘာမှအဆင်​မ​ပြေဖြစ်​ဖြစ်​​နေတဲ့ကိုယ့်​ဘဝကိုအမြဲဆု​တောင်းပါတယ်​။ တကယ်​လို့များ ဘုရားသခင်​ ကျမကိုအသက်​နုတ်​ပြန်​​ခေါ်သွားရင်​ သိပ်​​ကောင်းမှာပဲလို့ ကျမဟာလူ့​လောကကြီးမှာပင်​ပန်းမှု​တွေနဲ့အသက်​ရှင်​ရလို့ ဘာကိုမှ ​ပြောလိုစိတ်​ လုပ်​လိုစိတ်​မရှိ​လောက်​​အောင်​ပါပဲ။ အဆင်​မ​ပြေမှူ​တေနဲ့ အသားကျ​အောင်​ကြိုးစားဆဲပါပဲ သူများ​တွေကိုကိုယ်​ကူညီ​နေရတဲ့အချိန်​ဆိုသိပ်​​ပျော်​တယ်​။ ဒါ​ပေမဲ့ကိုယ့်​အတွက်​ကိုယ်​ရင်​ဆိုင်​ရပီဆိုဘာလို့များအဲ့သ​လောက်​ပင်​ပန်းကြမ်းတမ်းရသလဲဆိုတဲ့​မေးခွန်းကို​နေ့တိုင်း​မေးမိတယ်​။ ​မေးတိုင်းလဲ အ​ဖြေမရှိခဲ့ဘူး တ​နေ့​တော့ရှိလာမှာပါ အဲ့ဒီအချိန်​က ​သေချာတယ်​ဘာကိုမှဖြစ်​ချင်​စိတ်​..ချစ်​ချင်​စိတ်​ လိုချင်​စိတ်​ လုပ်​ချင်​စိတ်​မရှိ​တော့တဲ့အချိန်​ပဲ ဘာပဲ​ပြော​ပြောလူ့​လောကကြီးမှာ ရိုးသားစွာအသက်​ရှင်​ခဲ့တာလူ​တွေအတွက်​အသုးံဝင်​ခဲ့တဲ့အတွက်​ရယ်​တွက်​ရယ်​ မဟုတ်​မခံတတ်​တဲ့စိတ်​​ကြောင့်​ တချို့တ​လေ​တော့​ကျေနပ်​မိပါတယ်။...

စိုင်းစိုင်းနဲ့ တွဲပြီးအလုပ်လုပ်ရတဲ့အပေါ် သူမရဲ့ ခံစားချက်ကို ပြောပြလာတဲ့ ၀တ်မှုံရွှေရည်

ပရိသတ်တွေကြားမှာ အရမ်းကို ဟော့ဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်နဲ့ ၀တ်မှုံရွှေရည်တို့ရဲ့ G Shock ကြော်ငြာနဲ့ ပတ်သက်ပြီး ပရိသတ်တွေအရမ်းကို စိတ်ဝင်စားနေကြသလို အားပေးတဲ့ ပရိသတ်တွေလဲများပြားလှပါတယ်။ သူတို့နှစ်ယောက်ရဲ့ အကြည့်တွေက အရမ်းကို အသက်ဝင်နေတာမို့ ပရိသတ်တွေက ကြားမှာ အရမ်းကို လိုက်ဖက်ညီလှတ်ဆိုပြီး ပြောနေကြပါတယ်။ ဒီလို ပြောနေကြတာနဲ့ ပတ်သက်ပြီး ၀တ်မှုံရွှေရည်ကတော့ သူမရဲ့ ခံစားချက်ကိုပြောပြလာပါတယ်။ သူမအနေနဲ့ ထွေထွေထူးထူး ဘာမှမရှိပါဘူး ဒီပုံတွေကလဲ ကြော်ငြာရိုက်ကူးနေတဲ့ ပုံရိပ်တွေပါ။ ရိုက်ကူးတဲ့နေရာမှာလဲ ဒါရိုက်တာခိုင်းတဲ့အတိုင်း ရိုက်ကူးခဲ့တာ ထွေထွေထူးထူးခံစားချက်မရှိပါဘူး၊ ပရိသတ်တွေရဲ့ တောင်းဆိုချက်ကြောင့်လဲ ရိုက်ကူးဖြစ်တာပါ၊နောက်ပြီး အဲ့ဒီကြော်ငြာတွေကလဲပေါက်တာကြောင့် နောက်ပိုင်းလဲ ကုမ္ပဏီရဲ့ အစီအစဉ်အတိုင်းဘဲ လုပ်ဆောင်သွားမှာဖြစ်တဲ့ အကြောင်းကို ပြောပြလာပါတယ်။ သူမ ပြောပြခဲ့တာ ကတော့ “ ဓာတ်ပုံဆရာရိုက်ပေးထားတဲ့ပုံတွေပါ ။ ပရိသတ်ကော ကြော်ငြာရှင် ကုမ္ပဏီကရော တောင်းဆိုလို့ ရိုက်ဖြစ်ပါတယ်။ ပရိသတ်ကကြိုက်တယ်...

ဆရာတော် အပါး(၇၀) ကို ဝါဆိုသင်္ကန်းကပ်ရင်း ဒေါ်လာသုံးထောင် လှူဒါန်းခဲ့တဲ့ စမိုင်းလ်

တစ်ခေတ်တစ်ခါက မော်ဒယ်လောကမှာ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တဲ့ မင်းသမီးချောလေး စမိုင်းလ်က အခုဆိုရင် အိမ်ထောင်ကျပြီး အနုပညာလုပ်ငန်းတွေကို သိပ်မလုပ်ကိုင်တော့ပါဘူး။ စမိုင်းလ်က ခင်ပွန်းဖြစ်သူနဲ့ စီးပွားအတူတူရှာရင်း သမီးလေးနှစ်ယောက်ကို ထိမ်းကြောင်းပြုစုနေတာပဲ ဖြစ်ပါတယ်။ အပူအပင်ကင်းပြီး သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ စမိုင်းလ်တို့ မိသားစုကတော့ ပရိသတ်တွေ အားကျခြင်းခံရတဲ့ မိသားစုလေးတစ်စု ဖြစ်ပါတယ်။ ဒီကနေ့ သြဂုတ်လ (၃၁) ရက်နေ့မှာတော့ စမိုင်းလ်တို့ မိသားစုက အောင်ဇဗ္ဗူတောရ ဆရာတော်ကြီးရဲ့ ဦးဆောင်မှုနဲ့ စာချစာသင်ဆရာတော် အပါး(၇၀) ကို ဝါဆိုသင်္ကန်းနဲ့ နေ့ဆွမ်းဆပ်ကပ် လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ စမိုင်းလ်၊ ကိုပြည့်မောင်၊ သမီး – မဆုနဒီမောင် နဲ့ မဆုရတီမောင် တို့မိသားစုက နဝကမ္မအလှူငွေအဖြစ် အမေရိကန်ဒေါ်လာ(၃၀၀၀) ကျပ်တိတိကိုလည်း လှူဒါန်းခဲ့ပါသေးတယ်။ ပရိသတ်တွေအတွက် စမိုင်းလ်တို့မိသားစုအလှူမြင်ကွင်းလေးကို သာဓုခေါ်ရအောင်လို့ မျှဝေပေးလိုက်ပါတယ်နော်။ စမိုင်းလ်တို့ မိသားစုကတော့ အလှူရေစက်လက်နဲ့မကွာ ဆိုတဲ့အတိုင်းပဲ...

မိစုံဖစုံနဲ့ နေခွင့်မရတာကြောင့် ​စိတ်​ဒဏ်​ရာ​တွေရခဲ့တဲ့ အ​ကြောင်း​ ရင်​ဖွင့်​လာတဲ့ ​မေသက်ခိုင်

မျက်နှာဖောင်းဖောင်းလေးနဲ့ ချိုမြိန်လှတဲ့ အပြုံလေးတွေကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေး မေသက်ခိုင်ကတော့ ထူးခြားပီပြင်တဲ့ သရုပ်ဆောင်ချက်တွေကြောင့်ရော၊ ချစ်ဖို့ကောင်းတဲ့ စိတ်ထားလေးကြောင့်ပါ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားသူလေးပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ မေသက်ခိုင်က ငယ်ငယ်ကတည်းက Broken Family ​ကြောင့်​ ရရှိခဲ့တဲ့ သူမရဲ့ စိတ်​မ​ကောင်းစရာ အဖြစ်​အပျက်​​တွေကို ​ဝေမျှ​ပေးလာတာ ​တွေ့ရပါတယ်​။ ​​​။ Broken Family ​ကြောင့် စိတ်ဒဏ်ရာေ​​​တွ ရခဲ့တဲ့ မေသက်ခိုင်ကိုတော့ ပရိသတ်တွေအားလုံးကလည်း အား​​ပေးနှစ်သိမ့်ေ​​နကြတာပဲ ဖြစ်ပါတယ်။ ချစ်​ပရိသတ်​​တွေ​အတွက်​ Broken Family က သားသမီးတစ်ဦးရဲ့ ​စိတ်​ဒဏ်​ရာ​တွေကို ထုတ်​​ပြောလာတဲ့ ​မေသက်ခိုင်​ရဲ့အ​ကြောင်းကို ​ဖော်​ပြ​ပေးလိုက်​ပါတယ်​​နော်​။ ​မေသက်​ခိုင်​က​တော့ “Broken family က သားသမီးတွေကို စာနာပါ မိဘကသေသွားတာမဟုတ်ပါဘူး အမေရော အဖေရော ရှိနေရဲ့သားနဲ့ ကိုယ့်အိမ်ထောင်နဲ့ကိုယ်ဖြစ်နေတဲ့အချိန်မှာ သားသမီးတွေမှာ ခံစားချက်ရှိကြပါတယ် သားသမီးတွေရဲ့ဘဝမှာ ဘယ်လောက်ပဲပြည့်စုံအောင်ထားနေပါစေ လိုအပ်ချက်ဆိုတဲ့စိတ်ကြီးက...

အားလပ်ရက်တွေကို မိဘတွေအတွက် အချိန်ပေးခဲ့တဲ့ အေးမြတ်သူ

သရုပ်ဆောင် မင်းသမီးချောလေးတစ်ယောက်ဖြစ်တဲ့ အေးမြတ်သူ ဟာဆိုရင် သရုပ်ဆောင်မှုအပိုင်းမှာ အပိုအလိုမရှိတဲ့ သရုပ်ဆောင်ကွက်တွေနဲ့ ပရိသတ်တွေကို ဖျော်ဖြေတင်ဆင်ပေးခဲ့တဲ့ သူတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုများစွာကို ရရှိထားခဲ့ရတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုများစွာကို ရရှိထားခဲ့ရတဲ့ အေးမြတ်သူက မိမိရဲ့ အားလပ်ချိန်မှာ မိဘတွေကို အချိန်လေးပေးဖို့ပြောထားတဲ့ အကြောင်းကိုဖော်ပြပေးလိုက်ပါတယ်နော်။ သရုပ်ဆောင် အေးမြတ်သူက စစ်ကားရုပ်ရှင်ကားကြီးကို သရုပ်ဆောင်နေတိုး၊ ကျော်ကျော်ဗို၊ ထူးအောင် ၊ အနုပညာရှင်များစွာနဲ့အတူ သရုပ်ဆောင်ရိုက်ကူးမှာပဲ ဖြစ်ပါတယ်။သူမအပါအဝင် ၊ ထွန်းထွန်း၊ ရန်အောင် တို့နဲ့ ရိုက်ကူးထားတဲ့ တန်ဖိုးရုပ်ရှင် ဇာတ်ကားကြီးကလည်း စက်တင်ဘာလ (၁၂) ရက်နေ့မှာ ပြသတော့မှာပါ။ အေးမြတ်သူက ဒီတစ်ခါမှာတော့ သူ့ရဲ့ ပရိသတ်တွေကို အားလပ်ချိန်မှာ မိဘတွေကို အချိန်လေးပေးလိုက်ပါဆိုပြီး ခုလိုဖော်ပြထားပါတယ်။ ” ဒီနေ့ စနေနေ့ ဆိုတော့ ..ချစ်ရသူတွေအတွက် အလုပ်တွေ အရမ်းမများလောက်ဘူး .....

ကွတ်ခိုင်မြို့ မော်ဟိတ်စုစည်းကျေးရွာမှာ လက်နက်ကြီးကျလို့ လသားကလေးငယ်နဲ့ မိခင် အပါအ၀င် လူ ၅ဦးသေဆုံး

ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့မှာ ဒီကနေ့ သြဂုတ် ၃၁ရက်နေ့ မနက်ပိုင်းက မြန်မာ့တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် မော်ဟိတ်စုစည်းကျေးရွာအတွင်းလက်နက်ကြီးကျလို့ လသားကလေးငယ်နဲ့မိခင် အပါအဝင် လူ ၅ ဦးသေဆုံးသွားခဲ့ပါတယ်။ ‘ ‘ ဒဏ်ရာ ရတဲ့ ၂ယောက်ကိုတော့ လားရှိုးဆေးရုံကို ပို့လိုက်ပြီ။ ဆုံးသွားတာတော့ ၅ဦးပါ။ လသား ကလေးငယ်တစ်ယောက်ရယ် မိခင်ရယ်၊ နောက်ထပ် ၈ နှစ်အရွယ် ယောက်ျားလေး တစ်ယောက် လည်း ပါတယ်။”လို့ အခင်းဖြစ်ရာကို သွားရောက်ကူညီခဲ့တဲ့ မြဟ္မစိုရ်နှလုံးသား လူမှုကူညီရေးအသင်းက အဖွဲ့ဝင် တစ်ဦးက ဘီဘီစီကိုပြောပါတယ်။ ဒီကနေ့မနက် အစောပိုင်းကတည်းကကွတ်ခိုင်မြို့ပေါ်ရပ်ကွက်တွေမှာပါ ပစ်ခတ်မှုတွေဖြစ်ခဲ့ပြီး မြို့ပေါ် ရပ်ကွက်တစ်ခုဖြစ်တဲ့ ရပ်ကွက် ၈ မှာပါ တိုက်ပွဲတွေဖြစ်ခဲ့တဲ့အတွက် အဆိုပါရပ်ကွက်မှာရှိတဲ့ မသန်စွမ်း ကျောင်းက ကလေးငယ်တွေကို ဘေးလွတ်ရာတိမ်းရှောင်နေကြရတယ်လို့ ကျောင်း တာဝန်ခံ ဒေါ်မိုင်းမိုင်းက ဘီဘီစီကိုပြောပါတယ်။”မနက်ကတည်းက...

မွေးနေ့မှာ သံဃာတော် အပါး(၄၀၀)ခန့်ကို ဆွမ်းလောင်းကုသိုလ်ယူခဲ့တဲ့ စိုးမြတ်သူဇာ

မကြီးစိုးကတော့ မွေးနေ့မှာ ကုသိုလ်ကောင်းမှုတွေ ပြုလုပ်လို့နေပါတယ်။ မွေးနေ့ရောက်တိုင်း သံဃာတော်တွေကို ဆွမ်းချက်လောင်း ကုသိုလ်ယူခဲ့တာ (၂၅)နှစ်တိတိ ရှိခဲ့ပြီတဲ့။ အနုပညာလောကသားတွေအားလုံးက မကြီးစိုးလို့ ချစ်စနိုးနဲ့ ခေါ်ခြင်းခံရတဲ့ သူမဟာ အနုပညာလောကမှာ အခုချိန်ထိ အောင်မြင်မှုတွေ ပိုင်ဆိုင်ထားနိုင်သူပါ။ ဒီနေ့ (သြဂုတ်၃၁ရက်)က သူမမွေးနေ့ဖြစ်ပါတယ်။ စိုးမြတ်သူဇာက မွေးနေ့နံနက်မှာ သံဃာတော် အပါးလေးရာခန့်ကို ဆွမ်းချက်လောင်းပြီး ကုသိုလ်ယူခဲ့တာတွေ့ရပါတယ်။မွေးနေ့ရောက်တိုင်း အခုလိုမျိုး သံဃာတော်တွေကို ဆွမ်းချက်လောင်း ကုသိုလ်ယူခဲ့တာ ဒီနှစ်နဲ့ဆိုရင် (၂၅)နှစ်တိတိ ရှိခဲ့ပြီလို့ သိရပါတယ်။ “ယနေ့ကျရောက်တဲ့ သမီးကြီးမွေးနေ့မှာ သမီးကြီးကိုယ်တိုင်မနက်လေးနာရီထပြီး ရဟန်းသံဃာတော်များနှင့်သီလရှင်များအားအရုဏ်ဆွမ်းလောင်းလှုဒါန်းခဲ့ပါတယ်။ဒီလို သမီးကြီးမွေးနေ့တိုင်း ဓမ္မာရုံမှာ သံဃာတော်နှင့်သီလရှင်များအပါး လေးရာခန့်ကိုအရုဏ်ဆွမ်းလောင်းလှုခဲ့တာ ယနေ့ဆို ၂၅ နှစ်တိတိဝတ်မပျက်ခဲ့ပါဘူးရှင်။ ဒီအတွက်လဲအင်မတန်ပီတိဖြစ်ရပါတယ်”ဆိုပြီး စိုးမြတ်သူဇာ မိခင်ရဲ့ ဖေ့စ်ဘွတ်မှာရေးသားထားပါတယ်။ သူမပြုလုပ်တဲ့ကုသိုလ်ကောင်းမှုတွေကိုလည်း ၃၁ဘုံကျင်လည်နေကျတဲ့သူတွေအားလုံးကို အမျှအတန်းပေးဝေထားတာတွေ့ရပါတယ်။ စိုးမြတ်သူဇာရဲ့ အနုပညာသက်တမ်းကတော့ နှစ်ပေါင်း ၄၀ ခန့်ရှိပြီဖြစ်ပါတယ်။ သူမဟာ...

အပြင်မှာ ဆေးကုချင်တယ်လို့ ရင်ဖွင့်လာတဲ့ အစ္စဏီ

အမှုရင်ဆိုင်နေရတဲ့ အဆိုတော်အစ္စဏီရဲ့ ကျန်းမာရေး အခြေအနေကတော့ ကောင်းလိုက် မကောင်းလိုက် ဖြစ်နေတယ်လို့ ဆိုပါတယ်။ ဒီနေ့အမှုအခြေအနေကလည်း ထူးခြားမှု မရှိသေးပါဘူး။ ရည်းစားဟောင်းကို အဓမ္မကျင့် နှိပ်စက်မှုနဲ့ တရားစွဲဆိုခံထားရတဲ့ အဆိုတော် အစ္စဏီကို ဒီနေ့ (သြဂုတ်၃၀ ရက်)က တာမွေတရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ ကျန်းမာရေးမကောင်းလို့ ဆေးကုသမှု ခံယူနေရတဲ့ အဆိုတော်အစ္စဏီဟာ အင်းစိန်ထောင်ထဲမှာ ဆေးကုမှု ခံယူနေရပေမယ့် အပြင်မှာ ဆေးကုသချင်တယ်လို့ ရုံးချိန်အပြန်မှာ မီဒီယာတွေကို ပြောခဲ့ပါတယ်။ “ကျန်းမာရေးအခြေအနေကတော့ ဆေးကုတာက အထဲမှာပဲကုနေရတာ။ အပြင်မှာကုချင်နေပြီလို့ ပြောချင်ပါတယ်” ဆိုပြီး ကျန်းမာရေးနဲ့ ပတ်သက်လို့ ရုံးချိန်းအပြန်မှာ မီဒီယာတွေကို ပြောခဲ့ပါတယ်။အစ္စဏီဟာ အပတ်စဉ် ရုံးချိန်းတိုင်းကို ပုံမှန်တက်ရောက်ခဲ့ပေမယ့်လည်း အမှုအခြေအနေကတော့ ထူးခြားမှု မရှိသေးဘူးလို့ သိရပါတယ်။“အမှုကတော့ မထူးသေးဘူး။ စစ်လည်းမစစ်ဖြစ်ပါဘူး။ကျန်းမာရေးကလည်း ကောင်းလိုက်မကောင်းလိုက်ပါပဲ” လို့ အစ္စဏီရဲ့ မိခင်က ဆိုပါတယ်။တရားခံ အစ္စဏီကို...

အစိုးရနှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့ ကျိုင်းတုံတွင်တွေ့ဆုံနေချိန် ကွတ်ခိုင်မြို့အနီးနားထိ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေ

အစိုးရ ငြိမ်းချမ်းရေးကော်မရှင် နှင့် KIA အပါအ၀င် မြောက်ပိုင်းမဟာမိတ်လက်နက်ကိုင်အဖွဲ့(TNLA AA MNDAA ) တို့ ရှမ်း(အရှေ့) ကျိုင်းတုံ၌ တွေ့ဆုံဆွေးနွေးနေချိန် ယနေ့မနက်မှာပင် ရှမ်း(မြောက်) ကွတ်ခိုင်၌ တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေကြောင်း ဒေသခံများထံမှသိရသည်။ ကွတ်ခိုင်ဒေသခံတစ်ဦးက “အခုကို ပစ်နေတာဗျာ။ လားရှိုးဘက်ကို ထွက်အခြမ်း။ မြို့ထဲမှာ တင် ရပ်ကွက် ၈ ဘက်မှာ ပစ်နေတာ။ တဖုံးဖုံးတဒိုင်းဒိုင်းနဲ့ ။ အခုကို ပစ်နေတာ ခင်ဗျားအသံမကြားရဘူးလား” ဟု သတင်းတမန်သို့ ယနေ့မနက် ၁၀ နာရီ ၈ မိနစ်တွင်ပြောသည်။တိုက်ပွဲကြောင့် ကွတ်ခိုင်မြို့နယ်အတွင်း လမ်းသွားလမ်းလာ ခြောက်ကပ်လျက်ရှိပြီး ကွတ်ခိုင်ဈေးမှာလည်း လူသူကင်းမဲ့လျက်ရှိကြောင်း ဒေသခံထံမှသိရသည်။ယနေ့ထိ တိုက်ပွဲများကြောင့် ကွတ်ခိုင်တွင် စစ်ဘေးရှောင်ပြည်သူ ၁၈၀၀ ခန့်ရှိနေကြောင်း ကွတ်ခိုင်အခြေစိုက် ဗြဟ္မစိုရ်​ နလုံးသား လူမှုကူညီရေးအသင်းမှ သိရသည်။သြဂုတ် ၁၅ ရက်နေ့က နောင်ချို...

လေယာဉ်ပေါ်က မထင်မှတ်တဲ့ အန္တရာယ်ရှိ လူသားများ

လေယာဉ်ပျံဆိုတာ တတ်နိုင်တဲ့လူတွေ စီးတဲ့အရာတစ်ခုလို့ လူတွေသိထားကြပါတယ်… အထူးသဖြင့် ဘတ်ဂျတ်လေကြောင်းလိုင်း မဟုတ်ရင် လတ်မှတ်ခတွေ ဈေးကြီးလေ့ ရှိကြပါတယ်ဒါပေမယ့် အဲဒီလို ဈေးကြီးတဲ့ လေကြောင်းလိုင်းတွေပေါ်မှာ မထင်မှတ်တဲ့ အန္တရာယ်လူသားတွေ ရှိနေပါတယ်… လေယာဉ်ခရီးသည်များ သတိထားနိုင်ဖို့ တင်ပြပါ့မယ် ဒီနေ့ ကျနော့် ဟောင်ကောင်ဖလိုက်ပေါ်မှာ HK Arrival Card ဝေပြီးချိန် ခရီးသည်တစ်ဦးဟာ သူ့ခုံကထပြီး အပေါ်အကန့်ထဲမှာ ထည့်ထားတဲ့ အိတ်ကိုယူပါတယ်ကဒ်ဖြည့်ဖို့ ဘောပင်ရှာသလိုနဲ့ လွတ်နေတဲ့ နောက်ထိုင်ခုံဆီယူသွားပါတယ်… စိမ်ပြေနပြေ ရှာပြီးတဲ့နောက် အိတ်ထဲက ငွေအချို့ကို ထုတ်ယူရေတွက်ပြီး သူ့အိတ်ထဲ ထည့်ထားပါတယ် ဒါကို အတွေ့အကြုံရှိတဲ့ လေယာဉ်မောင်က မသိမသာ ဓါတ်ပုံခိုးရိုက်လိုက်တယ်… သူ့ကို ဘာကူညီရမလဲလို့ သွားမေးတော့ အမူအရာပျက်နေတာနဲ့ လေယာဉ်မောင်လည်း ကိုယ်ယောင်ဖျောက်ပြီး စောင့်ကြည့်တဲ့အခါ အဲဒီလူက မယောင်မလည်နဲ့ ယူတဲ့နေရာကို သွားပြန်ထားလိုက်တယ်လေလေယာဉ်မောင်လည်း အိပ်ပျော်နေတဲ့သူတွေကို နှိုးမေးတော့ ပိုင်ရှင်ပေါ်လာပြီး...