Monthly Archive: June, 2019

“ကွမ်းလည်း မစားတော့ဘူး၊ ဆေးလိပ်လည်း မသောက်တော့ဘူး” ဆိုတဲ့ သူငယ်ချင်း ဦးပလာတာရဲ့ အိမ်ကို သွားလည်ခဲ့တဲ့ သရုပ်ဆောင် ဦးစံမတူ

ပရိသတ်ကြီးရေ ဦးပလာတာနဲ့ ဦးစံမတူကို မသိတဲ့သူမရှိလောက်ဘူးလို့ထင်ပါတယ်နော်။ ဝါရင်သရုပ်ဆောင်ကြီးတွေဖြစ်ကြသလို ကျရာဇာတ်ရုပ်ကို ပိုင်နိုင်စွာသရုပ်ဆောင်နိုင်ကြသူတွေလဲဖြစ်ပါတယ်။ ဇရာကြောင့် အနုပညာအလုပ်တွေ ရပ်နားခဲ့ကြပေမယ့် အသက်ရှစ်ဆယ်ကျော်ထိ အခင်အမင်မပျက်ပဲပေါင်းသင်းနေကြတဲ့ သူငယ်ချင်းတွေလဲဖြစ်ပါတယ်။ ဒီနေ့မှာတော့ ဦးစံမတူဟာ သူငယ်ချင်းဖြစ်တဲ့ ဦးပလာတာအိမ်ကို သွားလည်ခဲ့ပါတယ်။ သူငယ်ချင်းဖြစ်သူ အိမ်လာလည်လို့ ဦးပလာတာကြီးကတော့ပျော်နေပါတယ်။ သူငယ်ချင်းနှစ်ယောက် တစ်ယောက်အကြောင်းတစ်ယောက်လဲပြောလာခဲ့ကြပါတယ်။ ပရိသတ်ကြီးအတွက် “ကွမ်းလည်း မစားတော့ဘူး၊ ဆေးလိပ်လည်း မသောက်တော့ဘူး” ဆိုတဲ့ သူငယ်ချင်း ဦးပလာတာ ရဲ့ အိမ်ကို သွားလည်ခဲ့တဲ့ လူရွှင်တော်၊ သရုပ်ဆောင် ဦးစံမတူ ရဲ့ ဗီဒီယိုဖိုင်လေးကိုဖော်ပြပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးကလဲ ဝါရင့်သရုပ်ဆောင်တွေက်ုချစ်ရင် share ပေးကြပါဦးနော်။ Video ကြည့်ရန် Video Source : Myanmar Celebrity

ပြည့်သူ့အသံနားထောင်ပြီး သမီးလေး ဗစ်တိုးရီးယား အမှုအတွက် သမ္မတရုံးမှထုတ်ပြန်လိုက်ပြီ

Myanmar President Office နဲ့ Myanmar State Counsellor Office တို့ရဲ့ Message Box နဲ့ Comment များမှာ ပေးပို့လာတဲ့ တောင်းဆိုချက်များစွာကို ကောင်းစွာ လက်ခံရရှိပါတယ်။ ဒီဖြစ်စဉ် ဖြစ်ပွားတာကို စတင်သိရှိရကတည်းက နိုင်ငံတော်အကြီးအကဲတွေအနေနဲ့ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ တာဝန်ရှိသူတွေကို “ဒီအမှု မပေါ် ပေါ်အောင် ဖော်ပါ” လို့ နှုတ်နဲ့ မှာကြားထားခဲ့တာ ဖြစ်ပါတယ်။ စဉ်ဆက်မပြတ်လည်း အမှုဖော်ထုတ်မှုရဲ့ တိုးတက်မှု အခြေအနေတွေကို မေးမြန်းပြီး အကြီးအကဲများထံ တင်ပြနေပါတယ်။ အမှု စစ်ဆေးဖော်ထုတ်မှု ကြန့်ကြာနေရခြင်းနဲ့ ပတ်သက်လို့လည်း အသေးစိတ်အထိ မေးမြန်းထားပြီး ဖြစ်ပါတယ်။ ဖြစ်လေ့ဖြစ်ထရှိတဲ့ အကြောင်းကြောင်းကြောင့် ကြန့်ကြာနေရခြင်း ဖြစ်ပြီး အမှုမှန် ပေါ်ပေါက်ဖို့ အချိန် အနည်းငယ် ပေးနေရတာ ဖြစ်ကြောင်း သိရှိပါတယ်။ လတ်တလော စစ်ဆေးဖော်ထုတ်ဆဲကိစ္စ...

မီတာခံ တိုးကောက်မှုကြောင့် ကုန်ဈေးနှုန်း မြင့်လာမည်မဟုတ်ဟု ဦးဖြိုးမင်းသိန်းပြော

လျှပ်စစ်ဓာတ်အားခ တိုးမြှင့်လိုက်တာကြောင့် ကုန်ဈေးနှုန်း မြင့်မားလာမှမဟုတ်ဘဲ လျှပ်စစ်မီးပုံမှန်ရပါက နောက်ပိုင်းမှာ တည်တည်ငြိမ်ငြိမ်နဲ့ ပိုတိုးတက်လာလိမ့်မယ်လို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ်က ပြောပါတယ်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ ဇွန် ၂၉ ရက်နေ့က ပြုလုပ်တဲ့ မီဒီယာတွေ့ဆုံပွဲမှာ ဝန်ကြီးချုပ်က အခုလို ပြောဆိုသွားတာပါ။ “လျှပ်စစ်ဈေးနှုန်း တိုးသွားတဲ့အပေါ်  တချို့ ကုန်ဈေးနှုန်း ကြီးလာမလား၊ ထုတ်ကုန်တွေများ ပိုပြီး ဈေးမြင့်လာမလားဆိုတာ မဟုတ်ပါဘူး။  လျှပ်စစ်မီးလုံလုံလောက်လောက်မရလို့ ထုတ်လုပ်မှု စရိတ်တွေ ကြီးနေတာဖြစ်ပါတယ်။ စက်ရုံတွေအနေဲ့ မီးစက်တွေပြင်ဆင်ထားရတယ်။ မီးစက် မောင်းမယ့်ဝန်ထမ်းတွေခန့်ထားရတယ်။ အဲဒါအပြင် ဒီဇယ်တွေလည်း သိုလှောင်ထားရတယ်။ မီးလာလာ မလာလာ တရက်တကြိမ်တော့ မောင်းရတယ်။  ဒါကြောင့်လျှပ်စစ်ကို ဈေးနှုန်း နည်းနည်းနဲ့ ရပေမယ့် လုံလုံလောက်လောက်မရဘဲ မမျှော်မှန်းနိုင်တဲ့ ကုန်ကျစရိတ်တွေ အများကြီး ထပ်ဖြစ်နေတဲ့ အခြေအနေဖြစ်ပါတယ်။ လျှပ်စစ်သာ မှန်မှန်ပေးနိုင်မယ်ဆိုရင် မီးစက်တွေလည်း ထားစရာမလိုဘူး၊ ဆီတွေလည်း...

သားလေးမြတ်သူကို ပေးဖို့တောင်းဆိုခံလိုက်ရတဲ့ ဖေဖေမြင့်မြတ်

ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုတွေနဲ့ ယနေ့ထိတိုင်အနုပညာလမ်းကြောင်းမှာ အောင်မြင်မှုတွေနဲ့လျှောက်လှမ်းနေတာကတော့ အကယ်ဒမီမြင့်မြတ်ပဲ ဖြစ်ပါတယ်။ သူ့ရဲ့သရုပ်ဆောင်ပီပြင်ကျွမ်းကျင်မှုတို့ကြောင့်လည်း အကယ်ဒမီထူးချွန်ဆုကိုရရှိပိုင်ဆိုင်ထားတာလည်း ဖြစ်ပါတယ်။ မြင့်မြတ်ဟာ ချစ်ဇနီးလေးရယ် သားလေးနှင့်အတူ ပျော်ရွှင်စရာကောင်းလွန်းတဲ့မိသားစုဘဝလေးကိုဖန်တီးတည်ဆောက်ထားတာလည်း ဖြစ်ပါတယ်။ အနုပညာလှုပ်ရှားမှုတွေအနေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးများနှင့် ကြော်ငြာများကိုလည်း လက်မလည်အောင်ရိုက်ကူးနေရတာပါ။ သူပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးများဟာလည်း မကြာခင်မှာလည်း ရုပ်ရှင်ရုံကြီးများတွင်ရုံတင်ပြသတော့မှာပဲ ဖြစ်ပါတယ်။ မနေ့ညကလည်း ရွှေနန်းတော်ရဲ့ ၂၅ နှစ်ပြည့်ငွေရတုအခမ်းအနားကို တက်ရောက်လာတာပဲဖြစ်ပါတယ်။ ဒီပွဲလေးမှာ နိုင်ငံကျော်အနုပညာရှင်များစွာလည်း တက်ရောက်လာကြတာပဲ ဖြစ်ပါတယ်။ အခုတစ်ခေါက်မှာလည်း သားလေးမြတ်သူကိုပေးမှာလားဆိုပြီးဆေးထိုးထားတဲ့ဗီဒီယိုလေးကို လူမှုကွန်ယက်စာမျက်နှာမှာဝေမျှထားတာပါ။ ပရိသတ်တွေအတွက် ဒီဗီဒီယိုလေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။ Video ကြည့်ရန် Source- Myint Myat

သမီးလေး ဗစ်တိုးရီးယားအတွက် ဆန္ဒပြဖို့အသင့်ပဲဆိုတဲ့ တိုင်ရွန်

တိုင်ရွန်ဟာ သက်ငယ်မုဒိမ်းမှုဖြစ်ခဲ့တဲ့ ဗစ်တိုးရီးယား အတွက် လမ်းလယ်ခေါင်ထွက်ပြီး ဆန္ဒပြဖို့တောင် အဆင်သင့်ပဲလို့ ဆိုပါတယ်။ သူကိုယ်တိုင်ကလည်း သက်ငယ်မုဒိမ်းမှု နဲ့ ပတ်သက်တဲ့ ခံစားချက်တွေ အခုလို ပြောပြလာပါတယ်။ သရုပ်ဆောင်တိုင်ရွန်က နေပြည်တော်မှာ ဖြစ်ပေါ်ခဲ့တဲ့ သမီးလေး ဗစ်တိုးရီးယားရဲ့ သက်ငယ်မုဒိမ်းမှုနဲ့ ပတ်သက်ပြီး သူ့ရင်ထဲက ခံစားချက်ကို ရင်ဖွင့်ပြောပြလာပါတယ်။ သမီးလေးအတွက် ဆန္ဒပြဖို့ဆိုရင်လည်း ဝန်မလေးဘူးလို့ဆိုပါတယ်။ ‘’ကျွန်တော်တို့ နိုင်ငံမှာ ပိုက်ဆံရှိရင် အမှားကို အမှန်လို့ ပြောင်းလဲ သတ်မှတ်နိုင်တယ်။ မတရားဥပဒေ ရှက်ဖို့ကောင်းတယ်။ ကျွန်တော် ဘာမှတော့ နားမလည်ပါဘူး ဒါပေမယ့် လိုအပ်လာရင် ဒီကလေးအတွက် လမ်းလည်ခေါင်ထွက် ဆန္ဒပြဖို့ အဆင်သင့်ပဲ။ ဒီလို မုဒိန်းကောင်တွေကြောင့် မိဘတွေ ဘယ်နစ်ယောက် သားသမီးတွေ ဆုံးရှုံးခဲ့ကြပြီလဲ ဒီတိုင်းကြည့်နေကြတော့မှာလားဗျာ’’ ဆိုပြီးတော့ ဇွန်လ ၂၉ ရက်နေ့ ည ၇ နာရီကျော်က...

ဖြတ်သူတိုင်း ကုသိုလ်ရစေတဲ့ မြောက်ဥက္ကလာက ကမ္ဘာ့ပထမဆုံး ပြတင်းပေါက်ပါသောတံတား

ရန်ကုန်မြို့အမွေအနှစ်တံတားလေးဟာဖြင့် မြောက်ဥက္ကလာ ဝင်ဝင်ချင်းလေးမှာ သဘာဝအတိုင်း ယိုယိုယွင်းယွင်းလေး အလှမပျက်စွာနှင့် ရန်ကုန်မြို့ခရီးသွားပြည်သူများသာမက ကမ္ဘာအရပ်က ခရီးသွားပြည်သူများကိုပါ စောင့်ကြိုလျက်ရှိ နေပါသည်။တံတားပေါ်တက်ရောက်သော ယဉ်များအန္တရာယ်ကင်းဝေးနိုင်ရေးအတွက်လည်း လမ်းဝတံတားခြေရင်းနားမှာ မီးသတ် ဌာနကြီးတစ်ခု တည်ဆောက်ပေးထားပါသည်။ တံတားပေါ်တက်နေစဉ် ရုတ်တရက် တံတားပြိုကျခဲ့သော် အရေးပေါ် အစီအစဉ်အနေဖြင့် အောက်မှာမီးရထားသံလမ်းတခု ထားရှိပေးထားပါသည်။ ယာဉ်များပြုတ်ကျပြီး ရထားလာနေသည်နှင့် ကံကောင်းထောက်မစွာ ကြုံရပါက ရထားခေါင်မိုးပေါ်ကျပြီး မိမိသွားလိုရာ ခရီးများသို့  လောင်စာဆီမကုန် ယဉ်ကြောကြပ်တည်းမှုမကြုံရပဲ အေးအေးလူလူရောက်နိုင်ပါသေးသည်။ တံတား တည်ဆောက်စဉ် အင်ဂျင်နီယာများ မခိုမကပ်ဆောက်လုက် ထားခြင်းဖြစ်ကြောင်းကိုလည်း တံတားအလယ်ရှိ ချိုင့်ခွက် ကြီးများမှ ထွက်ပေါ်နေသော သံချောင်းကြီးများက သက်သေခံနေပါသည်။တံတား ဘေးဘက်များ၌လည်း ပြတင်းပေါက်များ သဘာဝအတိုင်းထားရှိခြင်းဖြင့် ခရီးသွားပြည်သူများ လတ်ဆတ်သော လေကို ရှူခွင့်ရှိစေမှာဖြစ်ပါသည်။ အစာမကြေ ရင်ပြည့်ရင်ကယ် ဖြစ်နေသူများမှာ တံတားတက်ပြီး တံတားဆင်းသွားသည့် အခါ မိမိတို့ ခံစားရသောဝေဒနာများ...

MRTV 4 ဇာတ်လမ်းတွဲများထဲမှ ပရိသတ်အားပေးမှုကို တစ်ခဲနက်ရရှိထားတဲ့ မင်းသား (၁၀) ဦး

နိုင်ငံတကာရုပ်ရှင်လောကမှာ နာမည်ကြီးရုပ်ရှင်ဇာတ်ကားတွေနဲ့ တန်းတူ နေရာယူနိုင်လာတာကတော့ TV Series(ရုပ်သံဇာတ်လမ်းတွဲ)တွေပဲဖြစ်ပါတယ်။ အထူးသဖြင့် ကိုရီးယားရုပ်သံဇာတ်လမ်းတွဲတွေဟာ အာရှတိုက်မှာတင်မကပဲ ကမ္ဘာတစ်ဝှမ်းလုံးက ပရိသတ်တွေအားပေးလာကြတဲ့အထိ အောင်မြင်နေတာကြောင့် အခုနောက်ပိုင်း မြန်မာရုပ်ရှင်လောကမှာလည်း ဇာတ်လမ်းတွဲတွေ ဆက်တိုက်ရိုက်ကူးလာတာတွေ့ ရပြီး ပရိသတ်တွေလည်း အကြိုက်တွေ့ ခဲ့ကြတာဖြစ်ပါတယ်။ ဒီတစ်ခောက်မှာတော့ မိုမိုလေးပရိသတ်တွေအတွက် တီဗီဇာတ်လမ်းတွဲတွေကတဆင့် အောင်မြင်မှုတွေ များစွာ ရရှိခဲ့တဲ့ မင်းသားတွေကို တင်ဆက်ပေးလိုက်ပါတယ်။ အောင်ရေချမ်း သဘာဝမင်းသားလို့ ပရိသတ်တွေက တင်စားကြတဲ့ အောင်ရေချမ်းကတော့ သဘာဝကျကျနဲ့ အပိုအလိုမရှိပဲ ကျရာဇာတ်ရုပ်ကို သရုပ်ဆောင်နိုင်သူ ဖြစ်ပါတယ်။ “ပျားရည်အိုင်”၊ “ရသ-မော်ကွန်း-အလင်္ကာ”၊ “ကျွန်မက မဟေသီ”၊ “ဝင်္ကပါစံအိမ်” စတဲ့ ဇာတ်လမ်းတွဲတွေနဲ့ ပရိသတ်တွေ အားပေးခြင်းကို ခံခဲ့ရတာပဲ ဖြစ်ပါတယ်။ အောင်ရေချမ်းက အခုဆိုရင် “ဇာတ်လိုက်”၊ “ဆူးပန်းခွေ သွယ်ဘယက်နှင့် ပေရွက်လိပ်နားတောင်းဆင်” စတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ဝါရင့်သရုပ်ဆောင်တွေနဲ့ အပြိုင် သရုပ်ဆောင်နေပြီပဲ...

” တင်စီးပြီး ဝေဖန်စောတဲ့ ပရိသတ်တွေနဲ့ ပတ်သက်လို့ စိတ်မကောင်းဖြစ်ကာ ဖွင့်ဟလာတဲ့ ရေဝတီလေး “

နန်းစန္ဒာလှထွန်းကတော့ ပရိသတ်တွေက သဘာဝမင်းသမီးအဖြစ်သတ်မှတ်ထားတဲ့ ရှမ်းတိုင်းရင်းသူလေး တစ်ယောက်ဖြစ်ပြီး ယောကျာ်းလေးပရိသတ်တွေ အသည်းစွဲ အားပေးကြတဲ့အပြင် မိန်းခလေးပရိသတ်တွေကပါ သူ့ရဲ့ အပြုအမူအပြောလေးတွေကို နှစ်သက်သဘောကျခံရတဲ့ ဇာတ်လမ်းတွဲမင်းသမီးလေးပဲ ဖြစ်ပါတယ်။ပထမဆုံးသူမရိုက်ကူးခဲ့တဲ့ဇာတ်လမ်းတွဲ ဖြစ်တဲ့ ပဉ္စလက်ရွာ ဇာတ်လမ်းတွဲ မှ ရေဝတီ ဆိုတဲ့ ဇာတ်ကောင်နာမည်နဲ့ ပရိသတ်တွေတစ်ခဲနက် အားပေးမှုကိုရရှိခဲ့သူလေးပဲ ဖြစ်ပါတယ်။ ထပ်မံ ပြီး ”အရိပ်” ဇာတ်လမ်းတွဲမှာလည်း နာ့စ်ဆရာမလေး သက်သက် ဇာတ်ကောင်နာမည်နဲ့ ပရိသတ်အသည်းကို ထပ်မံခြွေခဲ့သူလေးဖြစ်ပါတယ်။ ဘယ်ဇာတ်ရုပ်မဆို သဘာဝကျကျ ပီပြင်အောင် စိတ်နှစ် ရိုက်ကူးတတ်တာဟာ သူမရဲ့ ပုံစံ ပါပဲနော်။ရေဝတီလေးဟာ သူမကိုချစ်တဲ့ သူမရဲ့ We Love Fan လေးတွေနဲ့ စုပေါင်းအလှူလေးတွေ လုပ်လေ့ရှိသူလည်း ဖြစ်ပါတယ်။ သူမရဲ့အလှူလေးတွေကိုလည်းသူမရဲ့ ပရိသတ်တွေကို ပြန်လည်မျှဝေလေ့ ရှိသူလည်း ဖြစ်ပါတယ်။ သူမဟာ လတ်တလောမှာကိုရီယားအနုပညာရှင် စုံတွဲတစ်တွဲဖြစ်တဲ့ Song Joong...

” နောက်ဘဝမှာ လူပြန်မဖြစ်ချင်တော့ဘူး လို့ဆိုလာတဲ့ ပိုပို “

အဆိုတော်သရုပ်ဆောင်ပိုပိုဟာ ပြည်သူချစ်အနုပညာရှင်တစ်ဦးဖြစ်ပြီး အလှူအတန်းခဏခဏပြုလုပ်တတ်သူလေးလည်းဖြစ်ပါတယ်။ ပိုပိုဟာ မိဘတွေမရှိတော့ဘဲ ကိုယ်တိုင်တစ်ဦးတည်း ရပ်တည်လာနိုင်သူတစ်ဦးလည်းဖြစ်ပါတယ်။ သူ့ဘ၀အကြောင်းကိုလည်း ပရိတ်သတ်တွေကို ပွင့်ပွင့်လင်းလင်း ဖော်ထုတ်ပြောပြထား သူလေးလည်း ဖြစ်ပါတယ်။ ပရိတ်သတ်အခိုင်အမာရရှိထားပြီး သူမသီချင်းတော်တော်များများကို ကလေးလူကြီးမရွေးနှစ်သက်သဘောကျကြတာပဲဖြစ်ပါတယ်။ သူမလူမှုကွန်ရက်စာမျက်နှာကနေ သူမအလှူများကိုမကြာခဏ ဖော်ပြလေ့ရှိပြီး သူမအလှူဒါနများကို မျှဝေလေ့ရှိပါတယ်။လတ်တလောမှာတော့ သူမဟာ နောက်ဘဝမှာတောင်လူပြန်မဖြစ်ချင်တော့ဘူးလို့ပြော ရင်ဖွင့်ထားပါတယ်။ ကိုယ်ချင်းစာစိတ်မရှိတဲ့လူတွေကြောင့် ဒုက္ခရောက်နေတဲ့သူတွေရှိနေတာတွေအပြင် မြန်မာနိုင်ငံမှာ သက်ငယ်မဒိမ်းမှုတွေနဲ့ပတ်သက်ပြီး ကလေးငယ်တွေထိခိုက်မှုနှုန်းတွေများလာတာဖြစ်ပြီး လူတစ်ယောက်ရဲ့လွတ်လပ်ခွင့်တွေ ဖြစ်တည်မှုတွေ ပျောက်ဆုံးပြီး ဖြစ်ချင်တဲ့ဆန္ဒတွေကို ချိုးနှိမ်ခံရမှုတွေကြောင့်ပဲ ဖြစ်ပါတယ်။ အနုပညာရှင်ဖြစ်နေပေမယ့်လည်း ရသင့်ရထိုက်တာတွေကို မရသင့်တဲ့သူများတွေကယူပြီးချမ်းသာနေသော်လည်း တကယ်ရသင့်တဲ့သူတွေ မရတဲ့အရာတွေကြောင့် သူမအနေနဲ့ စိတ်ပျက်စရာတွေများနေတယ်လို့ပြောပြခဲ့ပါတယ်။ အဲ့လိုအချက်တွေကြောင့် ဒီဘဝမှာ တရားများများအားထုတ်ပြီးပဲနေတော့မယ်လို့ သိရပြီး လူပြန်ဖြစ်ခဲ့ရင်တောင် သူယုတ်မာတွေနဲ့မတွေ့ ရဘဲ သူတော်ကောင်းတွေကြားမှာပဲ လူပြန်ဖြစ်ချင်ပါတယ်လို့ သူမရဲ့အတွေးကို ” ဘာလို့ လူပြန်မဖြစ်ချင်တော့တာလဲဆိုတော့ မတရားမှုတွေများသော ကိုယ်ချင်းစာစိတ်မရှိသော ဂျင်းများများ ထည့်နေကြသောသက်ငယ် မုဒိန်းမှုတွေ...

“နေပြည်တော်က သမီးလေး Victoria အတွက် မွေးနေ့ဆုတောင်းနဲ့အတူ အားပေးစကားပြောကြားလိုက်တဲ့ မျိုးစန္ဒီကျော်”

မျိုးစန္ဒီကျော်ကတော့ အောင်မြင်တဲ့ သရုပ်ဆောင်တစ်ဦးအနေနဲ့ ပရိသတ်တွေလက်ခံထားတဲ့ နိုင်ငံကျော်မင်းသမီးတစ်လက်ပဲဖြစ်ပါတယ်။သရုပ်ဆောင်ပြီပြင်ပြီး ကျရာဇာတ်ရုပ်ကို ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်နိုင်တာကြောင့်လည်း သူမကို ချစ်တဲ့ ပရိသတ်တွေအခိုင်အမာရရှိခဲ့တဲ့ သူပါ။မျိုးစန္ဒီကျော်ကတော့ သူမနဲ့တူပြီး ချစ်စရာကောင်းတဲ့ သမီးလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပါသေးတယ်။ လတ်တလောမှာတော့ နေပြည်တော်မှာ ဖြစ်ပွားခဲ့တဲ့ သမီးလေး Victoriaအမှုဟာ သမီးရှိတဲ့ မိခင်တွေအတွက်အတော်ကို ရင်ပူစရာတစ်ခုဖြစ်နေတာတော့အမှန်ပါပဲ။အနုပညာရှင်တော်တော်များများကလည်းသမီလေးဘက်ကနေ၀န်းရံနေကြတာဖြစ်ပြီး ၀န်းရံကြတဲ့ သူတွေထဲမှာ မျိုးစန္ဒီကျော်ကလည်းအပါအ၀င်ဖြစ်ပါတယ်။မျိုးစန္ဒီကျော်ကတော့ ဒီနေ့မှာ ကျရောက်တဲ့ သမီးလေး Victoria ရဲ့မွေးနေ့အတွက် မွေးနေ့ဆုတောင်းပေးထားပါသေးတယ်။   “Happy Birthday par သမီးလေး Victoria သမီးလေးဘဝတစ်လျှောက်လုံး သမီးလေးရဲ့ဖေဖေ မေမေတို့နဲ့အတူ စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့အေးချမ်းပျော်ရွှင်စွာဖြတ်သန်းနိုင်ပါစေ။ သမီးလေး ရှေ့ဆက်ရမယ့်ဘဝခရီးလမ်းမှာ အရာရာကိုသတ္တိရှိရှိရင်ဆိုင်နိုင်တဲ့ ရဲဝင့်ပြတ်သားတဲ့ ထူးချွန်ထက်မြတ်တဲ့စိတ်ဓါတ် မျိုးပိုင်ဆိုင်ပါစေနော်။”လို့မွေးနေ့ဆုတောင်းစကားနဲ့အတူ “သမီးလေးနားမှာ တနိုင်ငံလုံးက မေမေတွေရှိပါတယ်။ အန်တီအပါအဝင်ပေါ့ အားမငယ်နဲ့ စိတ်ဓါတ်မကျနဲ့ fighting သမီးလေးကိုအရမ်းချစ်တယ်။”လို့ သမီးလေး Victoriaအတွက်အားပေးထားတာကို သူမရဲ့...