Monthly Archive: May, 2019

၆၃ နှစ်အရွယ် သန်းကြွယ်သူဌေးကြီးက ၂၅ နှစ်အရွယ်မိန်းကလေးအား လက်ထပ်ခွင့်တောင်း

ပြင်သစ်နိုင်ငံတွင် ပြုလုပ်သွားသည့် ကိန်းစ်ရုပ်ရှင်ပွဲတော်တွင် အသက် ၆၃ နှစ်အရွယ် အမျိုးသားကြီးက အသက် ၂၅ နှစ်အရွယ် မိန်းမချောကို လက်ထပ်ခွင့် တောင်းခဲ့ရာ ယင်းအဖြစ်အပျက်သည် လူ အများ သတိထားမိစရာဖြစ်သွားသည်။ အဆိုပါအမျိုးသားမှာ မီလို့စ်ကန့်ဖြစ်ပြီး ၎င်းသည် ဂရိကလပ်ပိုင်ရှင် သန်းကြွယ်သူ ဌေးကြီးဖြစ်သည်။ မိန်းကလေးမှာ နာမည် ရခါစမော်ဒယ်ဖြစ်သည်။ လက်ထပ်ခွင့် တောင်းခံရသည်ကို မိန်းကလေးက ဝမ်း ပန်းတသာ လက်ခံလိုက်ရသည်။ ၎င်းတို့ သည် ဧပြီလ ၁၅ ရက်ကမှ စတွဲခဲ့ကြခြင်း ဖြစ်သည်။ မီလို့စ်ကန့် ပူးတွဲပိုင်ဆိုင်သည့်နိုက်ကလပ်တစ်ခုတွင် မစ္စအရန်ဟာက ဝတ်လစ်စားလစ်အကဖြင့် ဖျော်ဖြေခဲ့ရာယင်းကိုတွေ့ပြီး သူဌေးကြီးက ၎င်းကို အ ရူးအမူးစွဲလမ်းသွားခြင်းဖြစ်မည်ဟု ယူဆ ရသည်။ မစ္စ အရန်ဟာသည် ပေါ်တူဂီနာ မည်ကျော် ရုပ်သံအစီအစဉ်တစ်ခုတွင် ပါဝင်ခဲ့ပြီး ဆုရခဲ့သူဖြစ်သည်။ ထို့နောက် ၎င်းက မော်ဒယ်အဖြစ်...

ခရီးသည် ၄၅ ဦးစီးနင်းလိုက်ပါလာတဲ့ ရွှေမန်းရတနာကား မိုင်းထိမှန်

စစ်တွေကနေ ရန်ကုန်ကိုထွက်သွားတဲ့ ရွှေမန်းရတနာခရီးသည်တင်ကားတစီးဟာ ရခိုင်ပြည်နယ်မြေပုံမြို့နယ်၊ ကြာအမ်းတောင်ကျေးရွာအလွန်မှာ မိုင်းပေါက်ကွဲမှုကြောင့်ထိခိုက်ပျက်စီးသွားခဲ့ပါတယ်။ ဒီကနေ့ ညနေ ၄ နာရီကျော်မှာ မြေပုံမြို့နယ်၊ ကြာအမ်းတောင်ကျေးရွာအလွန်မှာ ရှေ့ကားတစီးအလာကားလမ်းဘေးအရှောင်မှာ မိုင်းပေါက်ကွဲမှုဖြစ်သွားတာလို့ရွှေမန်းရတနာ ကားဒရိုင်ဘာ ကိုအောင်နိုင်ဝင်းကဒီဗွီဘီကိုပြောပါတယ်။ “ကားတစီးရှေ့ကအလာမှာလမ်းဘေးရှောင်လိုက်တာ။ ကားကိုနည်းနည်းလမ်းဘေးကိုနည်းနည်းချလိုက်တာမှာမိုင်းပေါက်ကွဲသွားတာပါ။ ကားရဲ့နောက်ဘီထိသွားတယ်။ ကားရဲ့ဘော်ဒီတွေရောထိသွားတယ်။ မှန်တွေရောထိသွားတယ်ဗျ၊ ခရီးသည်တွေကတော့ထိခိုက်ဒဏ်ရာရတာမရှိဘူး”လို့ပြောပါတယ်။ လက်ရှိမှာတော့ ရွှေမန်းရတနာကားပေါ်မှာလိုက်ပါလာတဲ့ ခရီးသည်တွေကို အဲ့ဒီအနီးအနားက ထမင်းဆိုင်တဆိုင်မှာနေရာချထားပြီးတော့ ကားပေါ်မှာလိုက်ပါလာတဲ့ခရီးသည်တွေကို နောက်အခြားကားတစီးနဲ့သယ်ယူနိုင်ရေးဆောင်ရွက်နေတယ်လို့ပြောပါတယ်။ အဲ့ဒီရွှေမန်းရတနာခရီးသည်တင်ကားပေါ်မှာခရီးသည် ၄၅ ဦးလိုက်ပါလာတာဖြစ်ပြီး စစ်တွေကနေ ရန်ကုန်ကို သွားတာဖြစ်ပါတယ်။ Credit-ဒီဗွီဘီ

ဦးစိုးထွန်းရှိန်အပါအဝင် တရားခံပြေးများအား တွေ့ရှိပါက အနီးဆုံးရဲစခန်းသို့ အကြောင်းကြားပေးရန် ရဲတပ်ဖွဲ့မှကြေငြာ

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့မရဲစခန်း(ပ)၆၁/၂၀၁၈၊ မြန်မာ့သတ္တုတွင်းဥပဒေပုဒ်မ ၃၀(က)/ကျင့် ၅၁၂ အမှုမှ ထွက်ပြေးတိမ်းရှောင်နေသော တရားခံပြေးများဖြစ်သည့် စိုးထွန်းရှိန်(၄၇)နှစ်၊ (ဖ)ဦးကြည်ရှိန်၊ အမှတ်(၄၂/B) ၊(၉)မိုင်၊ မစိုးရိမ်လမ်း၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၂၁/၂၃)၊ ဓမ္မာရုံလမ်း၊ ကန်တော်လေး(တောင်)ရပ်ကွက်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ အမှတ်(၁၀၆)၊ တက္ကသိုလ်ရိပ်သာလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ညီညီလွင်(၄၅)နှစ်၊ (ဖ)ဦးအုန်းလွင်၊ အနောက်မြောက် ရပ်ကွက်၊ ကြို့ပင်ကောက်မြို့နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ခင်ဇော်(၅၆)နှစ်၊ (ဖ)ဦးခင်မောင်၊ ကျောက်ပုထိုး ကျေးရွာ၊ ကောလင်းမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းမင်းစိုး(၃၃)နှစ်၊ (ဖ)ဦးတင်အောင်၊ ကွံကြီးကုန်းကျေးရွာ၊ နတ်မောက်မြို့နယ်၊ မကွေးတိုင်းဒေသကြီးနှင့် စောမောင်(၃၁)နှစ် (ဖ)ဦးလှမြိုင်၊ ချောင်းကြီးကျေးရွာ၊ သပိတ်ကျင်းမြို့နယ်တို့အား တွေ့ရှိပါက နီးစပ်ရာ ရဲစခန်းများသို့ ဆက်သွယ် အကြောင်းကြားပေးပါရန် မှတ်တမ်းဓာတ်ပုံနှင့်အတူ ဖော်ပြအပ်ပါသည်။ နေပြည်တော်၊ မေ ၃၁ မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့မရဲစခန်း(ပ)၆၁/၂၀၁၈၊ မြန်မာ့သတ္တုတွင်းဥပဒေပုဒ်မ ၃၀(က)/ကျင့် ၅၁၂ အမှုမှ ထွက်ပြေးတိမ်းရှောင်နေသော...

ထိုင်းနိုင်ငံ ချင်းမိုင်တွင် မြို့လယ်ခေါင် ဆိုင်ကယ်မတ်တပ်ရပ်စီးခဲ့တဲ့ မြန်မာနိုင်ငံသား အဖမ်းခံရ

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ မြို့လယ်ခေါင်မှာ ဆိုင်ကယ်ကို မတ်တပ်ရပ်စီးခဲ့တဲ့ မြန်မာနိုင်ငံသား ရှမ်းလူမျိုးတစ်ဦး အဖမ်းခံလိုက်ရတယ်လို့ Social Action for Children and Women အဖွဲ့ကနေ သတင်းထုတ်ပြန်ပါတယ်။မေလ ၂၈ ရက်မနက်ပိုင်းက ချင်းမိုင်မြို့ရဲ့ မြို့လယ်ခေါင်မှာ ဆိုင်ကယ်ကို မတ်တပ်ရပ်စီးကာ ကားတွေရှေ့ကနေ ပိတ်ဆို့မောင်းနှင်တာတွေ ပြုလုပ်ခဲ့လို့ ချင်းမိုင်ရဲတပ်ဖွဲ့ကနေ ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။ ဖမ်းဆီးရမိသူဟာ အသက် ၂၁ နှစ်အရွယ် အောင်မောင်းဆိုသူဖြစ်ပြီး ထိုင်းနိုင်ငံမှာ နေထိုင်ခွင့်လက်မှတ်ရထားသူဖြစ်ပါတယ်။အခုလို လမ်းမပေါ်မှာ အန္တရယ်အရှိဆုံး ဆိုင်ကယ်ကိုမဆင်မခြင် မောင်းနှင်ခဲ့လို့  သူ့ ကို ယာဉ်စည်းကမ်းဥပဒေချိုးဖေါက်မှုနဲ့ ဘတ်ငွေ ၁၀၀၀၀ (ကျပ်ငွေ ၅သိန်း)ဒဏ်ရိုက် အပြစ်ပေးခဲ့တယ်လို့လည်း သိရပါတယ်။ အဆိုပါ အမျိုးသား ဆိုင်ကယ်မတ်တပ်ရပ်မောင်းနှင်တဲ့ ဗီဒီယိုဖိုင်ကို အမျိုးသမီးတစ်ဦးက လူမှုကွန်ရက်မှာ တင်ခဲ့ပြီး လမ်းလယ်ခေါင်မှာ အခုလို လုပ်ရပ်ဟာ အန္တရာယ်ကြီးမားတာကြောင့်သတိထားပြီး...

စစ်ကိုင်းယူနိုက်တက်အသင်းကို စပွန်ဆာမရှိဘဲ ဇာတ်ကသည့်ငွေဖြင့် ထောက်ပံ့ပေးထားခြင်းဟု ဇာတ်မင်းသားဖိုးချစ် ပြော

မြန်မာနေရှင်နယ်လိဂ် အမှတ်ပေး ဘောလုံးပြိုင်ပွဲအသင်းများအနေဖြင့် ဝင် ငွေများမရှိဘဲ အသင်းပိုင်ရှင်များ၏စိုက် ထုတ်ငွေများဖြင့် လည်ပတ်နေရသည့်အ ခြေအနေ၌ မိမိမှာစီးပွားရေးလုပ်ငန်းရှင်မဟုတ်သောကြောင့် ဇာတ်ကသည့်ဝင်ငွေ ဖြင့် အသင်းကိုထောက်ပံ့ပေးထားရခြင်း ဖြစ်ပြီး ရာသီကုန်အထိ ထပ်၍ရုန်းကန် သွားရဦးမည်ဖြစ်ကြောင်း အသင်းပိုင်ရှင် ဇာတ်မင်းသား ဖိုးချစ်က ပြောသည်။ စစ်ကိုင်းတိုင်းဒေသကြီး ကိုယ်စားပြု အသင်းအဖြစ် မြန်မာနေရှင်နယ်လိဂ်တွင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသော စစ် ကိုင်းယူနိုက်တက်အသင်းအနေဖြင့် ယခု နှစ်ဘောလုံးရာသီတွင် စပွန်ဆာများရ ရှိထားခြင်းမရှိသည့်အပြင် အိမ်ကွင်းပွဲ စဉ်များ၌လည်း ပရိသတ်လာရောက် ကြည့်ရှုအားပေးမှုအဆင်ပြေစေရန် ကွင်း ဝင်ကြေးမကောက်ခံကြောင်းသိရသည်။ ]]ကျွန်တော်က အသင်းပိုင်ရှင်တွေထဲမှာ အချို့တဲ့ဆုံး အသင်းပိုင်ရှင်ပါ။ ဒါ ပွင့်ပွင့် လင်းလင်းပြောတာပါ။ ကျွန်တော်က လုပ် ငန်းရှင်သူဌေးလည်းမဟုတ်ဘူး။ ဘော လုံးအသင်းပိုင်ရှင်တွေထဲမှာ ဟိုးအောက် ဆုံးမှာပါ။ အခုပထမအကျော့ဆိုရင် ကျွန် တော် စပွန်ဆာ တစ်ခုမှမရှိဘူး။ ဝင်ငွေက ဘာမှ မရှိတာ။...

“လမ်းပေါ်က ကလေးတွေကို စာနာပြီးတော့ တစ်စုံတစ်ရာ ဖြည့်ဆည်းပေးချင်တဲ့ဆန္ဒရှိတယ် ဆိုတဲ့ရဲတိုက်”

သူက​တော့ ပရိသတ်​အား​ပေးမူကို ရရှိထားတဲ့ မင်းသားအနုပညာရှင်​​တွေထဲက တစ်​​ယောက်​လို့​ပြောရမှာပါ။ အရင်က ​ပရဟိတ အလုပ်​​တွေကို အကြောင်းကြောင်းကြောင့် ခဏနားလိုက်ရတာပဲဖြစ်​ပါတယ်​ ။ ခု​တော့ ပရဟိအလုပ်​​တွေကို အသက်​ပြန်​သွင်းပြီး လမ်းပေါ်က ကလေးတွေအတွက် လိုအပ်တာလေးတွေဖြည့်ဆည်းပေးချင်တယ်ဆိုတာကို ​ဆိုတဲ့အ​ကြောင်းကို မီဒီယာ​တွေနဲ့​တွေ့ဆုံစဉ်​​ဖြေကြားခဲ့တာဖြစ်​ပါတယ်​။ “ရဲတိုက်ဖောင်ဒေရှင်းကို အသက်ပြန်သွင်းပါမယ်။ အရင်တုန်းကတော့ကျွန်တော်တို့တွေသင်တန်းတက်ကတယ်။ခုတော့ကြာတော့မေ့နေပြီးပေါ့။ ခုတော့သင်တန်းတွေပြန်တက်မယ် ပြီးရင်ဘယ်နေရာတွေမှာကူညီနိုင်လည်း ပြီးတော့ လမ်းပေါ်က ကလေးတွေကို စာနာပြီးတော့ တစ်စုံတစ်ရာ ဖြည့်ဆည်းပေးချင်တဲ့ဆန္ဒရှိတယ်။ လမ်းပေါ်ကကလေးတွေရဲ့ ဘ၀ကထူးဆန်းတယ် ဘယ်သူမှလိုက်မကြည့်လို့ လမ်းပေါ်မှာ ကြီးပြင်းလာတဲ့ကလေးတွေရဲ့ဘ၀က ရွေချယ်မှုတွေ ဆုံးဖြတ်မှုတွေ တစ်စုံတရာကို ချည်းကပ်မှုတွေက အရမ်းကိုထူးဆန်တယ်“လို့ပြောပြထားပြီးတော့ “မြင်ကတာစိတ်မကောင်းတဲ့အတွက် ဒီအလုပ်တွေဆက်ပြီးတော့လုပ်ဖြစ်အုံးမှာပါ။ ကိုယ်ချင်းစာစိတ် စာနာစိတ်ကလေးနဲ့လုပ်ဖြစ်တာပါ။ ဖောင်ဒေးရှင်းမှာ သုံးနေကျပုံစံလေးကိုပဲ ကျင့်သုံးမှာ Facebook မှာကြော်ငြာမယ် ဘယ်မြို့ ဘယ်နေရာကိုလာမယ်ပေါ့နော် အဲမှာအလှူငွေတွေလက်ခံမယ် ဖုန်းလေးဆက်ပြီးတော့ လှူရုံပါ ကျွန်တော်တို့ကိုယ်တိုင် သွားယူမှာပါ။ အိမ်တိုင်ရာရောက်သွားပြီးတော့အလှူခံပါတယ်“လို့ပြောကြားထားတာဖြစ်ပါတယ်။ ပရိသတ်ကြီးရေ ကိုယ်ချင်းစာစိတ်တစ်ခုတည်းနဲ့ ပရဟိတအလုပ်တွေလုပ်နေတဲ့...

လူ့ပတ်ဝန်းကျင်တွင် လိုက်နာသင့်သော လူ့ကျင့်ဝတ်များ

ဖုန်းမဖြေရင် ၂ခါထက်ပိုမခေါ်ပါနဲ့။ မိမိဖုန်းဖြေဖို့ထက်အရေးတကြီးလုပ်နေတယ်လို့မှတ်။ ကိုယ်ပြောချင်တဲ့အကြောင်းလေးစာပို့ထားလိုက်။ ပိုက်ဆံချေးထားရင် နည်းများမဆိုပြန်ပေးပါ။ ပစ္စည်းငှားထားရင်လဲ အပ်တိုတစ်ချောင်းကအစ၊ ဘောပင်၊ စာအုပ်၊ ထီး အဆုံးအကုန်ပြန်ပေးပါ။ အကယ်၍ကိုယ်ဖျောက်လိုက်မိရင် မူလပစ္စည်းထက်တန်ဖိုးမနည်းတဲ့ဟာဝယ်ပေးပြီး ဆောရီးပြောပါ။ ကြားမဖြတ်ပါနဲ့။ ဘာလုပ်လုပ်( အိမ်သာတက်, ကားမောင်းအစ)တန်းစီပါ။ သူများမုန့်ဝယ်ကျွေးတာစားရင် ဈေးအကြီးဆုံးဟင်းလျာ/ စားစရာမမှာပါနဲ့။ ဖြစ်နိုင်ရင် ကျွေးမွေးဒကာခံသူကိုပဲသူ့စိတ်ကြိုက်မှာပါစေ။ သူများဖြေဖို့အခက်တွေ့စေမဲ့မေးခွန်းတွေမမေးပါနဲ့။ “မယူကြသေးဘူးလား?” “လစာဘယ်လောက်ရလဲ? ” အစရှိသဖြင့်ပေါ့။ ကိုယ့်နောက်ဝင်မဲ့သူရှိရင်တံခါးကိုဆွဲဖွင့်ပေးထားပါ။(သူတို့ဝင်လာနေရင်ပေါ့) အဲလိုပဲကိုယ်ဝင်လာတာမြင်လို့တံခါးဖွင့်ထားပေးနေသူကို ကျေးဇူးတင်ကြောင်းပြောပါ။ သူငယ်ချင်းနဲ့တက္ကစီအတူပေါင်းစီးလို့ကျငွေသူရှင်းရင်နောက်တခါမဖြစ်မနေကိုယ်ရှင်းပါ။ သူတပါးရဲ့နိင်ငံရေးအမြင်သဘောထားကိုလေးစားပါ။ (နိုင်ငံရေးမှမဟုတ်ပါဘူး၊ ကိုယ်နဲ့သဘောထားချင်းမတူတာကိုလက်ခံပါ) အရေးတကြီးမှမဟုတ်ရင်ညကြီးမိုးချုပ်ဖုန်းမဆက်ပါနဲ့။ သူများစကားပြောနေချိန်ကြားဖြတ်မပြောပါနဲ့။ ကိုယ်စ နောက်လိုက်တာသူတပါးမကြိုက်ရင် ချက်ခြင်းရပ်ဆိုင်းပါ။ နောက်နောင်လဲအဲဒီလိုဘယ်တော့မှ မစနောက်ပါနဲ့။ကိုယ့်ကိုကူညီသူတိုင်း(အသေးအမွှားလေးကအစ)ကျေးဇူးတင်ကြောင်းပြောပါ။ချီးကျူးစရာရှိရင်လူရှေ့သူရှေ့ချီးမွမ်းပါ။ ဝေဖန်မှုကိုတော့နှစ်ကိုယ်ကြားမှာဝေဖန်ပါလေ။ ကိုယ်ပြောနေတာကိုစိတ်ဝင်စားဟန်မပြရင်လေကုန်ခံပြီးဆက်မပြောပါနဲ့တော့။ သူစိတ်မဝင်စားတာကိုဘယ်လိုသိနိုင်လဲဆိုရင် ခပ်တိုတိုအဖြေပေးတာ၊ အကြည့်တွေတခြားဆီရောက်နေတာ၊ ကိုယ်နဲ့တဖြေးဖြေးဝေးသွားတာမျိုးတွေပေါ့။ဝိတ်အတတ်အကျနဲ့ပတ်သက်ပြီးဘယ်တော့မှမဝေဖန်မိပါစေနဲ့။ “ယူသိပ်မိုက်တယ်နော်” လို့သာပြောပါ၊ ဝိတ်နဲ့ပါတ်သတ်ပြီးသူတို့စပြောချင်ပြောပါလိမ့်မယ်။ခရီးရှည်မသွားခင်ရေချိုးသန့်စင်ပါ၊ ကိုယ့်ဘေးမှာထိုင်မိသူကျေးဇူးတင်ပါလိမ့်မယ်။ (အရမ်းပြင်းတဲ့ရေမွှေးဆွတ်တာမျိုးတော့ရှောင်ပါ) ကိုယ့်နှာခေါင်းနဲ့သူ့နှာခေါင်းမတူနိုင်ဘူးလေ။တယောက်ယောက်ကသူရဲ့ဖုန်းကနေ ဓာတ်ပုံပြရင် ပြတဲ့ပုံကလွဲပြီး အရှေ့အနောက်လှန်မကြည့်ပါနဲ့။ ဘာပုံတွေရှိနေမလဲဆိုတာမပြောနိုင်ဘူးလေနော်။ ကိုယ့်အသိလုပ်ဖော်ကိုင်ဖက်က ဆရာဝန်သွားပြမယ်ဆိုရင်...

အဖြူအစိမ်းနဲ့ ​ကျောင်းသူ​လေးဖြစ်​သွားပြန်​တဲ့ ဖြူဖြူ​ထွေးရဲ့ချစ်​စရာပုံရိပ်​​တွေ

သူများထက်​ထူးတဲ့ ဟန်​ပန်​အမူအယာ​တွေ​ကြောင့်​ ပရိသတ်​​တွေကြားမှာ တစ်​ရှိန်​ထိုး နာမည်​ကြီးလာတဲ့ ဟာသသရုပ်ဆောင် မင်းသမီးချောလေး ဖြူဖြူထွေးက​တော့ အရမ်းကို ချစ်စရာကောင်းလွန်းခဲ့တာကြောင့် လူတိုင်းက ချစ်ခင်အားပေးနေခဲ့ကြရတဲ့ သူလေးတစ်ယောက်ပါ။ ဖြူဖြူထွေးကတော့ လတ်​တ​လောမှာ စာအုပ်​​ကြော်​ငြာရိုက်​ကူး​နေတဲ့ သူမရဲ့ပုံရိပ်​​တွေကို လူမှုကွန်​ယက်​မှာ ​ဝေမျှ​ပေးထားတာ ​တွေ့ရပါတယ်​။ က​လေးတစ်​​ယောက်​လို ချစ်​စရာ​ကောင်း​နေတဲ့ ဖြူဖြူ​ထွေးရဲ့ပုံရိပ်​​တွေကို​တော့ ပရိသတ်​တွေကလည်း သ​ဘောကျ အချစ်​ပို​နေရတာပဲ ဖြစ်ပါတယ်။ ချစ်​ပရိသတ်​​တွေအတွက်​ အဖြူအစိမ်းဝတ်​စုံ​လေးနဲ့ စာအုပ်​​ကြော်​ငြာရိုက်​ကူး​နေတဲ့ ဖြူဖြူ​ထွေးရဲ့ပုံရိပ်​​တွေကို ​ဖော်​ပြ​ပေးလိုက်​ပါတယ်​​နော်​။ ဖြူဖြူ​ထွေးက​တော့ ” Today , King Exercise Book (Myingyan)📚 Commercial_Shooting” ဆိုပြီး သူမရဲ့ပုံရိပ်​​လေး​တွေကို လူမှုကွန်​ယက်​မှာ တင်​ထားတာပါ။ တကယ့်​က​လေး​လေးလိုပဲ ချစ်​စရာ​လေး အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်ရင်း ပရိသတ်တွေ ပျော်ရွှင်​အောင် ဖျော်ဖြေပေးနေတဲ့ ဖြူဖြူထွေးက​တော့ အခုဆို ဇာတ်​ကား​တွေပါ ရိုက်​ကူး​နေရပြီပဲ ဖြစ်​ပါတယ်​။ ပရိသတ်​​တွေလည်း က​လေးတစ်​​ယောက်​လို ချစ်​ဖို့​ကောင်း​နေတဲ့...

တရုတ်စကားပန်းပွင့် အဖြူလေးတွေနဲ့အပြိုင်လှနေတဲ့ ဆုအိမ့်စံရဲ့ ချစ်စရာပုံရိပ်တွေ

စကားပြောရင် ပွင့်ပွင့်လင်းလင်းနဲ့ အရမ်းကိုချစ်ဖို့ကောင်းတဲ့ မင်းသမီးချောလေး ဆုအိမ့်စံကတော့ အချိုးအစားကျတဲ့ ခန္ဓာကိုယ်ကောက်ကြောင်းအလှကို ပိုင်ဆိုင်ထားသူလေးပါ။ လတ်တလောမှာတော့ ဆုအိမ့်စံက လူငယ်ဆန်တဲ့ ဖက်ရှင်လေးနဲ့ ချစ်စရာကောင်းတဲ့ တရုတ်စကားပန်းပွင့် အဖြူလေးတွေကို နမ်းရှိုက်နေတဲ့ ပျော်ရွှင်နေတဲ့ သူမရဲ့ အလှပုံရိပ်တွေကို လူမှုကွန်ယက်ပေါ်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ ချစ်စရာကောင်းတဲ့ တရုတ်စကားပန်းပွင့်အဖြူလေးတွေကို အမြတ်တနိုးနဲ့ နမ်းရှိုက်နေတဲ့ ဘေဘီဆုလေးရဲ့ ကြည်နူးစရာကောင်းတဲ့ ပုံရိပ်တွေက အရမ်းကို ချစ်စရာကောင်းနေတာပါ။ ချစ်​ပရိသတ်​​တွေအတွက်​ အရမ်းကိုချစ်စရာကောင်းလွန်းတဲ့ မင်းသမီးချောလေး ဆုအိမ့်စံရဲ့ ဖြူဖြူစင်စင်နဲ့ အလှကြီးလှနေတဲ့ ချစ်စရာ အလှပုံရိပ်တွေကို ​ဖော်​ပြ​ပေးလိုက်​ပါတယ်​​နော်​။ ဆုအိမ့်စံကတော့ ” 🌸 အရမ်းချစ်တဲ့ ပန်းလေး 🌼 ” ဆိုပြီး ကလေးတစ်ယောက်လို ဖြူစင်ပြီး ချစ်စရာကောင်းနေတဲ့ သူမရဲ့ ချစ်စရာပုံရိပ်လေးတွေကို လူမှုကွန်ယက်ပေါ်မှာ ဝေမျှပေးထားတာပါ။ တရုတ်စကားပန်းပွင့်တွေနဲ့ အလှချင်းပြိုင်နေတဲ့ ဘေဘီဆုလေးရဲ့ ချစ်စရာကောင်းတဲ့ အဖြူရောင်အလှလေးကတော့...

စရိုက်ကားမှာ ငါ့အမေဘယ်လိုများလုပ်လဲ မသိဘူးလို့တောင် စဉ်းစားမိတယ်ဆိုတဲ့ စံထိပ်ထားဦး

မကြာသေးမီကမှ ရုံတင်ပြသခဲ့တဲ့ စရိုက် ဆိုတဲ့ ရုပ်ရှင်ကားကြီးမှာ ကျော်ထက်အောင်နဲ့ ခိုင်သင်းကြည် ၊ ထွန်းအိန္ဒြာဗိုလ်တို့က အဓိက ပါဝင် သရုပ်ဆောင်ထားပြီး ရပ်ကွက်ထဲက စရိုက်ကြမ်းတဲ့ အမျိုးသမီးတစ်ယောက်အဖြစ် မခိုင်လေးကို မြင်တွေ့ရမှာပါ ။ ခပ်စွာစွာ အမျိုးသမီးတစ်ယောက်ရဲ့ ကာရိုက်တာနဲ့ လိုက်ဖက်တဲ့ မခိုင်လေးက ဒီကားမှာ စရိုက်ကြမ်းပြီး စွာလွန်းတဲ့ သူတစ်ယောက်အဖြစ်ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ် ။ ဒီကားနဲ့ပတ်သက်ပြီး ထိပ်ထိပ်လေးကိုယ်တိုင် မခိုင်လေးဘယ်လိုရိုက်ထားလည်းဆိုပြီး အံ့သြခဲ့ရတယ်လို့ ပြောလာပါတယ် ။ ဒရမ်မာ ၊ ဟာသ ၊ အလွမ်း ၊ အဆွေးအားလုံးပါဝင်နေတဲ့ ဒီကားလေးမှာ မေမေက အရမ်းသရုပ်ဆောင် ကောင်းတယ်လို့ စံထိပ်ထားဦးက ပြောပြခဲ့ပါတယ် ။ ဒီကားလေးကို ကြည့်နေရင်းနဲ့ မေမေဘယ်လိုများလုပ်လဲမသိဘူး အပြင်မှာကျတော့ မေမေက အော်ကြီးဟစ်ကျယ်လည်း တစ်ခါမှ မပြောဖူးဘူး ဆိုတော့ သြော် .. ငါ့အမေ...