Category: Facebook

ထမင်းနှင့် ပက်သတ်ပြီး အမျိုးမျိုးလုပ်စားချင်သူများအတွက် ကြော်နည်း ချက်နည်းအမျိုးမျိုး စုစည်းမှု

အလွယ်ကူဆုံး #ကြက်ဆီထမင်း ဈေးထဲကနေ ကြက်အရေခွံသီးသန့်ဝယ်လာတာတွေရှိလို့ ကြက်ဆီထမင်းလုပ်ဖြစ်သွားတယ်။ ကြက်အရေခွံတွေကို ဒယ်အိုးထဲထည့်ပြီး ကြော်။ ဆီတွေထွက်လာရင် ကြက်အရေခွံတွေကိုဖယ်။ အဲ့ဆီထဲမှာ ထောင်းထားတဲ့ကြက်သွန်ဖြူထည့်ဆီသတ်ပေး။ ကြက်ပေါင်တစ်ခြမ်းကို အတုံးတုံးပြီး ဂျင်းနဲ့ ကြက်သွန်နီ ကြက်သွန်ဖြူ ရေ ကြက်သားမှုန့် သကြား ဆား ထည့်ပြီး အသားနူးတဲ့ထိပြုတ်ပေးထား။ ကြက်ပြုတ်ရည်ရရင်အအေးခံ။ ဆန်ဆေးထားပါ။ ထမင်းပေါင်းအိုးထဲ ဆန်ထည့်ပါ။ထမင်းချက်သလို ကြက်ပြုတ်ရည် လက်တစ်ဆစ်ခွဲထည့်ပါ ( ရေအစားကြက်ပြုတ်ရည်ထည့်တာပါ ) ခုနကချက်ထားတဲ့ ကြက်အရေခွံဆီထည့်ပြီးချက်ပါ။ ကြက်သားများကို အသားနွင်ပါ။ သခွားသီး နံနံပင်ပြင်ဆင်ပါ။ ထမင်းကျက်ရင် ကြက်ဆီထမင်းမွှေးမွှေးလေးရပါပြီ။ဆော့ကတော့ ကြက်သွန်ဖြူ ဂျင်း ကိုထောင်းထား ပြီးတော့ ငရုတ်သီးစိမ်း ကြက်ပြုတ်ရည် အားလုံးကိုရောလိုက်ပါ။ ပဲငပိတစ်ဇွန်းစာထည့်ပါ။ သံပုရာရည်ညှစ်ပါ။ ( ယိုးဒယား ငပိထမင်း ) ဝက်သား သို့ ကြက် ၁လက်မခန့်တုံးပြီး ဒယ်အိုးထဲဆီအနည်းငယ်ထည့်ပြီး အသားထည်ျကြာ် ကြာညို့အပျစ်...

ကွတ်ခိုင်တွင် တိုက်ပွဲကြောင့် ပိတ်မိနေသော ငါးရှဥ့်ကားမှ ငါးရှဥ့်ကြိုက်သူများအား အလှူလုပ်ပြီး အခမဲ့ပေးဝေ

ငါးရှဥ့်ကြိုက်သူများ ကွတ်ခိုင်မြို့မှာ အခမဲ့ပေးနေပါတယ် 😁😁😁18-8-2019 ဒီငါးရှဥ့်ကားတက်လာကတည်းက ကျောက်မဲကျော်လာပြီး သီပေါမြို့ရောက်တဲ့အချိန် လမ်းလုံခြုံရေးယူထားတဲ့ရဲတပ်ဖွဲ့ဝင်တွေက မူဆယ်ထိတက်ဖို့မဖြစ်နိုင်ကြောင်း၊ လမ်းခရီးလုံခြုံစိတ်ချရမှုမရှိသေးဘူးဆိုတဲ့အကြောင်း သတိပေးခဲ့တယ်။ ကားဆရာလဲ အဆင်ပြေမယ်ထင်ပြီး ဆက်တက်သွားတာ တိုက်ပွဲကြားထဲ ကွတ်ခိုင်မြို့မှာပိတ်မိပြီးသောင်တင်နေပြီ။ ကြာကြာထားလို့လဲမရတဲ့အတွက် အလှူလုပ်နေပါတယ်တဲ့။ ငါးရှဥ့်ကြိုက်တဲ့သူငယ်ချင်းတွေ သွားယူလို့ရတယ်နော်။ 😁😁😁 Credit-Nay Myo

တာဝန်ကျရာကျောင်းက တပ်မိသားစုဝင်ကလေးများရဲ့ ယနေ့ကြုံတွေ့ခဲ့ရသော စိတ်မခိုင်စရာ မြင်ကွင်းလေး

ကျွန်တော်တာဝန်ကျရာကျောင်းသည်တပ်မိသားစုဝင်များ၏ကလေးတွေအများစုတက်သောကျောင်းဖြစ်ပါသည်။ ယနေ့ကြုံတွေခဲ့ရသောမြင်ကွင်းကစိတ်မခိုင်လျှင်မျက်ရည်ကျမိမည်။ ဖခင်များမှာရှေ့တန်းစစ်မြေပြင်ထွက်ခွာမည်ဖြစ်သောကြောင့်ကျောင်းသို့သူတို့၏သားသမီးကလေးများအားလာရောက်နှုတ်ဆက်ကြရာကျွန်တော့်၏G3ကလေး မိဘ ၃ /၄ဦးခန့်လာကြသည်။ “သမီးစာကြိုးစားနော်/သားစာကြိုးစားနော်/လိမ်လိမ်မာမာနေနော်/ဆရာ့စကား/ဆရာမစကားနားထောင်နော်/ဖေကြီးပြန်လာမှာတဲ့”သားဖြစ်သူသမီးဖြစ်သူလေးများမှရှေ့တန်းထွက်စစ်ယူနီဖောင်းအပြည့်အစုံနဲ့သူတို့၏ဖခင်ကိုဖက်၍ငိုကြသည်။ကျွန်တော်G3အတန်းပိုင်ဆရာဒီမြင်ကွင်းကိုကြည့်ရင်းမျက်ရည်ဝဲဆို့နစ်ကြွေကွဲရပါဘီလေ။ဆရာဆိုတော့ဟန်လုပ်ရင်း “သားတို့သမီးတို့ရယ်ဆရာတစ်ယောက်လုံးရှိသေးတာ ဘာအားငယ်စရာလိုလဲ။သားတို့သမီးတို့ရဲ့ဖေကြီးပြန်လာရင်းဆရာပါလိုက်ကြိုပေးမှာ။ဆရာတစ်ယောက်လုံးရှိသေးတယ်ဘာမှအားမငယ်နဲ့သမီးလေးသားလေးတို့ရယ်။”လို့အားပေးမိခဲ့ပါတယ်ဗျာ။KG/G1/G2/G3/G-5ကလေးများသည်အသိအမြင်ရှိနေကြဘီလေ။ရှေ့တန်းစစ်မြေပြင်ထွက်ရမယ်ဆိုတော့ ပြန်လာမယ်ပြောပြီးပြန်မလာတော့တဲ့သူတို့သူငယ်ချင်းတွေရဲ့ဖေဖေတွေအကြောင်းကိုလည်းမြင်တွေ့ကြားသိနေရတော့။ကျောင်းပေါက်ဝကနေပြန်ထွက်သွားနေတဲ့သူတို့ဖခင်တွေကိုလှမ်းပြောလိုက်ပုံက “ဖေဖေရေရှေ့တန်းကမြန်မြန်ပြန်လာခဲ့နော်တဲ့” ကျွန်တော်လဲကလေးတွေဟိုတဖက်အကွယ်ကိုလှည့်ပြီးကျွန်တော့်မျက်ဝန်းကိုကလေးတွေမသိအောင်သုတ်နေမိလေရဲ့😢😢😢ကျွန်တော့်ရဲ့G3ကလေးတွေခံစားချက်ကိုကျွန်တော်ထပ်တူထပ်မျှခံစားရမိပါတယ်။မည်သည့်ကလေးမှသူတို့ရဲ့ဖခင်ရှေ့တန်းထွက်မှာကိုမလိုလားကြတော့။ပြန်မလာမှာကိုမလိုလားကြတော့ပါ။ အင်းးးးးးးး စစ်ပွဲတွေအေးငြိမ်းပါစေ။ မြန်မာပြည်ကြီးငြိမ်းချမ်းပါစေ။ အေးချမ်းသာယာပါစေ။မိသားစုတွေပျော်ရွှင်ချမ်းမြေ့ကြပါစေ။ Credit-W.Y.M.H

လူအား၊ ငွေအားတင်မကဘဲ အသက်ပါပေးပြီး ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့တဲ့ ဦးထွန်းမြင့်ရဲ့ ကျန်ရစ်ခဲ့တဲ့ မိသားစုဝင်များ

ဒီနေ့ လားရှိုး စစ်ပွဲထဲ ပိတ်မိနေသူတွေ့ကို ကယ်ထုတ်ဖို့ လူနာတင်ယာဉ် ကိုယ်တိုင်မောင်း သွားကူရင်း ပစ်ခတ်ခံရလို့ ကွယ်လွန်သွားခဲ့သူ ဟာဂျီမွတ်စ်သဖားဘိုင်(ခ)ဦးထွန်းမြင့် အသက် ၅၇နှစ်မှာ မိခင်အိုနဲ့ ဇနီး၊ သားသမီးတွေ ကျန်ရစ်ခဲ့တယ်။ ဟာဂျီဆပ်ကို ဒီနေ့ ညနေ အဆွရ်ဆွလားသ်အပြီးမှာ မြေချ (ဒဖနာ)မယ်လို့ မိသားစုက ဆုံးဖြတ်ထားတယ်။ လားရှိုးအနီးဝန်းကျင်မှာ ပစ်ခတ်မူတွေ ရှိနေပေမဲ့ ကိုထွန်းမြင့် နောက်ဆုံးခရီးကို လားရှိုးမြို့ ခံတွေ အင်တိုက်အားတိုက် လိုက်ပါပို့ ဆောင်ဖို့ ပြင်ဆင်နေပါတယ်။ ဒီခေတ်မှာ ပရဟိတ လူတိုင်းနီးပါးလုပ်တယ်။ တချို့က ငွေပေးပြီး ပရဟိတလုပ်တယ်။တချို့က ချွေးပေးပြီး လုပ်အားနဲ့ ပရဟိတလုပ်တယ်။ တချို့က အချိန်ပေးပြီး ပရဟိတလုပ်တယ်။ ဒီနေ့ ကွယ်လွန်သွားတဲ့ ဦးထွန်းမြင့်ကတော့သူပရဟိတလုပ်တဲ့ တလျှောက်လုံး ငွေအားကော လုပ်အားကောပေးပြီး အချိန်ထုတ် ကူညီခဲ့ယုံမက အသက်ပါပေးပြီး လုပ်ပြခဲ့တယ်။ အရှင်မြတ်သခင် ကွယ်လွန်သူ...

လားရှိုးမြို့ လူနေအိမ်ပေါ်သို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ

17-8-2019 နေ့လည် ၁၂း၃၀  လားရှိုးမြို့၊ ရပ်ကွက်(၁၂)အောင်သစ္စာတိုးချဲ့ရပ်ကွက်ဘက်တွင်  လူနေအိမ် ၂ လုံးပေါ်သို့ လက်နက်ကြီးကျည်ဆံကျရောက်ထိမှန်ခံရသဖြင့် အိမ်တစ်လုံး မီးလောင်ပျက်စီးသွားပြီး  နောက်တစ်လုံးမှာလဲ ထိခိုက်ပျက်စီးမှုများကြောင်းသိရပါတယ်။ လူနေအိမ်သို့ လက်နက်ကြီးကျည်ထိခိုက်ခံရမှုကြောင့် အမျိုးသမီးတစ်ဦးခြေထောက်ထိခိုက်(စိုးရိမ်ရ)ဒဏ်ရာ၊ ကလေးငယ်တစ်ဦး  ဦးခေါင်းထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်းသတင်းရရှိပါတယ်။ Credit-Nay Myo

ကျောက်မဲမြို့တွင် ကောလဟာလ အမျိုးမျိုးထွက်ပေါ်နေသောကြောင့် ဖြစ်ပေါ်နေတဲ့ မြို့အခြေအနေ

၂၀၁၉ သြဂုတ်လ ၁၇ ရက် နေ့လယ် ၁ နာရီအချိန် ကျောက်မဲနေပြည်သူများကောလာဟလအမျိုးမျိုးထွက်ပေါ်နေမှုကြောင့် စိုးရိမ်ထိတ်လန့်မှုတွေဖြစ်ကာ ယခုအခါမိဘများလည်းမိမိတို့သားသမီးများကိုစာသင်ကျောင်းများမှလာရောက်ခေါ်ယူလျှက်ရှိရာ ကျောင်းများပိတ်ကုန်ကြပြီဖြစ်ပြီး ဗဟိုဈေးအတွင်းရှိဈေးဆိုင်များလည်း ဆိုင်ပိတ်ကုန်ပြန်ကုန်ကြပြီဖြစ်သည် ။  ရပ်ကွက်အသီးသီးရှိနေအိမ်ဈေးဆိုင်များ အိမ်တံခါးများပိတ်ထားကြကာ လမ်းသွားလမ်းလာမရှိသလောက်ဖြစ်နေပြီကျောက်မဲနေပြည်သူတွေကတော့ စိုးရိမ်ထိတ်လန့်နေကြပါတယ်။ Credit-Kyaw Kyaw Oo

ပစ်ခတ်မှုကြောင့် ဆုံးပါးသွားတဲ့ ထမင်းချက်ဝန်ထမ်းလေးရဲ့ ကျန်ရစ်ခဲ့တဲ့ မိသားစု

ပြင်ဦးလွင်မြို့တွင် လက်နက်ကိုင်တပ်ဖွဲ့မှ ပစ်ခတ်မှုကြောင့် DSTA ကျောင်းအုပ်ရဲ့ အမျိုးသမီး၊ ကိုယ်ရေးအရာရှိတို့ ဒဏ်ရာရရှိသွားပြီး ထမင်းချက်ဝန်ထမ်းတစ်ဦး ဆုံးပါးသွားခဲ့ပါတယ်။ ယနေ့ မနက်ပိုင်း (၅) နာရီကျော်ခန့်က စတင်ပြီး နေရာ (၅) နေရာလုံးကို ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ စစ်ပွဲဟာ ယခုအချိန်ထိ ပစ်ခတ်နေကြဆဲဖြစ်ပါတယ်။ ထိုပစ်ခတ်မှုကြောင့် ထမင်းချက်ဝန်ထမ်းတစ်ဦးဆုံးပါးသွားပြီး သူ့အားမှီခိုနေကြတဲ့ မိသားစုများ ကျန်ရှိနေခဲ့တာကို စိတ်မကောင်းစွာဖြင့် ကြားသိရတာဖြစ်ပါတယ်။    

ဗစ်တိုးရီးယားလေးရဲ့ အမှုမှာ ကိုကို၊ ညီညီ ဟာ တရားခံ မဟုတ်သေးပါဘူး (ဆရာသက္ကမိုးညို)

တချို့ အချက်လေးတွေ ပြန်ရှင်းစရာ ရှိပါတယ်။ ၁- သမီးလေး ညွှန်ပြတာသည် ညွှန်ပြခြင်းပဲ ဖြစ်ပါတယ်။ ဒီကလေး နှစ်ယောက်ပါပဲ လို့ တထစ်ချ ပြောလို့ မရပါ။ ဒါကြောင့် ဒီကလေး နှစ်ယောက်ပဲ တရားခံ ဖြစ်ရမယ် ဆိုတဲ့ တထစ်ချ ပြောဆို စွပ်စွဲခြင်းတွေ မလုပ်ဖို့ လိုပါတယ်။ နောက်တခုက သူတို့သည် တရားခံ မဟုတ်သေးပါ။ ဒါကြောင့် သူတို့ ပုံတွေကို လူမှု ကွန်ယက်မှာ ဖြန့်တာဟာ တဖက်က ကြည့်ရင် ၆၆(ဃ) နဲ့ ညိနိုင်သလို တဖက်က ကြည့်ရင် သူတို့လည်း နစ်နာပါတယ်။ ၂- အစက ပြမမေးခဲ့ဘူးလားလို့ မေးလာရင် ဖြေစရာ ရှိတာက ဒီအလုပ်သည် သမီးလေး မိသားစု အလုပ် မဟုတ်ပါ။ ဒါကြောင့် အမှုစွဲချက် တင်တဲ့အထိ မလုပ်ခဲ့ပါ။...

တရားကို နတ်စောင့်သွားတဲ့ စတုတ္ထရုံးချိန်းက စိတ်ဝင်စားဖွယ်အကြောင်းကို ပြောပြလာတဲ့ သက္ကမိုးညို

စတုတ္တရုံးချိန်း စတုတ္တရုံးချိန်းမှာ ကလေး ဖခင်နဲ့ အဘွားကို စစ်ဆေးဖို့ ရည်ရွယ်ထားပေးမယ့် ကလေးဖခင်တယောက်နဲ့ပဲ အချိန်တွေ ကုန်သွားခဲ့ပါတယ်။ ဒီတော့ ရှည်လျားတဲ့ စစ်မေးခြင်း၊ အဖြစ်အပျက်တွေထဲက သိသင့်တာကိုပဲ ထုတ်ရေးပါ့မယ်။ ၁- အရင်တုန်းက မီးမီးလေးက အောင်ကြီးကို မီးမီးဖင်ဖုကို ဆိတ်တာ သူပါပဲ ဆိုတဲ့ ဖိုင်ရှိပါတယ်။ ဒီဖိုင်ရှိကြောင်း စီအိုင်ဒီ စ၀င်တဲ့နေ့(၃.၆.၁၉)မှာပဲ ပြောခဲ့ဘူးပါတယ်လို့ ကလေး ဖခင်က ထွက်ဆိုပါတယ်။ ဒါပေမယ့် စစ်ဆေးသူ ရဲမှူးက ဒီလိုအိမ်မှာ မေးတာက သက်သေမ၀င်ဘူးဆိုပြီး အဲဒီအချိန်က သမီးပြတဲ့ ဖိုင်ကို မယူခဲ့ပါ။ ဒါပေမယ့် အောင်ကြီးကို နောက်တကြိမ် တရားစွဲကာနီး ၃.၇.၁၉ မှ သူတို့ သက်သေမယူဘူးဆိုတဲ့ဖိုင်ကို ယူသွားပါတယ်။ (နောက်မှာ အကျယ်ပြောပါ့မယ်)စီအိုင်ဒီ စစ်မေးသူတွေက အောင်ကြီးက မျိုးမအောင်ဘူး၊ ဒီအန်အေ မတူဘူး၊ အဲဒီအထဲ ၀င်သွားပေမယ့်...

သားသမီးများနှင့် ဘဝဆက်ပဌာန်းဆက်ပါရမီရှင်တို့ကို တိုက်တွန်းထားသော သစ်တံခါးဆရာတော်ရဲ့ နှိုးဆော်စာ

သူတော်ကောင်းအပေါင်းတို့ သစ်တံခါးဆရာတော်၏ သားသမီးများနှင့် ဘဝဆက်ပဌာန်းဆက်ပါရမီရှင် သူတော်ကောင်းတို့ ၁၅.၈.၂၀၁၉ ကြာသာပတေးနေ့ 👉 ဝါခေါင်လပြည့်နေ့ မေတ္တာ အခါတော်နေ့👈 ဖြစ်သောကြောင့် မြန်မာတနိုင်ငံလုံး တကမ္ဘာလုံး အေးချမ်း၍ စစ်ဘေးရန်တွေ ငလျှင်ဘေး ရေဘေး လေဘေး မီးဘေး စီးပွားရေး အကြတ်အတည်း ကပ်ဘေးမှ လွတ်မြောက်စေရန် ဆောင်ရွက်ရန်အတွက် အိမ်ဘုရား ( သို့မဟုတ်) မိမိယုံကြည်ရာ ဘုရားတွင်👉 အောင်သပြေ ၂၁ ညွှန့်👉 သစ်သီးဆွမ်း ၁၀ မျိုး👉ဆွမ်းတော် ၁၀ ပွဲ 👉 ရေတော် ၁၀ ခွက်👉 ဆီမီး ၁၀ တိုင်တို့ဆက်ကပ်လှူဒါန်းပြီး ၅ ပါးသီလ (သို့) ၈ ပါးသီလ ခံယူ စောင့်ထိန်းပြီးလျှင် 🙏🙏🙏 မေတ္တာသုတ် ၅၂၈ ခေါက်🙏🙏🙏🙏ရွတ်ပြီးပူဇော်ကြပါ။ မေတ္တာပို့ပါ။မေတ္တာဖြန့်ကြပါဟု👉သတ္တဝါတွေ အေးချမ်းစေဖို့ မေတ္တာပို့ကြပါစို့👈 လို့...