Category: ပြည်ပသတင်း

အမေရိကန်က တရုတ်လေကြောင်းလိုင်း ခရီးသည်တင်လေယာဉ်အားလုံးကို ပိတ်ပင်ထားမည်

အမေရိကန်က တရုတ်လေယာဉ်တွေကို အဝင်အထွက် ပိတ်ပင်မှုဟာ ဇွန် ၁၆ ရက်မှာ သက်ရောက်မှာ ဖြစ်ပါတယ်။ အမေရိကန်လေကြောင်းလိုင်းများ တရုတ်သို့ ခရီးစဉ်ပျံသန်းခွင့် ပြန်လည်စတင်ရန် တရုတ်အစိုးရက ခွင့်မပြုခဲ့ပြီးနောက် အမေရိကန်အစိုးရကလည်း တရုတ်လေကြောင်းလိုင်း ခရီးသည်တင်လေယာဉ်အားလုံးကို နိုင်ငံအဝင်အထွက် ပိတ်ပင်ထားရန် ဇွန် ၃ ရက်နေ့မှာ ညွှန်ကြားလိုက်ပါတယ်။ ယခု လုပ်ဆောင်မှုတွေဟာ COVID-19 အကျပ်အတည်း နောက်ဆက်တွဲကာလအတွင်း ကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံးတွေဖြစ်ကြတဲ့ တရုတ်နဲ့အမေရိကန်တို့ကြား တင်းမားမှု ပိုမိုမြင့်တက်လာစေနိုင်ပါတယ်။ အမေရိကန်က တရုတ်လေယာဉ်တွေကို အဝင်အထွက် ပိတ်ပင်မှုဟာ ဇွန် ၁၆ ရက်မှာ စတင်သက်ရောက်မှာ ဖြစ်ပါတယ် သို့သော် သမ္မတဒေါ်နယ်ထရန့်က ညွှန်ကြားလာပါက ပိတ်ပင်မှု ပိုစောနိုင်တယ်လို့ ဆိုပါတယ်။ အမေရိကန်အစိုးရက Air China နဲ့ China Eastern Airlines အပါအဝင် တရုတ်လေကြောင်းလိုင်း လေးခုကို အဝင်အထွက်...

ဂျပန်ရောက်မြန်မာများ အထူးထောက်ပံ့ကြေးငွေ ယန်း ၁ သိန်းစီ ရရှိ

ဂျပန်နိုင်ငံအစိုးရက နိုင်ငံတွင်း COVID-19 ရောဂါ ပြန့်ပွားမှုအခြေအနေကို တုံ့ပြန်တဲ့အနေနဲ့ နိုင်ငံမှာ နေထိုင်သူတွေအား ၁ ဦးကို ယန်းငွေ ၁ သိန်းစီ ထောက်ပံ့ခဲ့ရာမှာ တရားဝင်နေထိုင်တဲ့ မြန်မာတွေလည်း အကျုံးဝင်ရရှိကြပါတယ်။ အထူးထောက်ပံ့ကြေးငွေကို ဧပြီ ၂၇ ရက်အထိ ဂျပန်နိုင်ငံမှာ အိမ်ထောင်စု မှတ်ပုံတင်စာရင်းဝင်သူ ကျောင်းသား ကျောင်းသူတွေ၊ အလုပ်သင်သင်တန်းသားတွေနဲ့ အခြားနေထိုင်ခွင့်ရှိသူတွေလည်း အကျုံးဝင်ပါတယ်။ တိုကျိမြို့ နခနိုမှာနေတဲ့ မရှိုင်းဟေမန်ကတော့ မေ ၁၈ ရက်က မြို့နယ်ရုံးက ဘဏ်အကောင့်ဖြည့်ရဖို့ လျှောက်လွှာရောက်လာပြီး ပြန်ပို့လိုက်လို့ ၂ ရက် ၃ ရက်အတွင်း ဘဏ်ထဲ ၀င်လာနိုင်တယ်လို့ ဒီဗွီဘီကို ပြောပါတယ်။ ဂျပန်နိုင်ငံမှာ အရေးပေါ်ကာလအတွင်း စက်ရုံအလုပ်ရုံနဲ့ စားသောက်ဆိုင်တွေ ပိတ်ထားပြီး ဂျပန်ရောက်မြန်မာနိုင်ငံသားအများအပြားလည်း ၀င်ငွေ ကျဆင်းနေမှုနဲ့ တွေ့ကြုံနေကြရတာပါ။ ဂျပန်အစိုးရအနေနဲ့ နေထိုင်ခွင့်ကုန်နေသူ နိုင်ငံခြားသား အလုပ်သမားတွေ...

ကိုဗစ်နဲ့ ကြွေလွင့်ခဲ့ရတဲ့ ယူကေက ဒုတိယမြောက် မြန်မာဆရာဝန်

ယူကေမှာ ကိုဗစ်လူနာတွေကြား ရှေ့တန်းမှာ ကုနေရသူတွေထဲက မြန်မာဆရာဝန်ကြီးတစ်ဦး ထပ်ပြီး ကွယ်လွန်သွားခဲ့ပြန်ပါတယ်။ ဧပြီလတုန်းက ကွယ်လွန်ခဲ့တဲ့ ဒေါက်တာပီတာခင်ထွန်းပြီးရင် မေလ ဒုတိယပတ်ထဲမှာ ကွယ်လွန်ခဲ့တဲ့ ဒေါက်တာ သောင်းထိုက်က ဒုတိယမြောက် ကြွေလွင့်ခဲ့ရသူ ဖြစ်ပါတယ်။ အင်္ဂလန်နိုင်ငံ အနောက်တောင်ပိုင်း ဝဲရှိုင်းယား Great Western ဆေးရုံက အထွေထွေရောဂါကု အတိုင်ပင်ခံ သမားတော်ကြီး ဒေါက်တာ သောင်းထိုက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီး အသက် ၆၅ နှစ် အရွယ်မှာ ကွယ်လွန်ခဲ့ပါတယ်။ ရောဂါကူးနှုန်းတွေ မြင့်လာပြီးနောက်ပိုင်း PPE တွေနဲ့ အသေအချာ ကာကွယ်ခဲ့ပေမဲ့ မမျှော်လင့်ထားဘဲ ပိုးက အလဲထိုးသွားခဲ့တာပါ။ ဒေါက်တာ သောင်းထိုက်တို့ဆေးရုံက နယ်ဆေးရုံ ဖြစ်လို့ လန်ဒန်လို ကိုဗစ်လူနာတွေ မများလှပါဘူး။ တစ်ကြိမ်ကို နှစ်ယောက်၊ သုံးယောက်လောက်ပဲ ရောက်လာတာပါ။ အစပိုင်းမှာ PPE မလုံလောက်ခဲ့ပေမဲ့ ကူးစက်တာတွေ...

စင်ကာပူမှာ မူကြိုကျောင်းဝန်ထမ်းအားလုံးကို ကျောင်းများပြန်မဖွင့်မီ COVID-19 စစ်ဆေးမည်

သင်ကြားရေးနဲ့ သင်ကြားရေးပိုင်းမဟုတ်တဲ့ ဝန်ထမ်းများအားလုံးကို စစ်ဆေးသွားမှာပါ။ စင်ကာပူနိုင်ငံ မူကြိုကျောင်းများရှိ သင်ကြားရေးနဲ့ သင်ကြားရေးပိုင်းမဟုတ်တဲ့ ဝန်ထမ်းများအားလုံးကို ကျောင်းများပြန်မဖွင့်မီ COVID-19 စစ်ဆေးသွားမယ်လို့ ဆိုပါတယ်။ ဗိုင်းရပ်စ်ကူးစက်မှုအန္တရာယ် လျှော့ချရန်ရည်ရွယ်ပြီး စင်ကာပူ မူကြိုကျောင်းတွေမှာ အလုပ်လုပ်ကိုင်နေကြတဲ့ သန့်ရှင်းရေဝန်ထမ်းများမှ ကျောင်းအုပ်များအထိ အားလုံးကို COVID-19 စစ်ဆေးမှုတစ်ကြိမ် ပြုလုပ်သွားမှာဖြစ်ကြောင်း Early Childhood Development Agency (ECDA) ရဲ့ ပြောခွင့်ရအမျိုးသားက မေ ၁၄ ရက်မှာ ပြောပါတယ်။ “မူကြိုကျောင်းတွေ အပြည့်အဝ ပြန်ဖွင့်ပြီးနောက်မှာလည်း ကလေးတွေနဲ့ ဝန်ထမ်းတွေကို ကာကွယ်ဖို့အတွက် အန္တရာယ်ရှိမှုအပေါ်မူတည်ပြီး စစ်ဆေးတဲ့စနစ်ကို စဉ်းစားသွားမှာပါ” လို့ ECDA က ဆိုပါတယ်။ စင်ကာပူမှာ COVID-19 ထိန်းချုပ်ရေး အသွားအလာ ပိတ်ပင်ကန့်သတ်တဲ့ “Circuit Breaker” စီမံဆောင်ရွက်မှုအရ ဧပြီ ၈ ရက်မှစပြီး မူကြိုကျောင်းတွေအားလုံး၊...

မြန်မာနဲ့ နိုင်ငံ (၁၀၀) ကျော်ကိုဖြန့်ဖို့ ကိုဗစ်ဆေး အိန္ဒိယထုတ်မယ်

ကိုဗစ်-၁၉ လူနာတွေ ရောဂါ ပြန်သက်သာချိန် မြန်ဆန်စေတဲ့ဆေး ရမ်ဒက်စ်ဆီဗီယာ Remdesivir ကို ထုတ်လုပ်ဖို့ အမေရိကန်ဆေးကုမ္ပဏီကြီးတစ်ခုနဲ့ အိန္ဒိယနဲ့ ပါကစ္စတန် ကုမ္ပဏီတွေ သဘောတူ စာချုပ် ချုပ်ခဲ့ပါတယ်။ အမေရိကန်ဆေးကုမ္ပဏီကြီး Gilead ဂိလိယတ် နဲ့ အိန္ဒိယနဲ့ ပါကစ္စတန် ကုမ္ပဏီ ငါးခုတို့က မြန်မာအပါအဝင် ဝင်ငွေနည်းပါးတဲ့နိုင်ငံတွေနဲ့ နိုင်ငံ ၁၂၇ ခု အတွက် ဆေးတွေ ထုတ်လုပ်ဖြန့်ချိဖို့ သဘောတူခဲ့ကြတယ်လို့ ဂိလိယတ်က ဒီသီတင်းပတ်ထဲမှာ ကြေညာခဲ့တာပါ။ ဒီဆေးတွေ ဖြန့်ချိနိုင်မယ့် နိုင်ငံတွေကိုလည်း ဂိလိယတ်က ကြေညာထားပါတယ်။ ဒီဆေးက ကိုဗစ်လူနာတွေကို ရောဂါ ပြန်သက်သာချိန် ပိုမြန်စေတာကို နိုင်ငံတကာက ဆေးရုံတွေမှာ စမ်းသပ်မှုအရ တွေ့ရပါတယ်။ ဒီဆေးမသုံးသူတွေက ၁၅ ရက်မှာ ပြန်သက်သာတာကို တွေ့ရပြီး ဒီဆေးနဲ့ဆိုရင် ၁၁ ရက် ကြာတာကို စမ်းသပ်မှုတွေမှာ...

ကိုရိုနာဗိုင်းရပ်စ်က ဘယ်တော့မှ ပျောက်မသွားနိုင်ကြောင်း WHO တာဝန်ရှိသူပြော

ကမ္ဘာတစ်ဝှမ်းရှိ လူတွေဟာ ဗိုင်းရပ်စ်နဲ့အတူ ယှဉ်တွဲနေထိုင်ရန် လေ့လာသင်ယူကြရလိမ့်မယ်လို့ ဆိုပါတယ်။ ကိုရိုနာဗိုင်းရပ်စ်က ဘယ်တော့မှ ပျောက်မသွားနိုင်ကြောင်းနဲ့ ကမ္ဘာတစ်ဝှမ်းရှိ လူတွေဟာ ၎င်းနဲ့အတူ ယှဉ်တွဲနေထိုင်ရန် လေ့လာသင်ယူကြရလိမ့်မယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization – WHO) ရဲ့ တာဝန်ရှိသူတစ်ဦးက မေ ၁၃ ရက်မှာ သတိပေးခဲ့ပါတယ်။ ကမ္ဘာတစ်ဝှမ်း နိုင်ငံအချို့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု ဟန့်တားနိုင်ရေး lockdown ပိတ်ပင်ကန့်သတ်ချက်တွေကို ဖြည်းဖြည်းချင်း ဖြေလျှော့ပေးနေစဉ် ဗိုင်းရပ်စ်ကို ဘယ်တော့မှ လုံးဝ တိုက်ဖျက်ပစ်နိုင်ဖွယ် မရှိဘူးလို့ WHO တာဝန်ရှိသူက ပြောကြားလိုက်တာလည်း ဖြစ်ပါတယ်။ မေ ၁၃ ရက်နေ့က ပြုလုပ်ခဲ့တဲ့ အွန်လိုင်းသတင်းစာရှင်းလင်းပွဲမှာ WHO ရဲ့ အရေးပေါ်ဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာမိုက်ခ်ရိုင်ယန် (Dr. Mike Ryan) က ဗိုင်းရပ်စ် ပျောက်ကွယ်သွားမယ့်အချိန်ကို...

အင်ဒိုနီးရှား၌ အခြေခံလူတန်းစားများအတွက် ဆန်ထွက်သည့် အေတီအမ်စက်များထားရှိ

ကမ္ဘာတစ်ဝန်းဖြစ်ပွားနေသည့် COVID-19 ကြောင့် အင်ဒိုနီးရှားနိုင်ငံ၌လည်း နိုင်ငံသားသန်းပေါင်းများစွာသည် တစ်နေ့တာ ဝမ်းဝရေးအတွက် ရုန်းကန်နေရရာ အင်ဒိုနီးရှားအစိုးရသည် အခြေခံလူတန်းစားများ အဆင်ပြေရေးအတွက် ဆန်ထွက်သည့် အေတီအမ်စက်များကို စတင်တပ်ဆင်ထားရှိပေးနေပြီဖြစ်သည်။ ကျွန်မက အရင်အပတ်မှာ ကုမ္ပဏီက အထုတ်ခံရတယ်၊ ကျွန်မခင်ပွန်းလည်း နစ်နာကြေးမရဘဲ အထုတ်ခံခဲ့ရတယ်၊ ဒီကထုတ်ပေးတဲ့ ဆန်ကအများကြီးမဟုတ်ပေမယ့် ဒီလောက်ရတာကိုပဲ ကျေးဇူးတင်မိပါတယ် ဟု ဒဲပေါ့ရှိ စစ်စခန်းတစ်ခုတွင် ဆန်လာထုတ်သည့် အသက် ၂၈ နှစ်အရွယ် မိခင်လောင်း လင်ဒါ ဆယာဖရီက ပြောဆိုခဲ့သည်။ မြို့တော် ဂျကာတာ၌ ဆန်ထုတ်ပေးသည့် အေတီအမ်စက် ၁၀ လုံးရှိနေပြီး COVID-19 ကြောင့် နာလန်မထူနိုင်အောင် ထိခိုက်နစ်နာခဲ့သူများအား ကူညီနိုင်ရန် အစိုးရက စီစဉ်နေခြင်းဖြစ်သည်။ ဆန်ထုတ်ပေးသည့် အေတီအမ်စက်များတွင် အစိုးရကထုတ်ပေးထားသည့် ကတ်ဖြင့် ထုတ်ရခြင်းဖြစ်ပြီး တစ်ခါထုတ်လျှင် ဆန် ၁ ဒသမ ၅ ကီလိုဂရမ်ထွက်ရှိမည်ဖြစ်သည်။...

COVID-19 ကူးစက်ခံရတဲ့ အမျိုးသားများရဲ့ သုတ်ထဲမှာ ကိုရိုနာဗိုင်းရပ်စ်တွေ့ရဟု တရုတ်လေ့လာမှုကဆို

လိင်ဆက်ဆံမှုမှတစ်ဆင့် ကူးစက်ခြင်းရှိ မရှိ အတည်ပြုနိုင်ရန် နောက်ထပ် သုတေသနပြုလုပ်ရမှာပါ။ တရုတ်သိပ္ပံပညာရှင်တွေက COVID-19 အတည်ပြုလူနာ အမျိုးသားတွေရဲ့ သုက်ထဲမှာ ကိုရိုနာဗိုင်းရပ်စ်ကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။ သို့သော် ဗိုင်းရပ်စ်ဟာ လိင်ဆက်ဆံမှုမှတစ်ဆင့် ကူးစက်ခြင်းရှိ မရှိ စိစစ်အတည်ပြုနိုင်ရန်အတွက်ကိုတော့ နောက်ထပ် သုတေသနပြုရန် လိုအပ်မှာဖြစ်ပါတယ်။ တရုတ်ဆေးရုံတစ်ရုံမှာ တက်ရောက်ကုသနေတဲ့ COVID-19 လူနာများကို လေ့လာခဲ့မှုကနေ ထိုသို့တွေ့ရှိခဲ့ရကြောင်း JAMA Network Open ဆေးပညာဂျာနယ်မှာ မေ ၇ ရက်နေ့က ဖော်ပြခဲ့ပါတယ်။ COVID-19 ဟာ အသက်ရှူလမ်းကြောင်းတစ်လျှောက်မှ အမှုန်အမွှားနဲ့ အရည်အစက်လေးများ သို့မဟုတ် ထိတွေ့မှုမှတစ်ဆင့် ကူးစက်ပျံ့နှံ့တာ ဖြစ်ပါတယ်။ COVID-19 ဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ် (SARS-CoV-2) ကို မစင်၊ တံတွေးနဲ့ ဆီးထဲမှာလည်း တွေ့ရှိထားကြောင်း သိရပါတယ်။ တရုတ်နိုင်ငံ Henan ပြည်နယ် Shangqiu...

COVID-19 ဖြစ်စေသည့် ဗိုင်းရပ်စ်ကိုသတ်နိုင်သော ပဋိပစ္စည်းထုတ်နိုင်ပြီဟု အစ္စရေးထုတ်ပြန်

COVID-19 ကိုဖြစ်ပွားစေသည့် ကိုရိုနာဗိုင်းရပ်စ်သစ်ကို သတ်နိုင်သော ပဋိပစ္စည်းကို အစ္စရေးဇီဝသုတေသနအင်စတီကျု(IIBR) က ခွဲထုတ်ဖန်တီးနိုင်ပြီဖြစ်ကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီး နက်ဖ်တာလီ ဘန်းနက်က မေ ၄ ရက်တွင် ပြောဆိုခဲ့သည်။ ပြန်လည်ကျန်းမာလာသည့် ကလာပ်စည်းတစ်ခု( မိုနိုကလိုနယ်)မှ ထုတ်ယူထားသည့် ပဋိပစ္စည်းဖြစ်ပြီး ဗိုင်းရပ်စ်သယ်ဆောင်ထားသူ၏ခန္ဓာကိုယ်ရှိ ကိုရိုနာဗိုင်းရပ်စ်များကို သတ်နိုင်စွမ်းရှိနေကြောင်း နက်ဖ်တာလီ ဘန်းနက်က ပြောဆိုခဲ့သည်။ ပဋိပစ္စည်းထုတ်လုပ်မှုနည်းလမ်းကို မှတ်ပုံတင်လိုက်ပြီဖြစ်ပြီး အမြောက်အများထုတ်လုပ်နိုင်မည့် နိုင်ငံတကာဆေးကုမ္ပဏီတစ်ခုကို ရှာဖွေနေကြောင်း IIBR ၏အကြီးအကဲ ရှမြူယယ် ရှာပီရာက ပြောဆိုခဲ့သည်။ IIBR သည် COVID-19 ကူးစက်ခံရပြီး ပြန်လည်ကောင်းမွန်လာသည့် လူနာများ၏သွေးရည်ကြည်ကိုစစ်ဆေးခြင်းအပါအဝင် COVID-19 ကုသရေး၊ ကာကွယ်ရေးတွင် ဦးဆောင်နေသည့် အဖွဲ့အစည်းတစ်ခုလည်းဖြစ်သည်။ ကိုရိုနာဗိုင်းရပ်စ်ဒဏ်ကိုကျော်လွှားနိုင်ခဲ့သည့် ခုခံအားစနစ်ပရိုတင်းများမှ ပဋိပစ္စည်းသည် COVID-19 ကုသရေးတွင် အရေးပါသောကဏ္ဍမှပါဝင်နေသည်။ IIBR ကခွဲထုတ်နိုင်သည့် ပဋိပစ္စည်းသည် ပြန်လည်ကျန်းမာလာသည့် ကလာပ်စည်းတစ်ခုမှထုတ်လုပ်ထားခြင်းဖြစ်သောကြောင့် ကုသရေးတွင် ပိုမိုစွမ်းအားရှိသည်။...

အင်ဒိုနီးရှားက အာရှမှာ COVID-19 ကြောင့် သေဆုံးမှုနှုန်း အမြင့်ဆုံးဖြစ်နေတဲ့ အကြောင်းရင်းများ

အင်ဒိုနီးရှားမှာ COVID-19 ကြောင့် သေဆုံးမှုအချိုးအစား မြင့်မားနေရခြင်းရဲ့ အကြောင်းရင်းတွေ ရှိနေပါတယ်။ အင်ဒိုနီးရှားဟာ အရှေ့တောင်အာရှမှာသာမက အာရှဒေသမှာပါ COVID-19 ကြောင့် သေဆုံးမှုအချိုးအစား ရာခိုင်နှုန်းအများဆုံး နိုင်ငံဖြစ်နေပါတယ်။ အင်ဒိုနီးရှားမှာ ထိုသို့ သေဆုံးမှုအချိုးအစား မြင့်မားနေရခြင်းရဲ့ အကြောင်းရင်းတွေ ရှိနေပါတယ်။ အင်ဒိုနီးရှား အများအပြားက ပျမ်းမျှအားဖြင့် ကျန်းမာရေးအားနည်းကြတယ် ကျန်းမာရေးညံ့ဖျင်းမှုနဲ့ ကျန်းမာရေးစနစ် အထွေထွေ ကျန်းမာရေးညံ့ဖျင်းမှုနဲ့ ကျန်းမာရေးစနစ်ကွာဟချက်တွေက ထိုအကြောင်းရင်းတွေထဲမှာ အပါအဝင်ဖြစ်ကြောင်း ကျွမ်းကျင်သူတွေက CNA သတင်းဌာနနဲ့ အင်တာဗျူးမှာ သုံးသပ်ပြောကြားခဲ့ကြပါတယ်။ အင်ဒိုနီးရှားမှာ COVID-19 ကြောင့် သေဆုံးသူအရေအတွက်ဟာ တရားဝင် ထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းတွေထက် များစွာပိုမိုနိုင်တယ်လို့လည်း ခန့်မှန်းထားကြပါတယ်။ လူဦးရေ ၂,၀၀၀ ကျော်ဟာ COVID-19 လက္ခဏာများနဲ့ သေဆုံးခဲ့ကြတာဖြစ်ပေမဲ့ ထိုရောဂါကြောင့် သေဆုံးသူစာရင်းမှာ မှတ်တမ်းမဝင်ခဲ့ကြောင်း အင်ဒိုနီးရှားပြည်နယ် ၃၄ ခုအနက်မှ ၁၆ ခုရဲ့...