Category: အနုပညာ

မွေးနေ့မှာ ဆန် ဝေပြီးကုသိုလ်ယူမယ့် ခင်လှိုင်

သူ့ရဲ့ အိမ်မှာ အလှူလုပ်မယ်လို့ပြောပါတယ်။ ခင်လှိုင်ဟာ လူစုလူဝေး မဖြစ်စေမယ့် မွေးနေ့အလှူလေးကို မဖြစ် ဖြစ်အောင် လုပ်သွားမယ်လို့ဆိုပါတယ်။ ခင်လှိုင်ကတော့ ဧပြီလ ၁၇ ရက်နေ့မှာ ကျရောက်မယ့် မွေးနေ့မှာ ဆန် ဝေပြီး အလှူလုပ်မယ်လို့ သိရပါတယ်။ COVID-19 ကြောင့် လူစုလူဝေး လုပ်လို့မရပေမယ့် တတ်နိုင်တဲ့ အလှူလေးနဲ့ ကုသိုလ်ပြုချင်တယ်လို့ ဆိုပါတယ်။ “ဆန် ဆိုင်မဟုတ်ဘူးနော် … မွေးနေ့မှာ လှူဖို့အတွက်ကြိုတင်ပြင်ဆင်နေတာပါ ..ဒီနှစ်ကစတုဒီသာကြွေးလိုမရလောက်ဘူးလေ ..လူစုလူဝေးမလုပ်ရဘူး..ရသလိုလေးလှူမယ်ဗျ” ဆိုပြီးတော့ ဧပြီလ ၅ ရက်နေ့ နေ့လယ် ၂ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားခဲ့ပါတယ်။ မတ်လ ၂၃ ရက်နေ့တုန်းကလည်း လူ (၁၄၀၀) ကျော်အတွက် ဆန်တွေ ဝေခဲ့တာဖြစ်ပြီး ဇာတ်ပို့ မောင်နှမတွေကိုတော့ ဆန်၊ ဆီနဲ့ ကြက်သွန်၊ အချိုမှုန့် ထုပ်တွေ...

အနုပညာသည်ဘဝကို အပြီးအတိုင်စွန့်လွှတ်လိုက်ပြီလို့ ကြေညာလိုက်တဲ့ ရေဗက္ကာဝင်း

အနုပညာမောင်နှမတွေက စိတ်မကောင်းဖြစ်လို့နေပါတယ်။ ရေဗက္ကာဝင်းက အနုပညာလှုပ်ရှားမှုတွေအားလုံးကို ရပ်နားလိုက်ပြီ ဖြစ်တယ်လို့ သူမရဲ့ ဖေ့စ်ဘွတ်ကနေ တရားဝင်ကြေညာလိုက်ပါတယ်။ ဂီတလောကမှာ အောင်မြင်မှု ရရှိနေတဲ့ အဆိုတော် ရေဗက္ကာဝင်းက ရှေ့ဆက်ပြီး အနုပညာအလုပ်တွေကို လုပ်သွားမှာ မဟုတ်တော့ဘူးလို့ တရားဝင်ကြေညာလိုက်ပါပြီ။ သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်ကနေ ဧပြီ (၃) ရက်နေ့ ညပိုင်းက ယခုလို ပြောသွားခဲ့တာပါ။ “ကျွန်မရဲ့ အနုပညာလုပ်ငန်းနှင့် လှုပ်ရှားမှုများအားလုံးအပြီးတိုင် ရပ်နားလိုက်ပြီဖြစ်ပါသောကြောင့် ကျွန်မကို အနုပညာရှင်(သို့) အနုပညာသမားဟု လုံးဝ(လုံးဝ) ခေါ်ဝေါ်သုံးနှုန်း အသိအမှတ်ပြုခြင်း မပြုလုပ်ကြဖို့ရန် အထူးမေတ္တာရပ်ခံအပ်ပါတယ်ရှင်။ နောက်နောင် ကျွန်မရဲ့ကျန်ရှိနေသော နေ့ရက်များအတွက် သာမာန်ပြည်သူတစ်ယောက်အဖြစ်သာ နေထိုင်သွားမှာဖြစ်ပြီး ကျွန်မရဲ့ အနုပညာသည်ဘဝကို အပြီးတိုင်စွန့်လွှတ်နေထိုင်သွားမည်ဖြစ်သောကြောင့် ကျွန်မ အနုပညာအမည်ဖြစ်သော ရေဗက္ကဝင်းအမည်ကိုပင် ခေါ်ဝေါ်သုံးစွဲခြင်း မပြုကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်ရှင်.” ဆိုပြီး သူမက ပြောခဲ့တာပါ။ အနုပညာလောကထဲက ထွက်သွားတဲ့ ရေဗက္ကာဝင်းအတွက် ပရိသတ်တွေရော၊ အနုပညာမောင်နှမတွေ...

သားလေးရဲ့ အနုပညာကြေးထဲက COVID-19 အတွက် အလှူလုပ်ခဲ့တဲ့ မယ်လိုဒီ

ကျန်းမာရေးဝန်ထမ်းတွေကို လေးစားတယ်လို့ ဆိုပါတယ်။ မယ်လိုဒီကတော့ သားလေး သိဒ္ဓိစစ်မွေးနေ့မှာ သားလေးရဲ့ အနုပညာကြေးထဲကနေ COVID-19 အတွက် အလှူအတန်းတွေ လုပ်နေတယ်လို့ ဆိုပါတယ်။ အဆိုတော် မယ်လိုဒီရဲ့ သားလေး သိဒ္ဓိစစ် ကတော့ ဒီနေ့(ဧပြီလ ၃ရက်) မှာ အသက် ၅ နှစ်ပြည့်သွားပြီလို့ သိရပါတယ်။ ဒါကြောင့် COVID-19 အတွက် ဆေးကုသပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက် လိုအပ်တာတွေ လှူဒါန်းသွားမယ်လို့ သိရပါတယ်။ “ယနေ့ကျရောက်သော သားလေး သိဒ္ဓိစစ် @Theo ၏ ၅နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်ဖြစ် သားလေး၏ လုပ်အားခထဲမှ အလှူငွေ ၅သိန်းကျပ်တိတိကို ယခုဖြစ်ပွားနေသော Covid -19 ကပ်ရောဂါကြီးအတွက် ရှေ့တန်းမှ ကာကွယ် တားဆီး ကုသပေးနေကြသော ဆရာဝန် ဆရာမ အားလုံးအား လေးစား ဂုဏ်ပြုလျှက် အထူးလိုအပ်နေသော ဆေးရုံများရှိ အထူးကြပ်မတ်ကုသဆောင်၊ ဆေးကုသဆောင်များသို့...

မွေးလအစမှာ ကံကောင်းခြင်းတွေနဲ့အတူ ထီပေါက်သွားတဲ့ မေကဗျာ

သူမရင်ထဲက ခံစားချက်ကို ပြောပြလာပါတယ်။ မေကဗျာကတော့ မွေးလအစမှာ သူမအတွက် ကံကောင်းခြင်းတွေ ရောက်လာလို့ ပျော်ရွှင်နေတယ်လို့ဆိုပါတယ်။ မေကဗျာကတော့ ဧပြီလအစမှာ ကံကောင်းခြင်းတွေ ရောက်လာလို့ ဝမ်းသာပီတိဖြစ်လို့နေပါတယ်။ သူမရဲ့ မွေးလ အစလေးမှာ ထီ ၅ သောင်းဆု ပေါက်ခဲ့တယ်လို့ သိရပါတယ်။ “ညက အိမ်မက်မက်လို့ မနက်ကနဂါးစာကျွေးနို့ဆွမ်းကပ်ပြီးသကာလ။ April မွေးလလေးမှာကံကောင်းခြင်းနဲ့စတင်ပါပြီ” ဆိုပြီးတော့ ဧပြီလ ၁ ရက်နေ့ နေ့လည် ၁၂ နာရီကျော်က သူ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ မေကဗျာဟာ “ည ၆၉” နံပါတ်နဲ့ ၁၄ ကြိမ်မြောက် အောင်ဘာလေ သိန်း ၁၅၀၀၀ ထီမှာ ငွေကျပ် ၅ သောင်းဆု ပေါက်ခဲ့တာဖြစ်ပါတယ်။ မေကဗျာဟာ လက်ရှိမှာလည်း အနုပညာအလုပ်တွေ ခဏနားထားတာကြောင့် ဘုရား၊ တရား အလုပ်ကို တစိုက်မတ်မတ် လုပ်ဆောင်နေတာ...

သားဖြစ်သူရဲ့ အနုပညာကြေးနဲ့ မိသားစုစားဝတ်နေရေးကို ဖြေရှင်းနေရတယ်ဆိုတဲ့ ကိုကိုဦး

COVID-19 ရောဂါလည်း မြန်မြန်ကင်းဝေးပါစေလို့ ဆုတောင်းတယ်။ ကိုကိုဦးကတော့ လက်ရှိမှာ မိသားစုစားဝတ်နေရေးကို သားလေးက ဖြေရှင်းနေတယ်ဆိုတာကို အခုလိုပြောပြလာပါတယ်။ သရုပ်ဆောင် ကိုကိုဦးကတော့ လက်ရှိမှာ အနုပညာအလုပ်တွေ သိပ်မလုပ်ရတော့ဘူးလို့ ပြောပါတယ်။ အခုအခြေအနေမှာလည်း သားဖြစ်သူ သီဟအောင်ရဲ့ အနုပညာကြေးတွေနဲ့ မိသားစု စားဝတ်နေရေး ဖြေရှင်းနေတယ်လို့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ “ အခုချိန်မှာ ရတာလေး၊ ရှိတာလေးနဲ့ ခြွေတာ စားနေရတာပါ။ ဒီရောဂါကြီးလည်း မြန်မြန်ကင်းဝေးပါစေ ဆုတောင်းတယ်။ ဒီရောဂါကြီးက ရေရှည် ဒီလိုပဲ သွားနေမယ်ဆိုရင် ကျွန်တော်တို့ ရပ်တည်ဖို့က မလွယ်ဘူး။ ဒါကြောင့် မြန်မြန်လေး ပြီးဆုံးပါစေလို့ပဲ ဆုတောင်းတယ်။ လက်ရှိမှာလည်း သားလေးရဲ့ ကြော်ငြာရိုက်ထားတဲ့ ပိုက်ဆံလေးတွေနဲ့ စားနေရတာပါ။ ကျွန်တော့်ဝင်ငွေကလည်း မရှိပါဘူး” လို့ ဆိုပါတယ်။ လက်ရှိမှာလည်း COVID -19 ကြောင့် အနုပညာသမားတွေလည်း ရိုက်ကူးရေးတွေ...

ရှေ့တန်းထွက်တိုက်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက် (၁၅) သိန်းလှူဒါန်းပေးခဲ့တဲ့ မြင့်မြတ်နဲ့ယုန်လေး

လက်ရှိအချိန်မှာတော့ ကမ္ဘာနဲ့တစ်ဝှမ်းဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် ပြည်သူလူထုတစ်ရပ်လုံးကျီးလန့်စာစားနေရတဲ့အချိန်လည်း ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံး လူစည်ကားလေ့ရှိတဲ့နေရာတွေကအစ အခုဆိုရင် သုဿာန်တစ်စပြင်လို ခြောက်ကပ်ပြီး လူသူလေးပါးမရှိတော့တဲ့အခြေအနေရောက်လာတဲ့အထိ ဒီရောဂါပိုးရဲ့ရိုက်ခတ်မှုကတော့ တဖြည်းဖြည်းကြီးမားလာခဲ့ပါတယ်။ ဒီနေ့နေ့လည်(၃)နာရီခွဲအချိန်အထိ စစ်တမ်းများအရ နိုင်ငံပေါင်း(၂၀၂) နိုင်ငံမှာ သေဆုံးသူ(၃၀၉၀၀) ယောက်အထိရှိလာခဲ့ပြီဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ မကြောက်မရွံ့ရှေ့တန်းကနေ ရဲရဲဝံ့ဝံ့ထွက်တိုက်နေရတဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက် အသက်အန္တရာယ်လုံခြုံရေးဟာလည်း အရေးကြီးလှပါတယ်။ ကိုယ့်အသက်ကို ပဓာနမထားဘဲ ပြည်သူတွေကျန်းမာရေးကို ဦးစားပေးစဉ်းစားနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက် အခုဆိုရင် လူမှုကွန်ရက်ပေါ်မှာ သူတို့ရဲ့လိုအပ်ချက်တွေအတွက် ဦးစားပေးစဉ်းစားသူတွေလည်း ထွက်ပေါ်လာခဲ့ပါပြီ။ နေထိုင်စားသောက်ရေးအတွက် လှူဒါန်းလာကြတဲ့သူတွေအပြင် သူတို့ရဲ့ရောဂါပိုးကာကွယ်ရေးအသုံးစရိတ်အတွက် ဦးဆောင်ပြီး ငွေကြေးလှူဒါန်းသူတွေလည်း ရှိလာကြပြီဖြစ်ပါတယ်။ အဲ့လိုဦးဆောင်ဦးရွက်လှူဒါန်းကြသူများထဲမှာတော့ ပရိသတ်ရဲ့အချစ်တော်အနုပညာရှင်တွေဖြစ်တဲ့ မြင့်မြတ်နဲ့ယုန်လေးတို့လည်း ပါဝင်ခဲ့ပါတယ်။ သူတို့နှစ်ဦးကတော့ အနုပညာအလုပ်တွေလည်း အတူတူ တွဲလုပ်နေကြတဲ့အပြင် ဒီတစ်ခေါက်ကျန်းမာရေးဝန်ထမ်းတွေအတွက်လည်း မြင့်မြတ်က ဆယ်သိန်းနဲ့ ယုန်လေးက ငါးသိန်းဦးဆောင်လှူဒါန်းခဲ့ကြောင်း ယုန်လေးရဲ့ လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြခဲ့ပါတယ်။ ” ကျွန်တော်တို့အားလုံးအတွက် ရှေ့ထွက်တိုက်ပေးနေတဲ့ဆေးရုံဝန်ထမ်း တွေနဲ့...

အဆိုတော် အောင်ရင် COVID-19 Positive ရောဂါလက္ခဏာများ ခံစားနေရ

ဖခင်ဖြစ်သူ အဆိုတော် အောင်ရင်ဟာ အင်္ဂလန်မှာ COVID-19 ရဲ့ ရောဂါလက္ခဏာများ ခံစားနေရတယ်လို့ သားဖြစ်သူ မိုးအောင်ရင်က ပြောပါတယ်။ လက်ရှိအချိန်မှာ မိုးအောင်ရင်ရဲ့ မိသားစုတွေဖြစ်တဲ့ ဖခင် အောင်ရင်နဲ့ မိခင်တို့ ဟာ အင်္ဂလန်မှာရောက်ရှိနေတာဖြစ်ပြီး ပြန်လာလို့ မရတဲ့အခြေအနေတစ်ခုကို ကြုံခဲ့တာဖြစ်ပါတယ်။ ညီမဖြစ်သူကတော့ COVID-19 ကူးစက်ရာ နံပါတ်တစ် စာရင်းမှာရောက်ရှိနေပြီဖြစ်တဲ့ အမေရိကန်မှာ ရောက်ရှိနေတာကြောင့် သူ့အနေနဲ့ မိသားစုတစ်ခုလုံးကို စိတ်ပူပန်နေရတာဖြစ်ပါတယ်။ ဖခင်ဖြစ်သူ အဆိုတော်အောင်ရင်က လက်ရှိမှာ အဖျားမရှိတာကလွဲပြီး COVID-19 ရဲ့ ရောဂါလက္ခဏာတွေအတိုင်း ခံစားနေရတယ်လို့ သားဖြစ်သူ မိုးအောင်ရင်ကဆိုပါတယ်။ သူငယ်ချင်း ဆရာဝန်တစ်ယောက်ရဲ့ ပြောချက်အရ အဆိုတော် အောင်ရင်ဟာ COVID-19 ရောဂါပိုးကူးစက်ခံထားရပြီလို့ ဆိုပါတယ်။ ရောဂါပိုးကူးစက်ခံနေရပြီဖြစ်ပေမယ့် ရောဂါအခြေအနေမဆိုးဝါးတာကြောင့် အိမ်တွင်းမှာပဲ Self Quarantine လုပ်နေပြီး မိခင်ဖြစ်သူနဲ့လည်း သီးခြားခွဲနေနေတယ်လို့ မိုးအောင်ရင်က ပြောပါတယ်။...

ဝေဘာဂီဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများအတွက် နေ့လယ်စာလှူဒါန်းခဲ့တဲ့ ထွန်းကိုကို

ဝေဘာဂီဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများအတွက် နေ့လယ်စာလှူဒါန်းခဲ့သလို ယင်း ဆေးရုံတွင် လိုအပ်သည့်ပစ္စည်း များ ထပ်မံလှူဒါန်းရန် အစီအစဉ် ရှိကြောင်း ထွန်းကိုကိုက ပြော သည်။ ‘‘ဆေးရုံကနေ လိုအပ်တဲ့ ပစ္စည်းတွေကို စာရင်းတော့ ကောက်လာတယ်။ လောလော ဆယ် ဈေးကွက်ထဲမှာ ပြတ်နေတဲ့ ပစ္စည်းတွေလည်းရှိတော့ ပစ္စည်း တွေရရင် ထပ်သွားပြီးလှူဖို့ရှိပါ တယ်’’ ဟု ၎င်းကပြောသည်။ ထွန်းကိုကိုက မတ်လ ၂၅ ရက်တွင် ဝေဘာဂီဆေးရုံမှ ကျန်း မာရေးဝန်ထမ်း ၁၂၀ ဦးစာအ တွက် ပီဇာ၊ ကြက်ကြော်နှင့် ကွေ ကာအုပ်ထုပ်များ လှူဒါန်းခဲ့ခြင်း ဖြစ်သည်။ ‘‘ကမ္ဘာတစ်ဝန်း ကူးစက်ပျံ့နှံ့ နေတဲ့ COVID-19 ကူးစက်ခံရသူတွေနဲ့ သံသယလူနာများ၊ စောင့်ကြည့်လူနာများကို ပြုစု ကုသ စောင့်ရှောက်ပေးနေတဲ့ ဆရာဝန်များ၊ သူနာပြုများနဲ့ ကျန်းမာရေးဝန်ထမ်းများဟာ မိမိ အသက်သွေးကို...

ရိုက်ကူးရေးကအပြန် ပိုင်ဖြိုးသုတို့ ဇနီးမောင်နှံစီးနင်းလာခဲ့တဲ့ ယာဉ် မတော်တဆမှုဖြစ်ပွား

ဒါရိုက်တာဏကြီးရိုက်ကူးနေတဲ့ ချစ်ခင်စမှော်ရုံ ရုပ်ရှင်ကားကြီးကို COVID 19 ကြောင့် ရပ်နားပြီး အပြန်မှာပဲ ပိုင်ဖြိုးသုတို့ ဇနီးမောင်နှံစီးနင်းလာတဲ့ကားဟာ ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့တာပါ။ ပိုင်ဖြိုးသုက သူမကိုစိတ်ပူပြီးမေးမြန်းနေကြသူတွေကို ယခုလိုပဲ စိတ်မပူကြဖို့ ရေးသားလိုက်တာ တွေ့ရပါတယ်။ သုသုတို့ကိုသတင်းကြားလို့စိတ်ပူပြီးဖုန်းဆက်မေးကြသူများရှိသလို တချို့ကလည်းပျောက်နေတာကြာလို့ မေးနေကြသူမိတ်ဆွေများလည်းရှိတာမို့ စိတ်မပူကြဖို့အတွက် အခုfacebook ကနေအသိပေးလိုက်ပါတယ်ရှင့်….အခုဖြစ်နေတဲ့ COVID 19 ကြောင့် ကိုဏကြီးရိုက်ကူးလက်စဖြစ်တဲ့ “ချစ်ခင်စမှော်ရုံ” ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးမှုကိုရပ်နားပြီးပြန်လာတဲ့ လမ်းမှာသုသုတို့ယာဉ်မတော်တဆမှုဖြစ်ပါတယ်…. ကံကောင်းထောက်မစွာနဲ့ အရှေ့ခန်းမှာထိုင်တဲ့သုသုမန်နေဂျာနဲ့ ကားဆရာတို့ Air bagပွင့်သွားတာကြောင့်ဘာမှမဖြစ်ပါဘူး….အနောက်ခန်းမှာထိုင်တဲ့ ကိုဏကြီးနဲ့သုသုကတော့ အနည်းငယ်ထိခိုက်ဒဏ်ရာရကြပါတယ်( စိုးရိမ်စရာမရှိပါ) မျက်နှာဖူးယောင်ပွန်းပဲ့ရုံ ခြေလက်အနည်းငယ်ထိခိုက်မိရုံပါ(အရိုးကျိုးတဲ့အထိမဖြစ်ပါ)…. ပြဿနာဖြစ်ချိန်မှာ ဒဏ်ရာတွေနဲ့‌သုသုတို့နှစ်ယောက်ကို ဆေးရုံပို့စစ်ဆေးပေးကြတဲ့ မသီတာနဲ့ မမီး ကားကိစ္စတွေ ရဲစခန်းမှာလိုက်ရှင်းပေးကြရုံသာမက အိမ်အထိလင်မယားနှစ်ယောက်ကိုလိုက်ပို့ပေးတဲ့ ဒေါင်းနဲ့ ကိုသားညီတို့ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်…ကျိုးပဲ့ခြင်းမရှိတဲ့အတွက် အခုလိုအချိန်မှာဆေးရုံမတက်ဖို့ဆုံးဖြတ်ပြီးအိမ်မှာသာ ဆေးသောက်အနားယူနေကြပါတယ်….ချစ်သောမိတ်ဆွေများနဲ့ ခုနစ်ရက်သားသမီးများလည်းဘေးကင်းကျန်းမာကြပါစေ….တတ်နိုင်သမျှ အိမ်မှာနေကြပါ….မတတ်သာလို့ အပြင်ထွက်အလုပ်လုပ်နေရသူများလည်း မကြာခဏလက်ကိုစနစ်တကျဆေးကြောသန့်စင်ပေးကြပါ….နှာခေါင်းစည်း(mask)ဝတ်ကြပါနော်…ကိုယ်ခံစွမ်းအားမြှင့်တင်ပေးမဲ့ Vitamin C သောက်ပါ…. အစာအာဟာရမျှတအောင်စားပါနော်….အားလုံးပဲ...

Covid 19 ကြိုတင်​ကာကွယ်​မှုအ​နေနဲ့ ကိုယ့်​ကိုယ်​ကိုယ်​ Lock Down ချလိုက်​ပြီးဖြစ်​တဲ့ ​ဝေဠုကျော်

သရုပ်​​ဆောင်​ ​​ဝေဠုကျော်ဟာ အရေးကြီးစောင့်ကြည့်လူနာများကို ထိတွေ့ကိုင်တွယ်ရတော့မှာဖြစ်တဲ့အတွက် အိမ်ပြန်ခွင့်မရှိတော့ တာကြောင့် ကိုယ်တိုင်လည်း lockdown ချလိုက်ပြီလို့သိရပါတယ်​။အခြားအလုပ်ကိစ္စတွေနဲ့ အရေးကြီးတွေ့ချင်တယ်ဆိုရင်တော့ ဝေဘာဂီ ​ဆေးရုံမှာ သူ ​နေ့​ရော ညပါ ရှိနေပါမယ်လို့လည်း အသိပေးထားပါတယ်။ ကျေးဇူးပါ ချစ်သူ ရေ💙💙💙 25 . 3 . 2020 COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှု နှင့် အရေးပေါ် လိုအပ်သည့်နေရာများတွင် ရန်ကုန်တိုင်းကျမ်းမာရေး ရဲ့ ဦးစီး ကွပ်ကဲမှု့ဖြင့် ပူးပေါင်း ပါဝင်ကူညီနိုင်ရန်အတွက် နားလည် ပေးတဲ့ မိသားစု နှင့် ခွင့်ပြုပေးတဲ့ ချစ်သူကိုပါ ကျေးဇူးတင်ပါတယ် ဒီနေ့ကစပြီး အရေးကြီးလူနာနှင့် စောင့်ကြည့်လူနာများကို ထိတွေ့ကိုင်တွယ်ရတော့မှာဖြစ်တဲ့အတွက် ဗိုင်းရပ်များ ကပ်တွယ်နေနိုင်သည့်အတွက် အိမ်ပြန်ခွင့်မရှိတော့သလို ကိုယ်တိုင် lockdown ချလိုက်ရ ပြီဖြစ်ပါတယ် ဒီရက်တွေမှာ အလုပ်နှင့် အခြားကိစ္စများတွက် မလုပ်နိုင်သေးတာကိုတောင်းပန်ပါတယ် အရေးတကြီးတွေ့လိုပါက...