Category: ဓာတ်ပုံ

ကိုယ့်ဓာတ်ပုံကို တက်တူးထိုးထားတာတွေ့ရလို့ ဝမ်းသာမိတယ်ဆိုတဲ့ မျိုးကြည်

လူကြမ်းသရုပ်ဆောင် မျိုးကြည်ကတော့ သူ့ရဲ့ဓာတ်ပုံကို တက်တူးအပြည့်ထိုးထားတဲ့ ပရိသတ် တစ်ဦးကြောင့် ပီတိဖြစ်နေရတဲ့အကြောင်းပြောပြလာပါတယ်။ လူကြမ်းသရုပ်ဆောင် မျိုးကြည်ရဲ့ အမိုက်စားဓာတ်ပုံတွေကတော့ အွန်လိုင်းစာမျက်နှာပေါ်မှာ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှု အများကြီးရရှိခဲ့တာ တွေ့ရပါတယ်။ ဒီဓာတ်ပုံတွေထဲက တစ်ပုံကို မုံရွာမှာ နေထိုင်တဲ့ ပရိသတ်တစ်ဦးက တက်တူးထိုးခဲ့တာ တွေ့ရလို့ ဝမ်းသာပီတိဖြစ်ရတယ်လို့  ပြောပြလာပါတယ်။ “ အစ်ကိုတို့လို အပယ်ခံ အညတရသမားတစ်ယောက်ကို ဒီလိုမျိုး ဂုဏ်ပြုတဲ့အတွက် တကယ်ကို ကျေးဇူးတင်တယ်။ ဒါကလည်း ရှားရှားပါးပါး ပါ။ ဒါကို အစ်ကို မြင်လိုက်တဲ့ အချိန်မှာ တော်တော်ကို အံ့သြသွားရတယ်။ အစအဆုံး တက်တူးထိုးထားတာတွေကို လိုင်းပေါ်မှာ တင်ကြတာ တွေ့ရပါတယ်။ အဲဒီတက်တူးထိုးတဲ့ ကောင်လေးကလည်း တကယ်တော်တယ်။ ထိုးတဲ့လူကိုလည်း ဖုန်းနဲ့ဝမ်းသာစကားပြောပြီးပါပြီ” လို့ သူကဆိုပါတယ်။ လူကြမ်းသရုပ်ဆောင် ကိုမျိုးကြည်ကိုတော့ သူ့ရဲ့နှုတ်ခမ်းမွှေးကြောင့် ပရိသတ်တွေက စတင်သတိထားမိခဲ့ကြတာ ဖြစ်ပါတယ်။ သူကိုယ်တိုင်ကလည်း...

တနိုင်ငံလုံး ၀ိဇ္ဇာတွဲမှာ ပထမဆုရရှိခဲ့တဲ့ မသဇင်ဝင်းကို ဂုဏ်ပြုခဲ့ကြ

၂၀၁၉ တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ ၀ိဇ္ဇာဘာသာတွဲနဲ့ တနိုင်ငံလုံးအမှတ်အများဆုံး ပထမဆုရခဲ့တဲ့ မသဇင်ဝင်းကို ရန်ကုန်က ပံ့ပိုးကူညီသူတွေက ဂုဏ်ပြုဆုငွေ ကျပ် ၂၃ သိန်း ၅ သောင်းနဲ့ စာအုပ်တွေကို လာရောက်ပေးအပ်ခဲ့ကြပါတယ်။ ဂုဏ်ပြုပွဲကို မသင်ဇင်ဝင်း စာသင်ခဲ့တဲ့ ကျုံပျော်မြို့နယ်၊ တောက်တဲ့ရိုးကျေးရွာအထက်တန်းကျောင်းမှာ လာရောက်ပြုလုပ်ခဲ့တာဖြစ်ပြီး အလှူရှင်တွေ၊ ဆရာ ဆရာမတွေနဲ့ မသင်ဇင်ဝင်းတွေရဲ့ မိဘ၂ ပါးလည်း တက်ရောက်ခဲ့ကြပါတယ်။ Credit-ဘီဘီစီ