Category: News

Unblock Netflix, Hulu Plus and BBC iPlayer With NordVPN

NordVPN and Unblock Netflix will let you disengage Netflix, Hulu Plus, BBC iPlayer and other neighborhood websites. NordVPN and Disengage Netflix gives fast acceleration that will stop your Internet connection right from slowing http://ice-maiden.net/ down. NordVPN and Disengage Netflix comes with an exclusive monitoring protection that protects the private data and privacy via third parties to be sure you are...

မီနီအိုးဝေယာဉ်မောင်းအတွက်တော့ စိတ်မကောင်းဘူး သူ မျက်ရည်ဝဲ အသံတွေတုန်နေတယ် ၁၄ရက်ဝင်ရမယ်ဆိုတော့ ဘာတတ်နိုင်မှာလဲတဲ့။

သူများတင်ထားတာကူးလာတာပါ 👇 မီနီအိုးဝေယာဉ်မောင်းအတွက်တော့ စိတ်မကောင်းဘူး။သူ မျက်ရည်ဝဲ အသံတွေတုန်နေတယ်။ ၁၄ရက်ဝင်ရမယ်ဆိုတော့ ဘာတတ်နိုင်မှာလဲတဲ့။ မီနီအိုးဝေက အရစ်ကျဝယ်ထားတော့ အခက်တွေ့တာပေါ့တဲ့ ဖုန်းပျောက်နေလို့ FBမသုံးလို့မသိရှာတာ‌ တောင် သူများဖုန်းနဲ့ကြည့်ပြီး သူဆိုတာသေချာလို့  သူ့အသိစိတ်နဲ့သူ လာတာ လေးစားစရာ ဒီစာကိုကြည့်ပြီး မှတ်ချက်ပေးရရင်  ☝️နိုင်ငံခြားကပြန်လာတိုင်း ကျန်းမာရေးဗဟုသုတ အသိပညာတွေ ပေါကြွယ်ဝစွာပါလာတယ်လို့ မထင်စေချင်ဘူး ငါတော့ ဒီရောဂါမဖြစ်နိုင်ဘူးဆိုတဲ့ အတ္တတွေ၊  ကိုယ့်ကိုယ်ကိုယ်ချစ်တဲ့ ရောဂါတွေကြောင့် အခုလိုတွေဖြစ်ကုန်တာပါ  ကိုယ့်ကြောင့် တနေ့လုပ်မှ တစ်နေ့စားရတဲ့သူတွေ လက်လုပ်လက်စားတွေ ဓားစားခံမဖြစ်ပါစေနဲ့လေ ထပ်တိုး မှတ်ချက်ပါ အပြစ်တင်သင့်တယ်လို့ထင်ရင်တောင် သူတို့ကို မေ့ပစ်ပြီး လိုအပ်တဲ့သူတွေကို ကူညီဖို့ ပိုအားစိုက်ရအောင်ပါနော် From Yin Myo Thwal’s FB

COVID 19 Positive လူနာနှင့်လေယဉ်အတူစီးနင်းလိုက်ပါလာခဲ့ပြီး ဖုန်းနံပါတ်အမှန်မပေးပဲ ထွက်ပြေးတိမ်းရှောင်နေ

COVID 19 Positiveလူနာနှင့်လေယဉ်အတူစီးနင်းလိုက်ပါလာခဲ့ပြီး ဖုန်းနံပတ်အမှန်မပေးပဲထွက်ပြေးတိမ်းရှောင်နေသူမသော်ဖြူစင်သိစေရန် အင်းစိန်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရသည့် COVID 19 Positive ရောဂါသည်နှင့်အတူလေယဉ်စီးနင်းလိုက်ပါလာခဲ့သောမသော်ဖြူစင်သည် ကျန်မာရေးဝန်ကြီးဌာန၏ COVID 19ကာကွယ်ထိန်းချူပ်‌ကုသရေးလုပ်ငန်းစဉ်များကိုကြည်ဖြူစွာပူးပေါင်းပါဝင်ခြင်းမရှိပဲဖုန်းနံပတ်ကိုမမှန်မကန်ဖြည့်စွက်၍တိမ်း‌‌ ရှောင်နေကြောင်းသိရှိရပါသည်။ ယင်းလုပ်ရပ်သည်မိမိတိုင်းပြည်နှင့်လူမျိုး‌အပေါ်အင်မတန်အန္တာရယ်များစေသောလုပ်ရပ်ဖြစ်ပါသည်။မသော်ဖြူစင်အနေနှင့်ကျန်းမာရေးဝန်ကြီးဌာနသို့ အမြန်ဆုံးဆက်သွယ်ပေးပါရန်ပန်ကြားအပ်သည်။ ထိုသို့ကျန်းမားရေးဝန်ကြီးဌာန၏ COVID 19 ထိန်းချူပ်၊ ကာကွယ်ကုသရေးလုပ်ငန်းစဉ်များကိုပူပေါင်းမဆောင်ရွက်ပဲယခုလိုဆက်လက်တိမ်းရှောင်နေပါက လူငယ့်အသံလူငယ့်ဟန် အဖွဲ့မှ နိုင်ငံတော်အစိုးရသို့၎င်း၊ မသော်ဖြူစင်သွားလာနေထိုင်ခဲ့သော သက်ဆိုင်ရာနိုင်ငံသံရုံးများသို့၎င်း သတင်းပေးပို့၍ ထိုသို့တစ်ကမ္ဘာလုံးနှင့်သက်ဆိုင်သောလူအများ အန္တာရယ်ကျ‌ရောက်စေသည့်အရေးကိစ္စရပ်များတွင်ကြည်ဖြူစွာပူပေါင်းပါဝင်လေ့မရှိသောအလေ့အထရှိသောမသော်ဖြူစင်ကို သက်ဆိုင်ရာနိုင်ငံများမှာပြည်ဝင်ခွင့်ပိတ်ခံရစေရန်နှင့်နိုင်ငံ‌တော်အစိုးရမှလည်းပြည်ပထွက်ခွာခွင့်ပိတ်ပင်သည်အထိအစွမ်းကုန်ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေငြာအပ်ပါသည်။ From Nyein’s FB

တစ်ကိုယ်လုံးပိုးသတ်ဖို့ တီထွင်ထားတဲ့ ဗီယက်နမ်က ပိုးသတ်စပရေးရုံအသေးစားလေး

Omg, this is so brilliant!!  Vietnam က ပိုးသတ်စပရေးရုံအသေးစားလေးကို တီထွင်ထားတာပါ။ အဲ့ဒါက တစ်ကိုယ်လုံးနဲ့ အဝတ်စားပေါ်က ဘတ်တီးရီးယားတွေကို 90% သတ်ပေးနိုင်ပါတယ်။ အဲ့ စပရေး machine လေးက တစ်နေ့ကို လူ ၁၀၀၀ ပိုးသတ်ပေးနိုင်ပါတယ်။ 15 sec နဲ့ 20 sec သာကြာပါတယ်။  ပိုးသတ်ရုံထဲဝင်ပိုးသတ်နေစဉ်လဲ နားထောင်ဖို့ သီချင်းလေးဖွင့်ပေးထားပါသေးတယ်။ စက်ကိုလုပ်တဲ့ ကုန်ကျစရိတ်က ဈေးအရမ်းများပါဘူး။ ဖြုတ်လို့ တပ်လို့လဲ လွယ်ပါသတဲ့။  ကဲ ရွှေမြန်မာတို့လဲ ဒီစက်ပုံလေး အတုယူပြီး လုပ်ပေးနိုင်တဲ့ Company များကလဲ လုပ်ပေးကြပါ တောင်းဆိုပါတယ်။ အလုပ်သွားလာနေရတဲ့ မြို့လယ်ခေါင်တွေမှာ ဒါမျိုး အသေးစားပိုးသတ်ရုံလေးတွေ ထားပေးနိုင်ရင် အရမ်းကောင်းပါတယ်။  ✅ များများသိအောင် အတုယူလို့ရအောင် share ပေးကြပါ။  From Cho...

ကွမ်းနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး သတိပေးလိုက်တဲ့ လင်းလင်း

ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သတ်ပြီး ပြည်သူတွေ သတိမထားမိတဲ့ အရေးကြီးဆုံး အချက် ကို အဆိုတော်လင်းလင်း သတိပေး စဉ်းစားမိလို့ပါ။ ကျ နော်တို့နိုင်ငံက ‘ကွမ်း’ နိုင်ငံလို့ပြောရရင်မမှားဘူး။ မိဘသဖွယ်ချစ်ခင်ခင်လေးစားရတဲ့ ဆရာကြီးဒေါက်တာညွန့်သိန်းကို လှမ်းမေးကြည့်ပြီး ပြောရမယ်ဆိုရင် ကွမ်းရောင်းသူနဲ့ ကွမ်းစားသူ ကြားမှာလဲ ဆောင်ရန်ရှောင်ရန်နဲ့ သတိထားရမယ့်အချက်တွေလဲ ဂရုပြုရမယ်ထင်တယ်ဗျ။ မ ထင်ထားတဲ့နေရာကနေ ကွမ်း ဟာ အရေးကြီးပြဿနာဖြစ်လာနိုင်ပါတယ်။ မက်စ်တွေပါးစပ်အုပ်၊ လက်ဆွဲမနှုတ်ဆက် နဲ့ဆင်ခြင်ပြီး လူတစ်ယောက်,ယာပေးတဲ့ ကွမ်းကြတော့ ပါးစပ်ထဲထိုးထည့်ရတာဆိုတော့ သေသေချာချာ ဂရုစိုက်ရမယ်ထင်တယ်။ ဆ ရာကြီးပြောပုံအရဆိုရင် ပိုးဟာ ကွမ်းရွက်၊ထုံး၊ကွမ်းသီးပေါ်မှာလဲ ရပ်တည်နိုင်တယ်ဆိုတော့,,, ကွမ်းစီးပွားရေးကိုထိခိုက်လိုတာမဟုတ်ပါဘူး။ကျနော်ကိုယ်တိုင်လဲ ထရီဇာမသိအောင် တစ်ခါတစ်လေ ကွမ်းကို ခိုးစားတတ်တဲ့လူပါ။ ကွမ်းဟာ လူတန်းစားအလွှာစုံစားတာဆိုသော်လဲ ကွမ်းကြောင့်ထိခိုက်မယ့်လူဟာ အခြေခံလူတန်းစားများပါတယ်။ အဲဒီလူတန်းစားဟာ နိုင်ငံမှာ အများစုလို့ပြောရမှာပါ။ အစားအသောက်ဝယ်စုဖို့နေနေသာသာ သူတို့ဟာ တစ်ရက်စာတောင်အနိုင်နိုင်ပါ။ ပြီးရင်ကွမ်းဟာ တောင်းစား၊နှိုက်စား၊ယူစား နဲ့...

Messenger မှာ ဖြန့်ဝေနေတဲ့ ၃၃ ဦး Posituve ဆိုတဲ့ သတင်းလုံးဝမဟုတ်ကြောင်း ဦးဇော်ဌေးပြော

အစိုးရအနေနဲ့ လုပ်သင့်တာမှန်သမျှ၊ လုပ်ရမှာ မှန်သမျှ အကုန်လုပ်နေပါတယ်။  ၃၃ ဉီး သတင်း မဟုတ် ————————- ၁။ လတ်တလော Messenger တွေမှာ ဖြန့်ဝေနေတဲ့ ၃၃ ဉီး Positive သတင်း လုံးဝ မဟုတ်ပါ။ လက်ရှိ အခြေအနေအထိ ထုတ်ပြန်ထားတဲ့ ၂ ဉီးသာ ရှိပါတယ်။ ကျန်းမာ/အားကစား ဝန်ကြီးဌာနအနေနဲ့ အမှန်အတိုင်း ထုတ်ပြန်‌ပေးလျက် ရှိပါတယ်။  ၂။ မသေချာ၊ မရေရာတဲ့ သတင်းကို မဖြန့်ကြဖို့ မေတ္တာရပ်ခံပါတယ်။ Messenger  ကနေ Voice file ကို  Forward လုပ်ကြတာ ဖြစ်တဲ့အတွက် အသံပိုင်ရှင် အမျိုးသမီး ဘယ်သူလဲ ဆိုတာ လိုက်လို့ မရ ဖြစ်နေပါတယ်။ အစကို သိသူများ သတင်းပေးကြပါ။  ရန်ကုန်က ၁ ဉီး ကိစ္စ...